အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ္ဘာမှာ အန္တရာယ် အကြီးဆုံး သစ်ပင်ကို သိကြပါရဲ့လား

ကမ္ဘာမှာ အန္တရာယ် အကြီးဆုံး သစ်ပင်ကို သိကြပါရဲ့လား

Green Way
Green Way • Greenovator • 05/08/2015

သြစတြေးလျတိုက်တွင် ရှိသည့် Gympie Gympie ဂျင်ပီ-ဂျင်ပီ ဆိုသည့် အပင်မှာ ကမ္ဘာတွင် အန္တရာယ်အကြီးဆုံး အပင်များအနက် အပင်တစ်မျိုးဖြစ်သည်။ ထိုအပင်ကို ရုက္ခဗေဒ အမည်ဖြင့် Dendrocnide excels ဟု ခေါ်သည်။ ထိုအပင်သည် ထိကိုက်လိုက်ရုံနှင့်ပင် အန္တရာယ်ကြီးလွန်းသဖြင့် ထိတွေ့၍ မရနိုင်သော အပင်ဖြစ်သည်။ ထိုအပင်မှ အရွက်မှာ ငရုတ်ကောင်းရွက်၊ ကွမ်းရွက်တို့နှင့် ပုံစံတူဖြစ်ပြီး အရွက်ပေါ်တွင် အမွှေးများနှင့် ကြမ်းရှနေပြီး ထိမိလျှင် စူးကာ အဆိပ်သင့်စေခြင်း ဖြစ်သည်။ အရွက်ကို ကိုင်မိလျှင် အလွန်အမင်း ယားယံခြင်း၊ ပျားတုတ်ရာကဲ့သို့ အဖူးအပိန့်များ ထွက်ခြင်းတို့ဖြစ်ကာ အတန်ကြာ အဆိပ်ပြေစေရန် ကုသရသည်။ ထိုအပင်နှင့် ထိမိသည့် အခြားသစ်ရွက်များ၊ သစ်သီးများပင် အဆိပ်သင့်ပြီး ထိကိုင်မိလျှင် အန္တရာယ်ရှိသည်။ အပင်၏ အဆိပ်သင့်မှုမှာ ကိုင်လိုက်သည်နှင့် ရုတ်တရက် အက်စစ်နှင့် ထိမိသလို၊ ဓာတ်လိုက်သလို ခံစားရကြောင်း သိရသည်။

Ref: Australian Geographic Apr

7 Day News Journal အတွဲ (၁၄) အမှတ် (၅) မှ ကူးယူဖော်ပြသည်။

You

ဆက်စပ်မေးခွန်းများ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး

aye Myat mon • ဖြေကြားချက် 1 ခု

စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ

Kyaw Gyi • ဖြေကြားချက် 1 ခု

စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ

ဝင်းဇော် • ဖြေကြားချက် 6 ခု

ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ

U Myint Naing • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။