နွေရာသီမှာ ပေါပေါများများတွေ့နိုင်တဲ့ အကျိုးပြုပိုး ဂီတာကျိုင်းအကြောင်း
တောင်သူတွေကို အကျိုးပြုတဲ့ အင်းဆက်တွေဆိုတာ သီးနှံတွေကို ဖျက်စီးတဲ့ ပိုးတွေကို စားသောက်ဖျက်စီးတဲ့ပုံစံနဲ့ ကပ်ပါးပြုပြီး ဖျက်စီးတဲ့ပုံစံမျိုး ပြလုပ်ကြတဲ့ အင်းဆက်တွေကို ဆိုလိုတာဖြစ်ပါတယ်။
ဒီနေ့ပြောပြပေးမှာကတော့ Ground Beetle - ဂီတာကျိုင်းအကြောင်းပါ။

ပုံစံကမဲမဲလေးနဲ့ အပေါ်ကနေ ကြည့်လိုက်ရင် အစင်းလေးတွကလည်းပါသေးပါတယ်။ ဂီတာကြိုးလေးတွေလို အစင်းလေးတွေနဲ့ ဂီတာပုံစံလေးဖြစ်နေတဲ့ အင်းဆက် ကျိုင်းကောင်လေးမို့လို့ ဂီတာကျိုင်းလို့ မြန်မာမှုပြုလိုက်တဲ့ အကျိုးပြုအင်းဆက်ပိုးမွှားလေးပဲ ဖြစ်ပါတယ်။
အများဆုံးတွေ့ရတဲ့ ဂီတာကျိုင်းလေးတွအများစုကတော့ သေးသေးလေးတွေ ဖြစ်ကြပြီးတော့ တစ်လက်မရဲ့ ၈ ပုံ တစ်ပုံကနေ လက်မ ဝက်လောက်အထိပဲရှိပါတယ်။ ရှားရှားပါးပါးအရမ်းထွားတဲ့ ကောင်လေးတွေဆိုရင်တော့ တစ်လက်မလောက်အထိရှိနိုင်ပါတယ်။
သေးသေးပြားပြားလေးတွေဖြစ်ပေမဲ့လို့ သန်မာတဲ့ အမဲလိုက် မေးရိုးတွေရှိကြပါတယ်။
အများအားဖြင့်တော့ အရောင်အနေနဲ့ဆိုရင် အနက်ရောင်၊ အညိုရောင်တွေဖြစ်ကြပါတယ်။ အလင်းရောင်နဲ့ ရောင်ပြန်ပြီး အရောင်အမျိုးမျိုးထွက်တာလေးမျိုးလည်း ရှိတတ်ကြပါတယ်။
တစ်ချို့ကျတော့ အရောင်တောက်တောက်လေးတွေ ရှိတတ်ကြပါတယ်။ စိမ်းပြာလို၊ အစိမ်းလိုနဲ့ အနီရောင်လိုတွေပါ။
ခေါင်းပိုင်းက လည်ပင်းပိုင်းထက် သေးကျဉ်းသွားပြီးတော့ အတော်အသင့်ရှည်ပါတယ်။ ချည်မျှင်လေးလို ဦးမှင်တံလေးတွေလည်း ပါပါသေးတယ်။
ရှည်ပြီးတော့ ဆလင်ဒါလို လက်ချောင်းတွေ ရှိပါတယ်။

သူတို့ ဘယ်လိုနေထိုင်ကျက်စားကြသလဲ?
