စားသုံးသူတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ဘယ်လို ပါဝင်ထိန်းသိမ်းနိုင်မလဲ?
ထုတ်လုပ်သူတွေအနေနဲ့ ထုတ်လုပ်တဲ့နေရာမှာ ဘယ်လိုအဆင့်တွေက ရာသီဥတုကိုပြောင်းလဲစေနိုင်တဲ့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ကိုထွက်လာစေတယ်။ အဲ့တော့ ထုတ်လုပ်သူတွေအနေနဲ့က ဘယ်လို အရာတွေကို ထိန်းသိမ်းသင့်တယ် ပြောင်းလဲလုပ်ဆောင်သင့်တယ်ဆိုတာကို အပိုင်း (၁) မှာ ပြောပြီးတဲ့နောက်မှာ အဲ့ ထုတ်လုပ်သူတွေက ထုတ်လုပ်ပေးလိုက်တဲ့ အစားအစာတွေ ထုတ်ကုန်ပစ္စည်းတွေကို စားသုံးသူတွေအနေနဲ့ကလည်း ဘယ်လိုမျိုး ထိန်းသိမ်းပြင်ဆင်စားသောက်သင့်သလဲ ဘာတွေ တစ်ထောင့်တစ်နေရာကနေ ကူညီလို့ရမလဲဆိုတာကို ဆက်ပြီးတော့ လေ့လာကြည့်ရအောင်လားခင်ဗျာ။
ဆုံးရှုံးမှုတွေ နည်းသထက်နည်းအောင်နဲ့ အလေအလွင့်မဖြစ်အောင် ထိန်းသိမ်းလို့ရတယ်
အလေအလွင့်နဲ့ ဆုံးရှုံးမှုတွေကို နည်းသထက်နည်းအောင် ထိန်းသိမ်းပေးတာက ထုတ်လုပ်သူဖက်မှာ အများကြီး ပိုထုတ်လုပ်ရတာရော၊ထုတ်လုပ်တဲ့အဆင့်တွေမှာ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေ ထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းကနေ လျော့ချပေးနိုင်ပါတယ်။ ၂၀၁၈ တုန်းက ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ရဲ့ လေ့လာချက်များအရဆိုရင် ထုတ်လုပ်တဲ့ ထုတ်ကုန်တွေမှာ ၄၀ ရာခိုင်နှုန်းက အလေ့အလွင့်ဖြစ်တာနဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်သွားကြပါတယ်။ အဲ့လို စွန့်ပစ်တာအလေအလွင့်ဖြစ်တာက ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုစုစုပေါင်းရဲ့ (၁၀) ရာခိုင်နှုန်းပါ။
အဲ့လိုပြောလိုက်ရင် မများသလိုဖြစ်ပေမဲ့လို့ တစ်ကမ္ဘာလုံးနဲ့ချိန်လိုက်ရင်တော့ နည်းတဲ့ ပမာဏမဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်က လေ့လာချက်တွေအရ - တန်ချိန်နဲ့ဆိုရင် လယ်ထဲမှာ ဆုံးရှုံးတဲ့ ပမာဏက ၁.၂ ဘီလီယံတန် ရှိပြီးတော့ စားစရာအလေအလွင့်ဖြစ်သွားတဲ့ ပမာဏကတော့ ၉၃၁ မီလီယံ တန် ရှိပါတယ်။ ဒါတွေကို လျှော့ချနိုင်တယ်ဆိုရင် ဘယ်လောက်တောင် အကျိုးဖြစ်ထွန်းမလဲဆိုတာကို တွေးကြည့်နိုင်ပါတယ်။

အသားထုတ်ကုန်တွေနဲ့ ကာဗွန်အများကြီးပါတဲ့ အစားအစာတွေကို လျှော့ချပါ
