လင်းနို့တွေက ကောင်းသလား မောင်တို့ ..
တစ်ကမ္ဘာလုံးမှာဆိုရင် မျိုးစိတ်ပေါင်း ၁၃၀၀ ကျော်ရှိတဲ့ လင်းနို့တွေက စိုက်ပျိုးရေးလုပ်ငန်းမှာ ဘယ်လိုတွေ ပါဝင်နေလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။
ငယ်ငယ်တုန်းကတော့ လင်းနို့တွေမြင်ရင် သွေးစုပ်ဖုတ်ကောင်တွေလို့ မြင်ခဲ့တာပဲ။ အခြားအမြင်တွေမှာဆိုရင်လည်း လင်းနို့တွေကကြောက်စရာကောင်းတဲ့ အသွင်အပြင်မျိုးတွေနဲ့ပဲ မြင်ခဲ့ကြတာပါပဲ။ တကယ်တမ်းဟုတ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။
လင်းနို့ ကောင်ရေတွေထဲက (၁) ရာခိုင်နှုန်းအောက်ပဲရှိတဲ့ လင်းနို့တွေကသာ ခွေးရူးပြန်ရောဂါကို သယ်ဆောင်နိုင်ပါတယ်။ အဲ့ထက်နည်းတဲ့ ကောင်ရေတွေကပဲ လူနားကို ကပ်ရဲပါတယ်။ အန္တရာယ်မရှိတဲ့ အကောင်လေးတွေဖြစ်ပါတယ်။
ပြီးတော့ သူတို့စားတဲ့ အစားအစာတွေကလည်း ဝတ်မှုန် ဝတ်ဆံတွေနဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။
တစ်နာရီကို အင်းဆက်ကောင်ရေ (၆၀၀) လောက်စားနိုင်ကြပြီးတော့ ခြင်တို့လိုမျိုး အင်းဆက်တွေကိုလည်း စားပေးပါတယ်။
ညထွက်တဲ့ကောင်တွေဖြစ်တဲ့ လင်းနို့တွေဟာဆိုရင် ညဖက်မှာတင် အင်းဆက်ပိုးကောင်ရေကို တန်နဲ့ချီပြီးတော့တောင် စားနိုင်ကြတဲ့ အကောင်တွေပါ။ ဝတ်မှုန်တွေလည်း စားပြီးတော့ မျိုးစေ့တွေကို ပျံ့နှံ့စေနိုင်ပါသေးတယ်။
ညဖက် ထွက်တဲ့ ဒီ လင်းနို့တွေက ညဖက်မှာထွက်တဲ့ ခြင်၊ ကျိုင်းကောင်၊ ပိုးဟပ်၊ Chinch Bug (ချင့်ချ်ဘက်) တွေနဲ့ အခြားကောင်ရေ တော်တော်များများကို စားနိုင်ပါတယ်။
သူတို့စားတဲ့ အကောင်တွေထဲမှာ တစ်ချို့က သစ်တောကို နှောက်ယှက်ဖျက်ဆီးကြတဲ့ ကောင်တွေပါတယ်။ စိုက်ခင်းကို ဖျက်ဆီးနိုင်တဲ့ အကောင်တွေလည်းပါတယ်။ လူတွေဆီကို ရောဂါတွေ ပျံ့နှံ့စေနိုင်တဲ့ အင်းဆက်ပိုးမွှားတွေလည်း ပါဝင်ပါတယ်။
လင်းနို့တွေရှိခြင်းအားဖြင့် အင်းဆက်ပိုးမွှားနှိမ်နင်းရေးမှာ တစ်နှစ်ကို ဘီလီယံ နဲ့ချီပြီး ကုန်ကျစရိတ် သက်သာစေနိုင်ပါတယ်။

