တင်းဝါး
တင်းဝါးကို ပေါင်းသင်းဝါး၊ ကြတ်ဝါး ဟုလဲခေါ်ကြသည်။ ကောက်ညှင်းကျဉ်တောက်ဝါး ၊ခဲတံကျဉ်တောက်ဝါး ဟုလည်းခေါ်ကြသည်။
တင်းဝါးကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်။ အထူးသဖြင့် တောင်နိမ့်များရှိ မြစ်ချောင်းများအနီး ရောနှောရွက်ပြတ်သစ်တောများတွင် အလွန်ပေါသည်။ အလွန်အဖိုးတန်သော ကျွန်းပင်များနှင့်အတူ ပေါက်လေ့ရှိသည်။
တင်းဝါးသည် အထက်ရောနှောရွက်ပြတ်တောစိုတွင် ကြသောင်းဝါးနှင့် ရောနှော၍ သန်စွမ်းစွာပေါက်ပြီး မခြောက်တစ်ခြောက်နှင့် အခြောက်ဆုံးသော အထက်ရောနှောရွက်ပြတ်တောခြောက်တွင် မျှင်ဝါးနှင့်ရောလျက် ကျုံလှီစွာ ပေါက်သည်။ တင်းဝါးသည် ရေဆင်းကောင်းသော မြေနုသစ်ပေါ်တွင် အသန်ဆုံးဖြစ်သည်။ နှစ်အတော်ကြာ မီးကာကွယ်ထားသော တောများတွင် ကောင်းမွန်စွာပေါက်သည်။ နာဂတောင်းတန်းတွင် အလေ့ကျပေါက်သည်။
ဝါးရုံသည် မပြည့်ကြပ်။ ပင်စည်သည် မတ်၍ဖြောင့်သည်။ တင်းဝါး၏ထူးခြားချက်မှာ အောက်ပိုင်းတွင် ဆစ်ကြားသည် ၆လက်မခန့်ရှည်သော်လည်း အပေါ်ပိုင်းတွင် ၁၂-၁၈ လက်မရှည်သည်။ ကိုင်းဖျား၌ ဆူးရှိသည်။
အရုံလိုက်ပေါက်၍ ပေ ၄၀-၆၀ အထိ မြင့်သည်။ ပင်စည်သည် ဝါကြန့်သောအရောင်ဖြစ်၍ အပင်ငယ်စဉ်တွင် အဖြူရောင် အမှုန့်ကလေးများပါရှိသည်။ ဆစ်ကြား ၁၀-၃၀ လက်မ နှင့် အချင်း ၂ လက်မ မှ ၃ လက်မအထိ ရှိသည် မကြာ ခဏ ကွက်ကြားသုဉ်း၍ တစ်ခါတစ်ရံ ဝါးတောကြီးတစ်တောလုံး သုဉ်းတတ်သည်။
တင်းဝါးမျှစ်ကို တောင်ပေါ်ဒေသများ၌ ပေါင်းသင်းမျှစ်ဟု ခေါ်ကြသည်။ တင်းဝါးမျှစ်ကို ချက်စားရာတွင် လေးလေးပင် ပင်မချိုပဲ အချိုပေါ့သည်။ တင်းဝါးမျှစ်ကို မျှစ်ချဉ် (သို့) မျှစ်ခြောက် ပြုလုပ်နိုင်လောက်အောင် များများစားစားမရနိုင်ပါ။ ဝါးရုံတစ်ရုံတွင် ၂ချောင်းမှ ၃ချောင်းအထိသာပေါက်
တတ်ပြီး တင်းဝါးရုံများမှာလဲ အနေကျဲသောကြောင့် ဝါးတောတစ်တောလုံးမှ မျှစ်လေးငါးဆယ်ချောင်းချိုးယူရရှိနိုင်ရန် ခက်ခဲလှပေသည်။
အကယ်၍ တင်းဝါးမျှစ်ကို ခဲခဲယဉ်းယဉ်း ချိုးယူရရှိခဲ့လျှင်လဲ သနဝါးမျှစ်ကဲ့သို့ အခေါင်းပွအသားပါးသောကြောင့် ကြာ ရှည်စားသုံးရန် သိုမှီးထားဖို့မလွယ်ပါ။ လက်တလော ချက်ပြုတ်စားသောက်ရန်သာဖြစ်နိုင်သည်။ မျှစ်ဘဝမှ ဝါးနုဘဝသို့ ရောက်လာလျှင် ကောက်ညှင်းကျဉ်တောက်ဝါး၊ ခဲတံကျဉ်တောက်ဝါး အဆင့်သို့ရောက်လာသည်။
တင်းဝါးသည် ဝါးကပ်ထောင်လုပ်ငန်းများနှင့် ဝါးလက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်ဝါးဖြစ်ပါသည်။ အများအားဖြင့် တင်းဝါးကို ယွန်းထည်များ၊ နှီး၊ ဝါးဖျာ၊ ခြင်းတောင်း၊ ဝါးကပ်ယက်လုပ်ရာတွင် အဓိက အသုံးပြုကြသည်။ အလွန်စားကောင်းလှသော ပေါင်းသင်း/ ခဲတံကျဉ်တောက်အတွက် မရှိမဖြစ်ဝါးဖြစ်သည်။ မြေအသင့်အတင့်ကောင်း၍ ရေ လောင်းပေးနိုင်လျှင် စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။
(20.3.2019)
ကိုစောသီဟမောင်
အစိမ်းရောင်ကမ္ဘာမဟာမိတ်အဖွဲ့ ( Green World Alliance )
ကိုးကား။ naypyidaw bamboo forum
ဒေါက်တာစန်းဝင်း (သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်)
ဝါး (သီရိပျံချီ ဦးချိန်ဟို)
မျှစ် (ကမ္ဘောဇ မြင့်လွင်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026