ဝယ်သူရှိလို့ရောင်းသူရှိတာပါ။ စိုက်ပျိုးမွေးမြူရေးမှာ မွေးမြူရေးက စိုက်ပျိုးရေးတစ်ဆင့်ခံပြီးတော့မှ ထပ်မံထုတ်လုပ်ကြရတာရယ်။ သက်ရှိ စွန့်ပစ်ပစ္စည်းတွေလည်း ထုတ်လုပ်ကိုင်တွယ်ရတာရယ် စတဲ့အဆင့်ဆင့်လုပ်ငန်းစဉ်တွေရှိတာကြောင့် တိထုတ်ကုန်တွေကိုသာ လျှော့ချနိုင်တယ်ဆိုရင်ရော လုပ်ကြမှာလားခင်ဗျာ။
သူလည်း ကမ္ဘာနဲ့ချီပြောရင် ၁၀ ရာခိုင်နှုန်းလောက်အထိကို ပါဝင်ပြီးတော့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လုပ်နေပါတယ်။ အဲ့မှာ သူတို့ကို ကျွေးဖို့ အစာထုတ်လုပ်တာတွေ၊ မြေအသုံးချရတာတွေ၊ သယ်ယူ ပို့ဆောင်ရတာတွေ မပါသေးပါဘူး၊ အကုန်အပါအပြီးဆိုရင် (၁၈) ရာခိုင်နှုန်းလောက်ထိတောင် တက်သွားနိုင်ပါတယ်။
အဲ့လို ကာဗွန်များတဲ့ ထုတ်ကုန်တွေဆိုတာက ဘယ်လိုလဲဆိုတော့ ဥပမာ အမဲသား တစ်ကီလိုထုတ်တာနဲ့ ကြက်သားတစ်ကီလိုထုတ်တဲ့အချိန်မှာ ကာဗွန်ထုတ်လွှတ်မှုက ၄၅ ဆ လောက်ကွာပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေတွေက အမဲသားထုတ်လုပ်မှုမှာ ၄၅ ဆ လောက် ပိုထုတ်ပါတယ်။ ဒါကြောင့် ဒီလို အစားအစာတွေ ထုတ်လုပ်ရမှုကလည်း လျော့ချနိုင်ဖို့ဆိုရင် ဝယ်သူ စားသူတွေမှာလည်း တာဝန်အများကြီး ရှိပါတယ်။
ထုတ်လုပ်မှုကို လုံးဝ ရပ်တန့်လိုက်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပေမဲ့ စားသုံးသူတွေဖက်က တန်ဖိုးထားပြီး အလေအလွင့်မရှိအောင်ထားပြီးတော့ သေသေချာချာလေး လိုအပ်မှ ဝယ်ယူ စားသုံးမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။
မဟုတ်ရင်လည်း ပြောင်းလဲပြီး စားသုံးနေထိုင်တာကလည်း ရွေးချယ်စရာတစ်ခုပါပဲ။
နောက်တစ်ခုကတော့ အစားအစာ စနစ်တစ်ခုလုံးမှာ ထုတ်လွှတ်မှုကို လျှော့ချနိုင်အောင်လုပ်တာပါပဲ။
အစားအစာစနစ် ဆိုတာက ထုတ်လုပ်တာကနေ စပြီးတော့ လုပ်ငန်းစဉ်အဆင့်ဆင့် ပါပါတယ်။ ကြားထဲမှာ အစားအစာတွေကို ပြောင်းလဲတာ၊ (ဆန်ရအောင် ကြိတ်တာမျိုး)၊ ဖြန့်ချိတာမျိုး၊ ချက်ပြုတ်ပြင်ဆင်စားသောက်တာ နဲ့ အပိုကျန်လို့ စွန့်ပစ်တဲ့အဆင့်တွေ လည်ပတ်နေတဲ့ စနစ်တစ်ခုလုံးကို အစားအစာစနစ် (food system) လို့ ခေါ်ပါတယ်။ အဲ့အဆင့်တစ်ခုချင်းစီမှာကို လျှော့ချနိုင်တယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုက (၃)ချိုး မှာ (၁)ချိုးလောက်ကို သက်သာသွားမှာပါ။
ဆိုတော့ ရာသီဥတုပြောင်းလဲမှု့ကို အံတုနိုင်ဖို့ဆိုရင် ကိုယ်ကနေ စပြီးတော့ ပြောင်းလဲရမှာဖြစ်ပါကြောင်း။
အသိနဲ့ သတိလေးချပ်ပြီးတော့ ကိုယ်နေထိုင်တဲ့ ကမ္ဘာဝန်းကျင်လှပေအောင် ဖန်တီးထိန်းသိမ်းနိုင်သော သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....