ရုံးပတီနဲ့ တွဲဖက်စိုက်ပျိုးနိုင်သော အဖော်ပင် ၅ မျိုး
အဖော်ပင်စိုက်ပျိုးခြင်းဆိုတာ သီးနှံတွေကို အချိန်နဲ့တပြေးညီ စမ်းသပ်စိုက်ပျိုးတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ထိခိုက်ပျက်စီးလွယ်တဲ့သီးနှံတွေကို သဘာဝနည်းဖြင့် အကာအကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဖျက်ပိုးမွှားများကို ဟန့်တားဖို့၊ အကျိုးပြုအင်းဆက်များကိုဆွဲဆောင်ဖို့နဲ့ သီးနှံပင်များကြီးထွားမှုကို လှုံ့ဆော်ဖို့အတွက် မတူညီတဲ့သီးနှံတွေကို တစ်ခုနဲ့တစ်ခု အနီးဝန်းကျင်မှာ တွဲဖက်စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ အဖော်ပင်စိုက်ပျိုးခြင်းနည်းစနစ်ကြောင့် ဓာတုပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေ အများအပြားအသုံးပြုရတာကိုလည်း လျှော့ချပေးနိုင်ပြီး မြေဆီလွှာရဲ့ ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
ယခုဆောင်းပါးမှာတော့ ရုံးပတီပင်နဲ့ တွဲဖက်စိုက်ပျိုးနိုင်မဲ့ အဖော်ပင်အချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ သခွား

သခွားပင်ဟာ ရုံးပတီသီးကဲ့သို့ပင် ရေနဲ့ အာဟာရကြွယ်ဝတဲ့ မြေဆီလွှာကို ကြိုက်နှစ်သက်တာကြောင့် ၎င်းတို့ကို အတူယှဉ်တွဲပြီး စိုက်ပျိုးနိုင်ပါတယ်။ သခွားနွယ်ပင်တွေဟာ ပြန့်ကျဲပေါက်ရောက်တာဖြစ်ပြီး ရင့်မှည့်ဖို့အတွက် နေရောင်ခြည်များစွာ လိုအပ်တာကြောင့် ၎င်းတို့ကို အလွန်နီးကပ်စွာ မစိုက်ပျိုးဖို့တော့ လိုအပ်ပါတယ်။ စိုက်ခင်းထဲမှာ တွဲဖက်စိုက်ပျိုးမယ်ဆိုရင် အနည်းဆုံး ၂ ပေကနေ ၃ ပေခြားပြီး စိုက်ပျိုးရမှာ ဖြစ်ပါတယ်။
သခွားပင်ဟာ ရုံးပတီသီးပင် အနီးတစ်ဝိုက်မှာရှိတဲ့ မြေဆီလွှာကို အကာအကွယ်ပေးနိုင်ပြီး အာဟာရလုယူစားသုံးတဲ့ ပေါင်းပင်များကို တားဆီးပေးကာ မြေဆီလွှာရေငွေ့ပျံမှုကိုလည်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။
ထို့ပြင် သခွားပင်တွေဟာ ရုံးပတီပင်ရဲ့ ဝတ်မှုန်ကူးစွမ်းအားကိုလည်း ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ရုံးပတီပင်တွေကို မလွှမ်းမိုးစေဖို့ သခွားပင်တွေကို ဖြတ်တောက်တာမျိုး (သို့မဟုတ်) စင်တင်ပေးတာမျိုး ပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။
၂။ မုန်လာဥ

မုန်လာဥဟာ ကြီးထွားမှုလျင်မြန်တဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်မျိုးဖြစ်ပြီး ရုံးပတီပင်ရဲ့ အောက်ခြေအနီးဝန်းကျင်မှာ စိုက်ပျိုးပါက ရုံးပတီသီးတွေ မခူးဆွတ်ခင်မှာပဲ မုန်လာဥတွေကို တူးယူရရှိနိုင်ပါတယ်။ ထို့ပြင် မုန်လာဥဟာ လှေးကျိုင်းတွေအတွက် ထောင်ချောက်သီးနှံအဖြစ်လည်း လုပ်ဆောင်ပေးနိုင်ပြီး ၎င်းတို့ရဲ့ အမြစ်တွေဟာ မာကျောတဲ့ မြေဆီလွှာကို ထိုးဖောက်ဖြိုခွင်းနိုင်တာကြောင့် ရုံးပတီပင်ရဲ့ အမြစ်တွေ ခပ်နက်နက်ဆင်းနိုင်ပြီး သန်မာပြန့်ပွားဖို့အတွက် လွယ်ကူစေနိုင်တာလည်း ဖြစ်ပါတယ်။
၃။ ပင်စိမ်း

