''အေးအေးချမ်းချမ်းနေချင်လို့ စိုက်ပျိုးရေးလုပ်မည်ဆိုလျှင် ဒီစာလေးအရင်ဖတ်ပါ''
ကျွန်တော်လွန်ခဲ့တဲ့ (၄)နှစ်လောက်ကစပြီး နှစ်စဉ် ဥယျာဉ်ခြံတည်ထောင်ခြင်းအလုပ်တွေကို ကန်ထရိုက်တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းရှင်များက ဥယျာဉ်ခြံတည်ထောင်လိုကြတဲ့အခါ ကျွန်တော်အနေနဲ့ ခြံတည်ထောင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို တာဝန်ယူဆောင်ရွက်ပေးတဲ့လုပ်ငန်းမို့ အောက်ခြေမှ အခြေအနေအားလုံးဟာ ကျွန်တော်နဲ့ ထိတွေ့ဆောင်ရွက်ရတာတွေချည်း ဖြစ်နေပါတယ်။
ခြံစတည်ဖို့ မြေစဝယ်တာကနေစပြီး သီးနှံထုတ်ချိန်အထိ ဒေသခံပြည်သူများ ဒေသခံအုပ်ချုပ်သူလူတန်းစားများ နယ်နမိတ်ဆက်စပ်တောင်သူများ ဒေသခံအလုပ်သမားများအပြင် ဒေသခံအရူးများနဲ့ပါ ထိပ်တိုက်တွေ့နေရသည်က ခြံတည်ထောင်ဖူးတဲ့လုပ်ငန်းရှင်များသာ တိတိပပသိနိုင်မှာ ဖြစ်ပါတယ်။
(၁) ခြံတည်ဖို့ မြေဝယ်တယ် ပုံစံ (၇) စာရွက်လေးနဲ့ မြေရောင်းလိုသူက ရောင်းမည့်မြေကိုလိုက်ပြရင်း ဒေသတော်တော်များများမှာ ပြောလေ့ရှိတဲ့စကားက ကျွန်တော့်မြေက ပုံစံ (၇) ထဲကထက် တစ်ဧကပိုတယ် နှစ်ဧကပိုတယ် လိုက်တိုင်းကြည့်ပါဆိုပြီး သူပြတဲ့ နယ်နမိတ်အတိုင်း လိုက်တိုင်းတော့ သူပြောသလို ပုံစံ ၇ ထဲကထက် ပိုတာကိုတွေ့ရတယ်။ ပိုတဲ့အတိုင်း ငွေချေပြီးလို့ သူပြတဲ့နယ်နမိတ်အတိုင်း ခြံစည်းရိုးခတ်ပြီးဆိုရင်တော့ တဖက်အကွက်က မြေပိုင်ရှင်နဲ့ စကားပြောရတာ အငြင်းပွားရတာ (၉၀) ရာခိုင်နှုန်းလောက်ရှိပါတယ်။
(၂) ခြံလေးစတည်ဖို့ အလုပ်စပြီဟေ့ဆိုရင် ဒေသခံပြည်သူဆိုသူများက အလုပ်လေးမရှိဘူးလား ရှိရင်ခေါ်ခိုင်းပါအုံးပြောတယ်။ သူတို့ပေါက်ဈေးမေးပြီး အဆင်ပြေရင်ခေါ်ခိုင်းလိုက်တယ်။ ဒီအထိပြဿနာမရှိသေးပေမယ့် ခိုင်းရတာမကြိုက်လို့ အခြားအလုပ်သမားတွေပြောင်းခိုင်းရင် ကိုယ်တွေကပဲ သူတို့ဒေသလာပြီး ဗိုလ်ကျနေသလိုလို စကားသံလွှင့်၊ လူမိုက်တွေနဲ့ ရန်တိုက်ဖို့စီစဉ်တတ်တဲ့ ဒေသခံပြည်သူဆိုးတွေရဲ့ လုပ်ရပ်ဆိုးတွေက စလာတော့တာပါပဲ။
(၃) ဒေသခံ အုပ်ချုပ်သူလူတန်းစားဆိုသူတွေကလည်း သစ်ပင်စိုက်ဖို့ ရင်းနှီးမြှုပ်နှံသူလာတာကို သူတို့ ဘီယာဖိုးပေးမယ့်သူလာသည့်အလား တစ်ခုခုဟေ့ဆို ပညာလေးပြဦးမှ ဆိုတဲ့ပုံစံနဲ့ ''လာတွေ့ပါ''တို့ စာတစ်တန်ပေတစ်တန်နဲ့ ဆင့်ခေါ်တာမျိုးတွေလည်း ကြုံရဖူးပါတယ်။
(၄) ခြံစည်းရိုးခတ်ရင်း ပြဿနာမတက်ဖို့ မြေအရောင်းဝယ်လုပ်စဉ်က နယ်နိမိတ်ထိစပ်တောင်သူတွေကို အမြဲခေါ်ပြီး အသိသက်သေအဖြစ် လက်မှတ်ထိုးခိုင်းပေမယ့်လည်း တကယ်အလုပ်လုပ်ပြီးပြီဆိုရင်တော့ သူတို့မဟုတ်သလို ပြောင်ပြောင်တင်းတင်း ခေါင်းရှောင်ပြောဆိုတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။
(၅) ဒေသခံအရူးများကလည်း ခုလိုစိုက်ကွင်းလာလုပ်ပြီဆိုရင် သူတို့ ထမင်းအိုးတစ်လုံး တိုးလာသည့်အလား လမ်းကြုံတိုင်း ထမင်းကျန်သေးလားဝင်မေးပြီး ထမင်းတောင်းစားတဲ့အပြင် ထမင်းမကျန်လို့ မကျွေးလိုက်သည့်နေ့တွေမှာတော့ အပင်တွေကို ရန်ရှာတာလည်း ကြုံရတတ်ပါတယ်။
ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းလေးလုပ်ပြီး အေးအေးချမ်းချမ်းနေရတယ်ဆိုတာ ခုလုပ်ခုရတာမျိုးမဟုတ်ပဲ ဒီလိုစာမေးပွဲအဆင့်ဆင့်ကျော်ဖြတ်ပြီးကာမှ တည်ငြိမ်အောင်မြင်တဲ့ ခြံတစ်ခုစတင်ဖို့ အုပ်ဖိနပ်ပြီးတဲ့အဆင့်ပဲ ရှိပါသေးတယ်။
နောက်အဆင့်တွေကတော့ စိုက်ပျိုးသစ်ပင်အောင်မြင်ရေးနဲ့ သီးနှံထွက်ကုန် အခိုးမခံရ၊ ဖျက်ဆီးမခံရပဲ ဈေးကွက်တင်ပို့ပြီး ငွေရရှိရေးဆိုတဲ့အပိုင်းတွေ ကျန်ပါသေးတယ်လို့ ပြောရင်း ''စိုက်ပျိုးရေးလုပ်ငန်းအတွက် ခြံလာတည်သူများကို အလှူအတန်းလာလုပ်သလိုမြင်တတ်တဲ့ ဒေသများ နည်းနိုင်သမျှနည်းပါးပါစေ'' ဟု ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါရစေ။
ဆောင်းပါးရှင် - ကျော်မျိုးထွန်း (လျှော်ဖြူ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....