သံလွင်သီးပင်အား ပြုစုခြင်း
သံလွင်ပင်သည် မြေထဲပင်လယ်ဒေသတွင်ပေါက်ရောက်ပြီး သက်တမ်းရှည်သော အပင်တစ်မျိုးဖြစ်ပါတယ်။ သံလွင်ပင်သည် ကြီးထွားမှုမြန်ပြီး မိမိနေအိမ်ခြံဝင်းမှာ အလွယ်တကူစိုက်ပျိုးနိုင်သော အပင်လည်းဖြစ်ပါတယ်။ သံလွင်ပင်ရဲ့ မူရင်းဒေသကတော့ ဥရောပဒေသမှ စပိန်နိုင်ငံဖြစ်ပါတယ်။ သံလွင်ပင်ဟာဆိုရင် အမြင့်ပေ ၁၅ မှ ၂၀ ပေ လောက်အထိရှင်သန်ကြီးထွားနိုင်ပါတယ်။ အယ်ကာလီဆန်ပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေအမျိုးအစားကို နှစ်သက်ပါတယ်။
သံလွင်ပင်၏ ယေဘူယျလက္ခဏာများ
- ပင်တည်း ဝတ်မှုံကူးခြင်း
- အမြစ်ထိုးဖောက်နိုင်စွမ်းအားကောင်းခြင်း
- မွေးကြိုင်သော ရနံ့ရှိခြင်းနှင့် အဖြူရောင် ပန်းပွင့်ခြင်း
- သေးသွယ်သော အရွက်များရှိခြင်း
- ရေငတ်ဒဏ်ခံနိုင်ခြင်း
- နိမ့်သော အပူချိန်ကိုခံနိုင်ရည်ရှိခြင်း
- စိုက်ပြီး ၂-၃ နှစ်အတွင်း အသီးသီးနိုင်ခြင်း
- အသီးများ အပြည့်အဝရင့်မှည့်သောအခါ အမည်းရောင်ဖြစ်လာခြင်း
အပူချိန်
သံလွင်ပင်ဟာ အပူချိန်နိမ့်တာကို ခံနိုင်ရည်ရှိပေမယ့် အလွန်အေးခဲတဲ့ရာသီဥတုမျိုးကိုတော့ ခံနိုင်ရည်မရှိပါဘူး။ အပူချိန် ၇ ဒီဂရီစင်တီဂရိတ်နဲ့ အထက်မှာ နာရီပေါင်း ၃၀၀ လောက်ရှိမယ်ဆိုရင်ပဲ သံလွင်သီး သီးနိုင်ပြီ ဖြစ်ပါတယ်။ သံလွင်ပင်ဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမျိုးကိုလည်း ခံနိုင်ရည်ရှိပြီး ကမ်းရိုးတန်းဒေသတွေမှာတောင်ရှင်သန်ကြီးထွားနိုင်တာ ဖြစ်ပါတယ်။
ရေလိုအပ်ချက်
အပင်စစိုက်တဲ့ အချိန်မှာတော့ အမြစ်ကျန်းမာသန်စွမ်းဖို့နဲ့ မြေထဲကိုကောင်းကောင်း ထိုးဖောက်နိုင်ဖို့အတွက် ရေပုံမှန်ပေးဖိုလိုအပ်ပါတယ်။ အပင်စိုက်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့ အချိန်မှာတော့ တစ်ပတ်လျှင် ၂ ကြိမ်လောင်းပေးနိုင်ပြီး နောက်ပိုင်းမှာတော့ ၁၀ ရက် ၁ ကြိမ်လောင်းပေးနိုင်ပါတယ်။ အပင်ကြီးထွားလာတာနဲ့အမျှ ရေငတ်ဒဏ်ခံနိုင်ရည်ရှိလာတာမို့ ၁၀ ရက် ၁ ကြိမ်လောင်းပေးခြင်းဟာ အပင်အတွက် သင့်တော်ပါတယ်။
အလင်းရောင်
တစ်နေ့ကို နေရောင်ခြည် အနည်ဆုံး ၆ - ၈ နာရီ ရရှိဖို့လိုအပ်ပါတယ်။
မြေအမျိုးအစား
သံလွင်ပင်ဟာ အယ်ကာလီဆန်ပြီး ရေစိမ့်ဝင်မှုအားကောင်းတဲ့မြေအမျိုးအစားကို ကြိုက်နှစ်သက်ပါတယ်။ သဲဆန်တဲ့မြေမျိုးကိုလည်း နှစ်သက်ပေမယ့် ရွှံ့စေးဆန်တဲ့ မြေမျိုးကိုတော့ ခံနိုင်ရည်မရှိတာ တွေ့ရပါတယ်။
မြေသြဇာကျွေးခြင်း
မြေသြဇာကတော့ တစ်နှစ်ကို ၂ ကြိမ်လောက်ကျွေးဖို့လိုအပ်ပါတယ်။ နိုက်ထရိုဂျင်ပါဝင်မှုများတဲ့ မြေသြဇာမျိုးကို ကျွေးပေးသင့်ပါတယ်။ ထို့အပြင် ၁၀ ပတ်လည် ကွန်ပေါင်းမြေသြဇာကိုလည်း ၁ လ ၁ ကြိမ်နှုန်းဖြင့် ကျွေးပေးသင့်ပါတယ်။ မြေသြဇာကျွေးတဲ့ အချိန်မှာ ပင်စည်နဲ့ မြေသြဇာကို မထိမိစေဖို့ အထူးဂရုပြုသင့်ပါတယ်။ အခန့်မသင့်ရင် အပင်လောင်တာမျိုးဖြစ်စေပီး အပင်ကိုပါ သေသွားစေနိုင်တာမို့ပါ။
ကိုင်းချိုင်ခြင်း
ကိုင်းချိုင်ဖို့ အသင့်တော်ဆုံး အချိန်ကတော့ နွေဦးရာသီဖြစ်ပါတယ်။ ဆောင်းရာသီလိုအချိန်မျိုးမှာ ကိုင်းချိုင်ခြင်းဟာ အပင်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နွေဦးရာသီမှာ ကိုင်းချိုင်ခြင်းအားဖြင့် အဖူးသစ်များထွက်ပေါ်လာမှာ ဖြစ်ပြီး အေးခဲတဲ့ အခြေအနေမျိုးကိုလည်း ကောင်းကောင်းခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။