အနံ့ပြင်းတဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေဟာ အဖျက်ပိုးမွှားများကို ဟန့်တားနိုင်တာကြောင့် သီးနှံပင်တွေကို တွဲဖက်စိုက်ပျိုးရာမှာ အဖော်ပင်အနေနဲ့ အသုံးပြုလေ့ရှိတာ ဖြစ်ပါတယ်။
အထူးသဖြင့် ပင်စိမ်းဟာ ယင်ဖြူ၊ လှေးကျိုင်း၊ ပျပိုးနဲ့ မွှားပင်ကူတွေကို သီးနှံပင်တွေဆီမလာအောင် ဟန့်တားနိုင်ပြီး ရုံးပတီပင်အနီးမှာ စိုက်ပျိုးပါက အရွက်တွေကို ပိုးမွှားတွေစားသောက် ဖျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
တစ်ဖန် ပင်စိမ်းရွက်တွေဟာ အရပ်ရှည်တဲ့ ရုံးပတီပင်တွေရဲ့ အရိပ်ကိုရရှိတာကြောင့် အပင်နေလောင်ခံရနိုင်ခြေလည်း နည်းပါးနိုင်ပါတယ်။ ပင်စိမ်းကဲ့သို့ပင် ပူဒီနာ၊ စမုန်ဖြူ၊ စမုန်စပါး၊ တောရှုံးပင်၊ ကလျာဏီ စတဲ့ ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးထားခြင်းဖြင့် အဖျက်ပိုးတွေ ဟန့်တားနိုင်ရုံသာမက အကျိုးပြုအင်းဆက်တွေ လာရောက်အောင်လည်း ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။
၄။ ပဲပင်များ

ရုံးပတီပင်တွေကို အကျိုးပြုဖို့အတွက် ပဲအမျိုးမျိုးကိုလည်း တွဲဖက်စိုက်ပျိုးနိုင်ပါတယ်။ ပဲပင်တွေဟာ မြေဆီလွှာထဲကို နိုက်ထရိုဂျင်ဓာတ် ပေါင်းထည့်ပေးနိုင်တာကြောင့် စိုက်ခင်းမြေဆီလွှာရဲ့ အာဟာရဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်ပြီး ရုံးပတီပင်တွေကို အချိန်ကြာလာတာနဲ့အမျှ ကြီးထွားသန်မာလာအောင် ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။
ရုံးပတီပင်ရဲ့ပင်စည်ဟာ ပဲပင်တွေ နွယ်တက်နိုင်ဖို့အတွက် သဘာဝစင်အနေနဲ့ ထောက်ပံ့ပေးနိုင်သလို မြေပေါ်မှာပေါက်တဲ့ ပဲပင်တွေဆိုရင်လည်း ပေါင်းပင်တွေကို ဟန့်တားပေးနိုင်ပြီး မြေဆီလွှာကို ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးကာ အစိုဓာတ်ထိန်းထားနိုင်တာ ဖြစ်ပါတယ်။
၅။ ငရုတ်

ငရုတ်ပင်ရဲ့ ရေနဲ့ နေရောင်ခြည်လိုအပ်ချက်ဟာ ရုံးပတီပင်နဲ့ တူညီနေတာကြောင့် ၎င်းတို့ကိုလည်း အတူတွဲဖက်စိုက်ပျိုးနိုင်ပါတယ်။ ဂေါ်ဖီထုပ်လိပ်ပြာ (cabbage worm) ဟာဆိုရင် ရုံးပတီပင်အပါအဝင် ပျိုးခင်းတွေမှာရော ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာပါ စားသောက်ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ရုံးပတီပင်အနီးမှာ ငရုတ်ပင်တွေ စိုက်ပျိုးထားခြင်းဖြင့် ဂေါ်ဖီထုပ်လိပ်ပြာအပါအဝင် မွှားပင့်ကူတွေကိုပါ ဟန့်တားနိုင်တာ ဖြစ်ပါတယ်။
အပြန်အလှန်အနေနဲ့ ရုံးပတီပင်ဟာ တနေ့တာရဲ့ အပူဆုံးအချိန်တွေမှာ ငရုတ်ပင်တွေအတွက် အရိပ်ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ရုံးပတီပင်ဟာ ငရုတ်ပင်အတွက် မြေဆီလွှာအရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပြီး သဘာဝအာဟာရဓာတ်များ ထောက်ပံ့ပေးကာ အစိုဓာတ်ထိန်းသိမ်းရန် ကူညီပေးနိုင်ပါတယ်။ ထို့ပြင် ရုံးပတီပင်ဟာ ငရုတ်ပင်မှာကျရောက်တတ်တဲ့ အဖျက်ပိုးမွှားတွေကို ဖယ်ထုတ်နိုင်ပြီး ထောင်ချောက်သီးနှံအဖြစ်နဲ့လည်း လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.bhg.com/
https://www.thespruce.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
တွဲဖက်စိုက်ပျိုးသင့်သော အပင်များ
bominthu
လွန်ခဲ့သော ၃ နှစ် ကပုံပါ သခွားမျိုးက ဘာမျိုးလဲ သိပရစေ
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....