အမှည့်မမြန်အောင် ဘယ်လိုထားမလဲ.....မှည့်အောင်ဘယ်လိုထားမလဲ
UP Los Baños က ပြုလုပ်ထားတဲ့ သုတေသနတွေအရဆိုရင် သူတို့နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် သစ်သီးတွေက တစ်ပတ်ကနေ ၂ ပတ်အထိ ခံနိုင်လိမ့်မယ်လို့ ပြောပါတယ်။ ခုချိန်ဆို ကွက်တိပဲလေ။
တစ်ပတ်စာဝယ်ပြီးရင် အပြင်ထွက်စရာမလိုတော့ဘူးလေ။
သူတို့ပြောတဲ့ နည်းလမ်းတွေကို ကြည့်ရအောင်။
(၁) အသီးတွေကို မခူးပါသေးနဲ့တဲ့။ သစ်ပင်ကြီးက အသီးတွေကို မြန်မြန်မမှည့်အောင် ထိန်းနိုင်ပါသေးတယ်တဲ့။ အဲ့ဒါကြောင့်နေမယ်နော်။ ပင်မှည့်လေးစားချင်တယ်ဆို စောင့်လိုက်ရတာ ကြာလိုက်တာဆိုတာမျိုး။
(၂) အသီးခူးရင် မထိခိုက်အောင် သတိထားပေးပါတဲ့။ အဲ့ထိခိုက်နာလေးထဲကို အဏုဇီဝသက်ရှိလေးတွေက ဝင်ရောက်သွားနိုင်ပြီးတော့ အသီးတွေ ပုတ်တာဘာညာ ဖြစ်နိုင်ပါတယ်။ အဲ့တော့ ဈေးသွားရင် သူတို့ ဈေးခင်းတုန်း ထိခိုက်တာတွေမပါတဲ့ အသီးတွေကိုကြည့်ပြီးတော့ ဝယ်ပါနော်။
(၃) မှည့်နေတဲ့ အသီးတွေက အီသိုင်လင်း ထွက်ပါတယ်။ သူက မှည့်တာကို မြန်စေနိုင်တာကြောင့်မို့ မှည့်တာနဲ့ မမှည့်သေးတာနဲ့ကိုဆို ခွဲပြီးထားပေးပါ။
(၄) ကျန်းမာတဲ့အသီးနဲ့ မကျန်းမာတဲ့အသီး ခွဲထားပေးပါတဲ့။ ထိခိုက်ရှနာရှိတဲ့ အသီးတွေက အီသိုင်လင်း ထုတ်နိုင်လို့ပါ။ အဲ့လိုဆို တစ်ခြားအသီးတွေလည်း မှည့်ကုန်ရောလေ။
(၅) အသီးတွေကို နေရောင် တိုက်ရိုက်မထိတဲ့ နေရာမှာ ထားပေးပါတဲ့။ နေရောင်က မှည့်တာကို မြန်စေနိုင်လို့ပါတဲ့။
(၆) အပူစွန့်တဲ့ မော်တာစက်တွေနား အသီးတွေ မထားရပါဘူး။ သူတို့ကလည်း အီသိုင်လင်းထုတ်တာကြောင့် အသီးတွေ မှည့်စေပါတယ်တဲ့။
(၇) အအေးကတော့ မှည့်တာကို တားဆီးပေးနိုင်ပါတယ်တဲ့။ ရေခဲသေတ္တာမရှိရင်တောင် အအေးဆုံးနေရာမှာ ရွေးပြီး ထားပေးလို့ရပါတယ်။ ရေတော့ စိမ်မထားနဲ့ပေါ့နော်။ အေးမြခြောက်သွေ့သောနေရာတွင် ထားပါပေါ့။
(၈) ရေခဲသေတ္တာထဲ ထည့်မယ်ဆိုရငိတော့ အပေါက်လေးတွေပါတဲ့ ပလပ်စတစ်အိတ်နဲ့ ထုပ်ပြီး ထည့်လို့ရပါတယ်။
(၉) အသီးတွေ အများကြီးဖြစ်နေတယ်ဆိုရင် အသီးသေတ္တာထဲမှာ ဘိလပ်မြေနည်းနည်းဖြစ်ဖြစ်၊ ပါလိုက်ကျောက်ဖြစ်ဖြစ် ဒါမှမဟုတ်ရင် ပိုတက်စီယမ် ပါမဂ္ဂနိတ် စိမ်ထားတဲ့ မီးသွေးတုံးဖြစ်ဖြစ် ထည့်ထားပေးရင် ခံပါတယ်တဲ့။
အဲ့ဒါဆို မှည့်ချင်ရင်ရော ဒါလေးတွေ အိမ်မှာစမ်းကြည့်ပါ။ အီသိုင်လင်းရှာဝယ်စရာမလိုပါဘူးနော်။
(၁) စားက စားချင်နေပြီ သူက မမှည့်သေးဘူးဆိုတဲ့ အသီးတွေ ရှိရင်တော့ ငှက်ပျောသီး မှည့်တစ်လုံးရင်းရမယ်နော်။ ပစ္စည်းဝယ်လို့ ရတဲ့ စက္ကူအိတ်ထဲကို မှည့်စေချင်တဲ့ အသီးရယ် ငှက်ပျောသီးမှည့်တစ်လုံးရယ် တူတူပေါင်းထည့်ထားလိုက်ရင် အမှည့်မြန်သွားမှာပါ။ ဘာဓာတုမှ သုံးစရာမလိုတော့ဘူးလေ။
(၂) သံပုရာသီးတွေ ရှောက်သီးတွေ စိမ်းနေတယ် ဆိုရင် ငှက်ပျောသီးမှည့်နဲ့ ထပ်စမ်းကြည့်ပါဦး။ ငှက်ပျောသီးကထွက်တဲ့ အီသိုင်လင်းကြောင့်မို့ အဝါရောင်တွေ လိမ္မော်ရောင်ကို လွယ်လွယ်ပြောင်းသွားတာကို တွေ့ရမှာပါ။ အနံအရသာ ပြောင်းဘူးနော်။
မှတ်ချက်။ ။ အဲ့လို အမှည့်မြန်ချင်လို့ အီသိုင်လင်းထွက်တဲ့ ငှက်ပျောသီးသုံးတဲ့နေရာမှာ ရေခဲသေတ္တာထဲ ထည့်ထားလို့မရပါဘူးနော်။ သာမာန် အခန်းအပူချိန်မှာပဲ ထားပေးရမှာပါ။
ကဲ မမှည့်အောင်ထားမလား မှည့်အောင်လုပ်မလား။
Reference
https://businessdiary-com-ph.cdn.ampproject.org/v/s/businessdiary.com.ph/3937/how-to-delay-the-ripening-of-fruits/?amp_js_v=0.1&usqp=mq331AQFKAGwASA%3D#search
https://kids.frontiersin.org/article/10.3389/frym.2018.00016#KC2a
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026