မာယာများတဲ့ နတ်သမီးထောင်ချောက် အပင်
အင်္ဂလိပ်အမည် - Venus Fly Trap
သိပ္ပံအမည် - Dionaea muscipula
နတ်သမီးထောင်ချောက် အပင်ကိုတော့ တော်တော်များများမြင်ဖူးကြမှာပါ။ အမေရိက နဲ့ အမေဇုန်သစ်တောထဲမှာ အများဆုံးတွေ့ရတာဖြစ်ပြီး ယင်ကောင်ဖမ်းပင် (သို့မဟုတ်) နတ်သမီးထောင်ချောက်ပင်လို့လည်း ခေါ်ကြပါတယ်။ ဒီအပင်တွေကို အမေရိကန်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း စွတ်စိုတဲ့ ဒေသတွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ ယနေ့အခါမှာတော့ နေရာဒေသ အသီးသီးမှာ အလှစိုက်ပင်အနေနဲ့ အိမ်တွေမှာပါ စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။
နတ်သမီးထောင်ချောက် အပင်တွေဟာ စိုထိုင်းဆများပြီး အက်စစ်ဓာတ်များတဲ့ မြေအမျိုးအစားကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့်သူတို့ကို စိုစွတ်ပြီး အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ တောတွေထဲမှာ အများဆုံးတွေ့ရတာ ဖြစ်ပါတယ်။ စိုထိုင်းဆများတာကို ကြိုက်နှစ်သက်သလို ပန်းပွင့်နိုင်ဖို့အတွက်လည်း နေရောင်ခြည် ကောင်းကောင်းရရှိဖို့လည်း လိုအပ်ပါတယ်။
နတ်သမီးထောင်ချောက်အပင်ဟာ ၎င်းရှင်သန်ကြီးထွားရာ နေရာကနေ ဘေးပတ်လည် အချင်းအားဖြင့် ၅ လက်မ ဝန်းကျင်အထိ ဖြန့်ကျက်ပေါက်ရောက်နိုင်ပါတယ်။ အပင်တစ်ပင်မှာ ယေဘူယျအားဖြင့် ပင်စည် ၆ ခုအထိ ရှိပြီး ပင်စည်ရဲ့ ထိပ်ပိုင်းမှာ အရွက်တွေပါရှိပါတယ်။ အရွက်ရဲ့ အနားသတ်တွေမှာ သွားပုံစံ အချောင်းများပါရှိပါတယ်။ သားကောင်လာလို့ အရွက်တွေပိတ်လိုက်တဲ့အခါ သွားပုံစံအချောင်းတွေ ရှိနေတဲ့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်သွားတာ ဖြစ်ပါတယ်။

၎င်းအပင်တွေမှာ ပါရှိတဲ့ ပါးစပ်ပုံသဏ္ဍာန်အရွက် ၂ ခုဟာ သားကောင်ကိုအာရုံခံနိုင်ပါတယ်။ ထို့အပြင် သွားပုံသဏ္ဍာန်အစိတ်အပိုင်းများပါရှိပြီး ၎င်းတို့ဟာသားကောင်ကို ပြန်မထွက်နိုင်အောင် တားဆီးပေးပါတယ်။ အပင်ရဲ့ အစာချေခြင်း လုပ်ငန်းဟာ အများအားဖြင့် ၁၀ရက် ခန့်ကြာပါတယ်။ သူ့အမြစ်တွေဟာ မြေကြီးမှအာဟာရကို လုံလောက်အောင် မစုပ်ယူနိုင်တာကြောင့် သူအသက်ရှင် ရပ်တည်ရေးအတွက် အင်းဆက်များကို စားသောက်ရခြင်းဖြစ်ပါတယ်။ အပင်ရဲ့ ပုံသဏ္ဍာန်ဟာ လှပသလို အနံ့ကလည်း ဆွဲဆောင်မှုရှိတာကြောင့် အဆင်းအနံ့တွေနဲ့ ယင်ကောင်အပါအဝင် အင်းဆက်တွေကို ဆွဲဆောင်ပြီး လာနားတဲ့အခါမှာတော့ ဟထားတဲ့ အရွက်နှစ်ရွက်နဲ့ ဖမ်းအုပ်ပြီး စားသောက်ပစ်လိုက်တာ ဖြစ်ပါတယ်။

