မေးမြန်းစူးစမ်း စပျစ်စိုက်ပျိုးရေးခြေလှမ်း
စိုက်ပျိုးရေးချစ်သူများအတွက် စပျစ်စိုက်ပျိုးရာမှာ သတိပြုသင့်တဲ့ အချက်အလက်တချို့ကို မေးမြန်းစူးစမ်း တင်ပြလိုက်ပါတယ်နော်။
ပထမဆုံးအနေနဲ့ စပျစ်ပင်စိုက်ပျိုးမယ့်မြေကို ညီညာမှုရှိစေဖို့ တက်နိုင်သလောက် ညှိပေးရပါမယ်။ မြေမျက်နာပြင်ညီညာမှ ရေသွင်းရေထုတ်စနစ် အဆင်ပြေလွယ်ကူနိုင်တယ်လို့ စီးပွားဖြစ် စပျစ်စိုက်ပျိုးနေသူတွေက ဆိုပါတယ်။
စပျစ်ပင်တွေဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်တာကြောင့် မစိုက်ပျိုးမီက မြေဆီလွှာပြုပြင်မှုကို စနစ်တစ်ကျကြိုတင်ပြင်ဆင်ထားမှသာ နောင်မှာ အခက်ခဲမရှိမှာပါ။
ဟု မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ အလယ်ကုန်းအုပ်စု၊ ပုလဲကုန်းကျေးရွာမှ စပျစ်ခြံပိုင်ရှင် ကိုလှိုင်ထွန်းက ပြောပါတယ်။
စပျစ်ပင်တွေကို စိုက်ပျိုးပြီး (၂) ပတ်သားအရွယ်မှာ မြေသြဇာစတင်ကျွေးမွေးပေးနိုင်ပြီး၊ (၃)ပတ်သားအရွယ်မှာတော့ မြေပြင်မြေဆွခြင်းကို စတင်ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။ အစာကျွေး၊ မြေဆွ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်၊ မြေအောက်ပင်စည်အမြစ် ဖြာထွက်မှုကို အားကောင်းစေပါတယ်။
စပျစ်ပင် (ပုံသွင်းခြင်း) မိန်းကိုင်းယူ သီးကိုင်းမွေးခြင်းကို စိုက်ချိန်မှစ၊ အပင်သက် (၇)လသား အတွင်း အပြီးလုပ်ဆောင်သင့်ပါတယ်။
တောင်သူအများစုက စပျစ်ပင်ပုံသွင်းရာမှာ မြေပေါ်ပင်စည်နဲ့ မိန်းကိုင်း၊ သီးကိုင်းတွေကိုသာ အများအားဖြင့် ဂရုစိုက်လေ့ရှိပါတယ်။ မြေအောက်ပင်စည်အမြစ် ဖွဲ့စည်းတည်ဆောက်ပုံကို သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ မြေအောက်ပင်စည် အမြစ်ဖြာထွက်အားကောင်းမှ ပင်စည်နဲ့ မိန်းကိုင်း သန်မာမှု၊ သီးကိုင်းဖြာထွက်မှုတွေကို ကောင်းကောင်း ထောက်ပံ့နိုင်တာပါ။ ဒါ့ကြောင့် စပျစ်ပင်စိုက်ချိန်ကစပြီး၊ အပင် မိန်းကိုင်းယူ၊ သီးကိုင်းမွေးချိန်ကာလအထိ မြေအောက်အမြစ်ပိုင်းဖွံ့ဖြိုးမှု၊ ပင်စည်ဖွင့်ဖြိုးမှု၊ သီးကိုင်းဖြာထွက်မှုတွေကို ဟန်ချက်ညီညီဖြစ်အောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဟု ကိုလှိုင်ထွန်းက ရှင်းပြပါတယ်။
စပျစ်ပင်အတွက် မြေပြင်မြေဆွခြင်းကို စိုက်သက်တမ်း (၃) ပတ်သားမှ အပင်သက် (၇) လသားအထိ တစ်လကို (၃) ကြိမ်မှ (၅) ကြိမ်ခန့်အထိ မြေအနေအထားပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်ပါတယ်။ စိုက်ပျိုးပြီး (၂)ပတ်သားမှစလို့ အပင်သက် (၇) လသားအထိ ကာလတွေမှာ မြေသြဇာကို ရေသွင်းတိုင်း အပင်အရွယ်အစားအလိုက် သင့်တင့်တဲ့ နှုန်းထားကို ချိန်ဆကျွေးပေးသင့်ပါတယ်။
စိုက်သက် ပထမလမှာ မြေသြဇာ တစ်ပင် တစ်ဇွန်းနှုန်းဆိုရင်၊ ဒုတိယလမှာ တစ်ပင် (၂) ဇွန်းနှုန်း၊ တတိယလမှာ (၃) ဇွန်းနှုန်း နဲ့ (၇)လသားအထိ လစဉ် တိုး၍ ကျွေးပေးနိုင်ပါတယ်။ ရေသွင်းတိုင်း ကျွေးမွေးပေးနိုင်ပါတယ်။ တစ်လမှာ ရေ (၅) ကြိမ်ပေးတယ်ဆိုရင်၊ ရေသွင်းတိုင်း မြေသြဇာကျွေးရတာ ဖြစ်လို့၊ ပထမလမှာ မြေသြဇာ တစ်ဇွန်းနှုန်းနဲ့ (၅) ကြိမ်၊ ဒုတိယလမှာ မြေသြဇာ(၂) ဇွန်းနှုန်းနဲ့ (၅) ကြိမ်၊ တတိယလမှာတော့ မြေသြဇာ (၃) ဇွန်းနှုန်းနဲ့ (၅) ကြိမ် လစဉ်တိုး၍ကျွေးပေးရတာမျိုး ဖြစ်ပါတယ်။
နန်းထက်ထက်ချစ် (ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022