လင်းနို့တွေက အင်းဆက်ပိုးမွှားနှိမ်နင်းရေးမှာတင်ပဲ ကူညီတာလားဆိုတော့ မဟုတ်ပြန်သေးဘူး။
ဝတ်မှုန်ကူးတဲ့နေရာမှာလည်း ဝင်ရောက် ကူညီပါသေးတယ်။
သိကြတဲ့အတိုင်း သူတို့က ညထွက်တဲ့ အကောင်တွေဖြစ်တာကြောင့်မို့
- ညဖက်မှာပွင့်နေတဲ့ ပန်းဖြစ်ရင်
- ၁ လက်မကနေ ၃ လက်မခွဲလောက်အထိ အရွယ်အစားရှိရင်
- အဖြူရောင် (သို့) အဖြူဖျော့ အရောင်ရှိကြရင်
- အနံ အားကောင်းတဲ့ အပွင့် ဒါမှမဟုတ် အသီးနံ့ ရတဲ့ အပွင့်ဖြစ်ရင်
- အပွင့်လေးတွေက ချိုတဲ့ ဝတ်မှုန်ရည်ကို ထုတ်ပေးနိုင်ရင် လင်းနို့လေးတွေ အကြိုက်တွေ့တဲ့ ပန်းကလေးတွေ ဖြစ်လာမှာပါ။
ဒီပန်းလေးတွေမှာ လာကပ်တဲ့ အင်းဆက်ပိုးမွှားတွေကို လင်းနို့တွေက လာစားကြတယ်။ ပြီးတော့ လင်းနို့တွေကိုယ်တိုင်ကလည်း ပန်းပွင့်ရဲ့ ဝတ်မှုန်နဲ့အခြား အစိတ်အပိုင်းလေးတွေကို စားတာမျိုးရှိတယ်ဆိုတော့ အဲ့ကနေတစ်ဆင့် ဝတ်မှုန်တွေက ပျံ့နှံ့ပြီး ဝတ်မှုန်ကူးစေနိုင်ပါတယ်။
လင်းနို့တွေကို မှီခိုတယ်လို့ ပြောလို့ရတဲ့ လင်းနို့အားဖြင့်ဝတ်မှုန်ကူးနိုင်တဲ့ အပင်မျိုးစိတ်ပေါင်းက ၃၀၀ ကျော်လောက်ရှိပါတယ်။ ဘာတွေပါလဲဆိုတော့ ကိုယ်တွေလည်းကြိုက်တဲ့ နာမည်ကြီးသရက်ပင် (မျိုးစိတ်တွေ)၊ ငှက်ပျောမျိုးစိတ်တွေနဲ့ မာလကာပင်မျိုးစိတ်တော်တော်များများ ပါဝင်ပါတယ်နော်။ တစ်ချို့ကလည်း အရမ်းကြိုက်သလို တစ်ချို့လည်း အရမ်းမုန်းတဲ့ ဒူးရင်းသီးလည်း ပါပါသေးတယ်။
ကဲ့ ဒါဆိုရင် လင်းနို့တွေကလည်း စိုက်ရေးပျိုးရေးမှာ ဘယ်လိုကူညီနိုင်တယ်ဆိုတာကို နားလည်လောက်ပြီထင်ပါတယ်။ အရာရာတိုင်းမှာတော့ ကောင်းကျိုး ဆိုးကျိုးရှိတာမို့ တန်ဆေးလွန်ဘေးလည်းဖြစ်သလို မရှိရင်လည်းမဖြစ်တဲ့အရာတွေမို့ သတိနဲ့ ချင့်ချိန်နိုင်တဲ့ တောင်သူကြီးများဖြစ်ကြပြီး တိုးတက်အောင်မြင်ကြပါစေခင်ဗျာ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အကျိုးပြုအင်းဆက်များ
U Mg Mg Htwe
လွန်ခဲ့သော ၂ နှစ် ကလင်းနို့တွေကညအခါဒူးရင်းပင်ကဝတ်ရည်စုပ်ရင်းနဲ့ဝတ်မှုံလဲကူးပေးကြတယ်
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026