အပင်မျိုးပွားခြင်း
သံလွင်ပင်ကို အစေ့မှ မျိုးပွားနိုင်သော်လည်း အပင်ကြီးထွားရှင်သန်ရန် အချိန်ကြာမြင့်စွာပေးရသည့်အတွက် စိုက်ပျိုးသူအများစုဟာ ကိုင်းဖြတ်ပြီးမျိုးပွားခြင်းကို နှစ်သက်ကြပါတယ်။ ယေဘူယျအားဖြင့် အပွင့်များကုန်ဆုံးလာပြီး အသီးစတင်ထွက်ပေါ်လာချိန်တွင် အပင်မျိုးပွားနိုင်သည်ဟု သတ်မှတ်လေ့ ရှိပါတယ်။
ခူးဆွတ်ခြင်း
အပင်စစိုက်ပြီး ၂ - ၃ နှစ်အကြာမှာ သံလွင်သီးစတင်ရရှိမှာ ဖြစ်ပါတယ်။ သံလွင်သီးလေးတွေဟာဆိုရင် အရွယ်အစားအားဖြင့် သေးငယ်ပြီး ရင့်မှည့်လာမယ်ဆိုရင် အမည်းရောင်ပြောင်းလာမှာ ဖြစ်ပါတယ်။ သံလွင်သီးတွေဟာ တစ်ပြိုင်နက်တည်း အားလုံးရင့်မှည့်လေ့မရှိပါဘူး။ အစောဆုံးအနေနဲ့ နိုဝင်ဘာလမှာ ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။ သံလွင်သီးခူးပြီးတဲ့နောက် မစားခင်မှာ အရသာကောင်းဖို့နဲ့ အခါးဓာတ်နည်းစေဖို့အတွက် ဆားရည်ခဏစိမ်ပေးရင် ပိုကောင်းပါတယ်။
ပိုးမွှားရောဂါနှင့် ပေါင်းပြဿနာ
အပင်ငယ်စဥ်မှာတော့ ပေါင်းပင်တွေနဲ့ယှဥ်ပြိုင်နိုင်ဖို့ခက်ခဲတာကြောင့် ပုံမှန်ပေါင်းရှင်းပေးဖို့လိုအပ်ပါတယ်။ ပေါင်းပင်တွေကို ကာကွယ်နိုင်ဖို့ မြေဖုံးပေးတာ၊ သဘာဝပေါင်းသတ်ဆေးဖျန်းပေးတာမျိုးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ သံလွင်ပင်မှာ သံလွင်သီး သီးထိုးယင်ကျရောက်လေ့ရှိပါတယ်။ သီးထိုးယင် အမတွေဟာ သူတို့ရဲ့ ဥတွေကို အသီးထဲမှာ ဥပြီး အသီးတွေကို ပျက်စီးစေတာဖြစ်ပါတယ်။ ထို့အပြင် ဒေါင်းမြီးကွက်လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးလည်း ကျရောက်လေ့ရှိပါတယ်။ အပင်ရဲ့ အပေါ်ပိုင်းမှာ ရှိတဲ့ အရွက်တွေမှာ ငွေရောင်နဲ့ အညိုရောင်အစက်အပြောက်တွေ ပေါ်လာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဝါရောင်ပြောင်းလာပြီး ဘေးပတ်လည်မှာ အမဲရောက် အစက်အပြောက်တွေ ပေါ်လာမှာဖြစ်ပါတယ်။ ယေဘူယျအားဖြင့် မိုးရေချိန်မြင့်မားတဲ့ ဒေသတွေမှာ ရောဂါဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါကျရောက်နေတယ်ဆိုရင် အသီးခူးဆွတ်ပြီးနောက်မှာ တစ်ကြိမ်၊ ဆောင်းရာသီ အလယ်လောက်မှာ တစ်ကြိမ် ဆေးဖျန်းပေးသင့်ပါတယ်။ နောက်ထပ် ကျရောက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ စာကိုစပိုးရားရွက်အစက်အပြောက်ရောဂါ ဖြစ်ပါတယ်။ အပင်ရဲ့အောက်ပိုင်းမှာရှိတဲ့ အရွက်တွေပေါ်မှာ မီးခိုးရောင်မှိုမျှင်တွေ တွေ့ရမှာ ဖြစ်ပါတယ်။ ပိုးမွှားနဲ့ ရောဂါတွေကျရောက်မှုနည်းစေဖို့အတွက် တစ်နှစ် ၂ ကြိမ်ခန့် ပိုးသတ်ဆေးဖျန်းတာမျိုးတွေ၊ တစ်နှစ် ၁ ကြိမ် ကိုင်းချိုင်တာမျိုးတွေပြုလုပ်ပေးခြင်းဖြင့် အထိုက်အလျောက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကိုးကားချက်
- https://www.trees.com/arbequina-olive-tree
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Linn Cho
လွန်ခဲ့သော ၄ နှစ် ကမျိုး ရရှိ ရေး ကူညီပါလား
Tun Tun
လွန်ခဲ့သော ၅ နှစ် ကမျိုးစေ့ဝယ်လို့လွယ်လား
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....