နေ့မှာဆိုရင် ပုန်းနေတတ်ပါတယ်။ အရွက်အောက်ဖက် မြေကြီးမှာ၊ ကျောက်တုံးကျောက်ခဲ၊ မြေစိုင်ခဲလေးတွေကြားမှာ၊ မြက်ကြားတွေထဲမှာ ပုန်းနေတတ်ပြီး ညမှပဲ ထွက်လာတ်ကြတာပါ။
သူတို့ကို မတွေ့စေချင်ရင်လည်း မြန်မြန်ဆန်ဆန်လေး လှုပ်ရှားလိုက်တာပါပဲ။ ပျံတယ်ဆိုတာ ရှားပါတယ်။
သူတို့က အင်းဆက်တော်တော်များများကို စားပါတယ်။ ကျောရိုးမရှိတဲ့ အကောင်ငယ်လေးတွေကိုလည်း စားသုံးပါတယ်။
သူတို့လည်း ဆောင်းခိုတတ်တာမို့ နွေရာသီမှာ ပေါပေါများများတွေ့နိုင်ပါတယ်။
လူတွေကို အန္တရာယ်မဖြစ်စေပါဘူး။ ကိုင်မိလို့ သူတို့ ပြန်ညှပ်တာတော့ ရှိနိုင်ပါတယ်။
အိမ်ထဲမှာတွေ့ရင်တော့ အပြင်ထုတ်ပေးလိုက်ပါ။ အိမ်ထဲမှာဆိုရင် သူတို့ မျိုးပွားလာဖို့ မရှိနိုင်လို့ပဲဖြစ်ပါတယ်။
သူတို့က ဖျက်ပိုးတွေကို ဘယ်လိုတိုက်ခိုက်သလဲ?
အပေါ်မှာပြောခဲ့သလိုပဲ သူတို့က သန်မာတဲ့ အမဲလိုက် မေးရိုးတွေရှိတာကြောင့်မို့ အကောင်ကြီးဘဝမှာ ကိုက်ဖြတ်စားသောက်တာနဲ့ ဖျက်ပိုးတွေကို တစ်ဖက်တစ်လမ်းက နှိမ်နင်းပေးပါတယ်။
တစ်ခြားကျိုင်းကောင်တွေရဲ့ အဆင့်တွေဖြစ်တဲ့ Caterpillars (ခူကောင်၊ ပေါက်ဖတ်အဆင့်)၊ Grubs (သားလောင်းအဆင့်)၊ အရွယ်ရောက်ကောာင် (Adult)၊ Fly maggot - ယင်ကောင် ဖလောင်း၊ Pupae (ပိုးရုပ်ဖုံး)၊ တီကောင်နဲ့ အခြားသော မြေကြီး တွားသွားကောင်တွေကတော့ ဂီတာကျိုင်းကောင်တွေ အများဆုံး စားသောက်တဲ့ သားကောင်တွေဖြစ်ပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်အတိုင်းကိုပဲ နေ့တိုင်း စားနိုင်ကြပါတယ်။
အရွက်စားတဲ့ မျိုးတွေလည်းရှိကြပါတယ်။ သူတို့ကျပြန်တော့ အရွက်နဲ့ မျိုးစေ့တွေကို စားကြပါတယ်။ သူတို့ရှိနေရင် ပေါင်းပင်တွေ လျော့ကျသွားတာက သိသိသာသာပါပဲ။ ဒါပေမဲ့ ပေါင်းတွေကုန်ချင်လို့ဆိုပြီး အများကြိး မွေးလို့တော့ မရပါဘူး။ ဂေဟစနစ်အတိုင်းဆို သူကလည်း ပေါင်းတွေကို အကုန်စားပစ်နိုင်တဲ့အထိလည်း မလုပ်ပါဘူး။
သူတို့ရဲ့ ဥတွေကို ပစ္စည်းတစ်ခုခုပေါ်၊ ဒါမှမဟုတ် မြေကြီးထဲမှာကျင်းတူးပြီး ဥ တတ်ကြပါတယ်။ Lebia grandis မျိုးစိတ်ကသာ ဥကို ရာနဲ့ချီပြီး ဥနိုင်ပေမဲ့ ကျန်တဲ့မျိုးစိတ်ကတော့ ဥ အဲ့လောက်မများပါဘူး၊ Labia တွေကတော့ အာလူးမှာကျတဲ့ ကျိုင်းကောင်တွေရဲ့ ဥတွေနဲ့ သားလောင်းတွေကို စားသောက်ဖျက်ဆီးပါတယ်။