အိမ်မှာ အလှစိုက်အပင်အနေနဲ့ စိုက်မယ်ဆိုရင်တော့ ရေလောင်ပေးဖို့ လိုအပ်ပါတယ်။ ရေလောင်းရာမှာ သတိထားရမယ့်အချက်ရှိပါတယ်။ တွင်းရေလောင်းခြင်းကို အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ တွင်းရေထဲမှာ သတ္တုဓာတ်နဲ့ ဓာတုဓာတ်အချို့ ပါဝင်တဲ့ အတွက် အပင်ကို ထိခိုက်နိုင်လို့ ဖြစ်ပါတယ်။ ထို့ကြောင့် မိုးရေ (သို့မဟုတ်) သန့်စင်တဲ့ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ အိမ်မှာစိုက်မယ်ဆိုရင် အပင်စိုက်ပျိုးမယ့် ပတ်ဝန်းကျင်ဟာလည်း အထက်မှာ ဖော်ပြခဲ့သလို စိုထိုင်းဆ များတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်ရပါမယ်။ စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းရှိရမှာ ဖြစ်ပြီး နေ့အပူချိန်ဟာလည်း ၂၁ ဒီဂရီ စင်တီဂရိတ် နဲ့ ၂၃ ဒီဂရီ စင်တီဂရိတ်ရှိရမှာ ဖြစ်ပါတယ်။ နတ်သမီးထောင်ချောက် အပင်ဟာ နေ့ရော ညပါ အေးတဲ့အခြေအနေကို ကြိုက်နှစ်သက်ခြင်းမရှိတဲ့ အပင်ဖြစ်ပါတယ်။
နတ်သမီးထောင်ချောက်အပင်တွေကို ဘာမြေသြဇာမှ ကျွေးစရာမလိုပါဘူး။ စိုစွတ်တဲ့ ပတ်ဝန်းကျင်တစ်ခုရှိနေမယ်ဆိုရင် မြေဆီသြဇာနည်းတဲ့ မြေတွေမှာတောင် ရှင်သန်ကြီးထွားနိုင်ကြပါတယ်။ ဒီအပင်ဟာ သူရှင်သန်ကြီးထွားနိုင်ဖို့ အာဟာရအနေနဲ့ မြေသြဇာအစား အင်းဆက်တွေသာ လိုအပ်တာဖြစ်ပါတယ်။

အပင်ဟာ အင်းဆက်တွေကို ဖမ်းယူစားသောက်ပေမယ့် သူကိုထိခိုက်စေတဲ့ အင်းဆက်ပိုးတွေလည်း ရှိပါတယ်။ ပျ၊ ကြမ်းပိုး၊ ခရု၊ ပက်ကျိ စတဲ့ အကောင်တွေဟာလည်း တစ်ခါတစ်ရံ အပင်ကို ပျက်စီးစေတတ်ပါတယ်။ နွေဦးနဲ့ ဆောင်းဦးလို အချိန်အခါမျိုးတွေမှာ ဆိုရင်တော့ မှိုရောဂါတစ်ချို့ကျရောက် တတ်တာလည်း ရှိတာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။
နတ်သမီးထောင်ချောက်အပင်တွေဟာလည်း အခြားအပင်တွေလိုပဲ မျိုးပွားကြပါတယ်။ သူတို့ဟာပန်းပွင့်ပြီး ရက်သတ္တပတ် ၄ ပတ်ကနေ ၆ ပတ် အကြာမှာ အစေ့များရင့်မှည့်လာပြီး အမည်းရောင်ပြောင်းကာ သစ်တော်သီး ပုံစံဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ အစေ့များမှ တစ်ဆင့် အပင်အသစ်များ ပွားများပေါက်ရောက်လာမှာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ အပင်သစ်တစ်ပင်လိုချင်တယ် ဒါမှမဟုတ် စိုက်ပျိုးချင်တယ်ဆိုရင်တော့ မျိုးစေ့ကနေရလာမယ့် အပင်ထက် အနီးအနားမှာ ရှိနေတဲ့ ပျိုးခြံ (သို့မဟုတ်) အွန်လိုင်းကနေပဲ မှာယူဖို့ အကြံပေးပါရစေ။ နတ်သမီးထောင်ချောက်လို အသားစားပင်တွေကို မျိုးစေ့ကနေ အပင်သစ်ရရှိဖို့ လုပ်ဆောင်ရတာဟာ ငြီးငွေ့ဖွယ်ကောင်းအောင် စောင့်ရမှာဖြစ်သလို အနီးကပ်ပြုစု စောင့်ရှောက်မှုလည်းလိုအပ်ပြီး အပင်ရရှိမှုဟာလည်း ရာခိုင်နှုန်းအတော်လေး နည်းလို့ဖြစ်ပါတယ်။

ဒါပေမယ့် နတ်သမီးထောင်ချောက် အပင်တွေဟာ လိင်မဲ့ နည်းနဲ့လည်း မျိုးပွားနိုင်ကြပါသေးတယ်။ အပင်ရဲ့ အမြစ်တွေဟာ မြေအောက်မှာ ဖြန့်ကျက်ကြီးထွားနိုင်ပြီး မြေအောက်ပင်စည် (ဥ) မှ တစ်ဆင့် အပင်အသစ်တစ်ပင် ထပ်မံထွက်လာနိုင်တာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် စိုက်ပျိုးတဲ့ သူတွေအနေနဲ့ ထွက်လာတဲ့ အပင်အသစ်နဲ့ မြေအောက်ပင်စည် (ဥ) ကို မူလ မိခင်အပင်မှ ဖြတ်ယူပြီး စိုက်ပျိုးပွားများနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအိမ်မှာ အလှစိုက်မယ်ဆိုရင်တော့ တမူထူးခြားတဲ့ နတ်သမီး ထောင်ချောက်လို အပင်လေးတွေလည်း တစ်နိုင်တစ်ပိုင် စိုက်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။
ဇင်ထူးနိုင်
ကိုးကားချက်
https://www.thutazone.net/2019/03/22/
https://www.livescience.com/58021-venus-flytrap-facts.html
gardeningchannel.com
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....