ပေါင်းသတ်ဆေးသုံးစွဲရာတွင် သတိပြုရမည့် အချက်များ
ပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးအမျိုးအစား၊ ဆေးနှုန်းထား၊ ဆေးပက်ဖျန်းပုံနှင့် ပက်ဖျန်းသည့်အခြေအနေ မှန်ကန်ရမည်။ သီးနှံအလိုက် အသုံးပြုရမည့် ပေါင်းသတ်ဆေးမှာ အမျိုးအစားမတူညီပါ။ ထို့ကြောင့် သီးနှံအလိုက် ထောက်ခံညွှန်ကြားထားသော ဆေးအမျိုးအစားကိုသာ ရွေးချယ်အသုံးပြုရမည်။ အသုံးပြုရာတွင် သတ်မှတ်ဆေးနှုန်းထားထက် မြင့်လွန်းပါက ပေါင်းပင်များသာမက သီးနှံပင်များပါ သေနိုင်ပါသည်။ ထို့အတူ ဆေးနှုန်းထားနည်းလွန်းပါက ပေါင်းပင်များကို ကောင်းစွာမနှိမ်နင်းနိုင်ပါ။ ဆေးနှုန်းထား မှန်ကန်ပြီး ဆေးဖျန်းချိန် မမှန်ပါကလည်း ထိရောက်မှုမရှိပါ။ ဆေးနှုန်းထားအမှန်ကို ပတ်ဝန်းကျင်အခြေအနေအမှန်မှာ ဖျန်းသော်လည်း ပေါင်းပင်နှင့် သီးနှံပင်သက်တမ်း သင့်တော်မှသာ ထိရောက်မှုရှိသည်။
ထို့ကြောင့် (၁)ဆေးအမျိုးအစား၊ (၂) ဆေးနှုန်းထား၊ (၃) ပတ်ဝန်းကျင် အခြေအနေ၊ (၄) ပေါင်းပင်နှင့် သီးနှံပင်တို့ အရွယ်အစား မှန်ကန်ကိုက်ညီမှသာ ဓာတုဆေးဖြင့် ပေါင်းနှိမ်နင်းရာတွင် ထိရောက်အောင်မြင်မည် ဖြစ်ပါသည်။

ပေါင်းသတ်ဆေး၏ ဆိုးကျိုးများ
ပေါင်းသတ်ဆေးသည် ဓာတုပစ္စည်းဖြစ်သဖြင့် မှန်ကန်စွာ မသုံးစွဲနိုင်ပါက လူ၊ တိရစ္ဆာန်၊ အပင်နှင့် မြေဆီလွှာတို့ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် အခြားအပင်ဓာတုဆေးများ သုံးစွဲရာတွင် လိုက်နာရမည့် အချက်များအတိုင်း ဆောင်ရွက်ရန် အရေးကြီးပါသည်။ ဆေးပက်ဖျန်းသူအနေဖြ င့် ထိခိုက်အန္တရာယ် နည်းနိုင်သမျှနည်းစေရန် ကာကွယ်သင့်သည်။ ပေါင်းသတ်ဆေးပက်ဖျန်းထားသော ဧရိယာအတွင်း ကျွဲ၊ နွား၊ တိရစ္ဆာန်များ လွှတ်ကျောင်းခြင်းကို မပြုလုပ်ရပါ။ ပေါင်းသတ်ဆေး၏ ပျံ့လွင့်မှုကြောင့်နှိမ်နင်းလိုသည့် အပင်မှလွဲ၍ အခြားသီးနှံပင်များပေါ် ထိခိုက်မှုမရှိစေရပါ။ မြေတစ်ကွက်တွင် ပေါင်းသတ်ဆေး တစ်မျိုးတည်း အစဥ်အမြဲသုံးစွဲပါက ယင်းပေါင်းသတ်ဆေး မနှိမ်နင်းနိုင်သည့် ပေါင်းမျိုးစိတ်များ ပိုမိုဆိုးရွားလာမည် ဖြစ်ပါသည်။
ထို့ကြောင့်မတူညီသော ပေါင်းသတ်ဆေးကို အလှည့်ကျ ပြောင်းလဲသုံးသင့်ပါသည်။ အချို့ပေါင်းသတ်ဆေးများသည် ဓာတ်ကြွင်းအာနိသင်ရှိသဖြင့် ယင်းပေါင်းသတ်ဆေးများကို မြေတစ်ကွက်တွင် ရေရှည်မသုံးစွဲသင့်ပါ။ ထိုပေါင်းသတ်ဆေးများသည် မြေဆီလွှာ၏ ဓာတုဂုဏ်သတ္တိများကို ပြောင်းလဲကစပြီး မြေဆီလွှာများ ပျက်စီးစေနိုင်ပါသည်။ ထို့အပြင် မြေကြီးအတွင်းပိုင်းသို့ ရွာသွန်းမိုးရေနှင့် သွင်းရေများမှတစ်ဆင့် စိမ့်ဆင်းသွားပြီး မြေအောက်ရေညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါသည်။ ပေါင်းသတ်ဆေး၏ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကြား ပေါင်းသတ်ဆေးဖြ င့် ပေါင်းနှိမ်နင်းခြင်း တစ်မျိုးတည်းကိုသာ အားမကိုးဘဲ ဆေးသုံးစွဲမှုအနည်းဆုံးနှင့် အခြားသော ဘက်စုံပေါင်းကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများကို တွဲဖက်ဆောင်ရွက်သင့်ပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဘိုဘို
လွန်ခဲ့သော ၃ နှစ် ကဟု
Ko Ko
လွန်ခဲ့သော ၃ နှစ် ကဟု
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....