ဂီတာကျိုင်းကောင်လေးတွေရဲ့ သားလောင်း (၃)ဆင့်က မြေကြီးတွင်းထဲနဲ့ အဆွေးပုံထဲမှာ နေကြပါတယ်။ သားလောင်းအဆင့်လေးတွေကတည်းက သူတို့က သားစားတဲ့အကောင်လေးတွေဖြစ်နေတာပါ။ အာလူးမှာကျတဲ့ ကိုလိုရာဒိုကျိုင်းကောင်ရဲ့ ပိုးရုပ်ဖုံးအဆင့်တွေမှာ Lebia grandis ရဲ့ သားလောင်းတွေက ကပ်ပါးပြုပြီး ဖျက်ဆီးပါတယ်။
ဂီတာကျိုင်းတွေရဲ့ မျိုးဆက်တစ်ဆက်က ပုံမှန်အားဖြင့် တစ်နှစ်ပါ။ တစ်ချို့ မျိုးစိတ်တွေဆိုရင် ဖွံ့ဖြိုးမှုအတွက် တစ်နှစ်ထပ်ပိုတဲ့ အချိန်ယူရပါတယ်။ အကောင်ကြီးတဲ့ မျိုးစိတ်ထဲမှာဆိုရင် အကောင်ကြီးဘဝရောက်ဖို့ကို ၂-၄ နှစ်လောက်အထိ အချိန်ယူရနိုင်ပါတယ်။ အကောင်ကြိးတွေက မြေကြီးထဲမှာနဲ့ အမိုးအကာရှိတဲ့နေရာတွေမှာ ဆောင်းခိုတတ်ကြပါတယ်။
Calosoma မျိုးစိတ် ဂီတာကျိုင်းတွေ ကို ခူကောင်မုဆိုးလို့တောင် ခေါ်ကြပါတယ်။ ဒီမျိုးစိတ်က ဂီတာကျိုင်းတွေထဲမှာ အကြီးဆုံး မျိုးစိတ်ဖြစ်ပြီးတော့ အကောင်ကြီးရောသားလောင်းတွေကပါ အရမ်းကို စားသောက်နိုင်တဲ့ သားစားကောင်တွေဖြစ်နေတာပါပဲ။ အစိမ်းရောင် ရှိပြီး သတ္တုလိုမျိုး ပြောင်နေတဲ့ Calosoma sycophanta မျိုးစိတ်တွေက နေ့ရော ညရောစားနိုင်ကြလို့ အင်းဆက်တွေကို ထိန်းချုပ်တဲ့နေရာမှာ ဇီဝနည်းအားဖြင့် သုံးကြပါတယ်။ ၂ ပတ်အတောတွင်းမှာ ပိုးရုပ်ဖုံး (၅၀)တောင် စားထားနိုင်တာကိုတွေ့ရပါတယ်။
ဂီတာကျိုင်းတွေကို ထိန်းသိမ်းဖို့ ခဏခဏ ထွန်ယက်တာကိုလည်းရှောင်ကြဉ်ရပါမယ်။ ပြီးတော့ ပိုးအကုန်သေဆိုပြီး ပိုးသတ်ဆေးဖျန်းတာနဲ့ မှိုင်းတိုက်တာမျိုးတွေကို ရှောင်ရှားပေးတာမျိုး လုပ်သင့်ပါတယ်။
ဆောင်းခိုတတ်တာမို့ ဆောင်းတွင်းပိုင်းမှာ သူတို့ နေဖို့အတွက် သီးသန့်နေရာထားပေးတာမျိုး၊ ဖုံးအုပ်ပစ္စည်း (ကောက်ရိုး၊ သစ်ရွက်ခြောက် အစရှိတာ) တွေထားပေးတာမျိုးလုပ်ပေးနိုင်ရင် ညမှထွက်တဲ့ အကျိုးပြုမိတ်ဆွေပိုးလေးတွေ နေထိုင်ပွားများလာပြီး ကိုယ့်ကိုလည်း အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။
လောကကြီးမှာ သဘာဝကျကျ မျှမျှတတနေထိုင်ရင်း သဟဇတ ဖြစ်ကြပါစို့လားခင်ဗျာ……
Reference:
https://extension.umn.edu/nuisance-insects/ground-beetles
https://hort.extension.wisc.edu/articles/ground-beetles/#:~:text=The%20adults%20of%20most%20species%20are%20fierce%20predators%20that%20chew,prey%20for%20many%20ground%20beetles.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အကျိုးပြုအင်းဆက်များ
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....