မိုးအကုန်ဝေဆာအောင်ပွင့်တဲ့ စိန်တံခြူ
မိုးရာသီအကုန်လောက်ကစပြီး ပွင့်တတ်သောပန်းလေးတွေပါ။ အမည်က "စိန်တံခြူ" ဖြစ်တယ်။ ဆောင်းဝင်လာတာနဲ့ တစ်ပင်လုံး ဝါထိန်နေအောင် ပွင့်ကြပြီ၊ အေးမြတဲ့ တောင်တန်းဒေသတွေမှာ ဒီအပင်အရွယ်က လူ ၂ ရပ်သာသာ အပင်ငယ် (small tree) အဆင့်လောက် ထိရှိပြီး အပွင့်ကလည်း အညာက ပန်းထက် ကြီးပါတယ်။ ပန်းတွေအားလုံးပွင့်လာရင် ပန်းရဲ့အလေးချိန်ကို မနိုင်တော့ဘဲ ပန်းခိုင်က အောက်ဖက်ကို တွဲလျားကျနေတတ်တယ်။
ဒီအပင်က အပူပိုင်းရော အအေးပိုင်းမှာ ရှင်သန်ပေါက်ပွားနိုင်သောအပင်ဖြစ်တယ်။ စိုက်ပျိုးရလွယ်ကူပြီး အကြမ်းခံလှသော အပင်တစ်ပင်ပါ။ မုံရွာတက္ကသိုလ် သင်္ချာဌာနရှေ့မှာ အတန်းလိုက်စိုက်ထားလို့ ပန်းပွင့်ချိန်ဆို ကျောင်းသား/သူများ ဓာတ်ဖမ်းရာ နေရာတစ်ခုဖြစ်လာတယ်။ ကျနော် မုံရွာတက္ကသိုလ်ကနေ ဟုမ္မလင်း ကောလိပ်ကို ကျောင်းအုပ်ရာထူးနဲ့ပြောင်းရတော့ ဒီမြို့မှာမရှိသော အပင်တစ်ပင်ကို တွေ့ရတယ်။ ဒီအပင်ကတော့ စိန်တံခြူပင်ပါ။ ဒါနဲ့ မုံရွာက ပန်းရောင်းတဲ့ ကိုထွန်းဆီကအပင် ၅၀ ကျော်မှာပြီး စိုက်ခဲ့တာ အခုဆို လူတစ်ရပ်ကျော်သော အပင်ကြီးတွေဖြစ်နေပြီ။ အဓိပတိလမ်းမှာ အတော်ကို ကြီးနေကြပြီ။ ဆောင်းဝင်လာရင် အလှဆုံးပွင့်ကြလိမ့်မယ်။
အပင်သရုပ်
စိန်တံခြူဆိုတာ နှစ်ရှည်ခံခြုံပင်တစ်ပင်ဖြစ်ပြီး မျိုးရင်း Bignoniaceae ထဲမှာပါဝင်တယ်။ ထင်ရှားလှသော အင်္ဂလိပ်အမည်တွေက yellow trumpet bush, yellow bells, yellow elder, ginger-thomas တို့ ဖြစ်ကြတယ်။ Tecoma မျိုးနွယ်ဝင် အပင်လေးတွေဟာ United States Virgin Islands and the floral emblem of the Bahamas တွေရဲ့ official flower လည်းဖြစ်ပါတယ်။
စိန်တံခြူပင်လေးတွေရဲ့အရွက်က ရွက်ပေါင်း ဖြစ်တယ်။ သူ့မှာ လှံရှည်အသွားပုံ ရွက်မွှာ leaf lets တွေ ပိုင်ဆိုင်ပြီး ရွက်နားကတော့ လွှသွားပုံ ဖြစ်လို့နေတယ်။ တစ်ပင်လုံး ထူးခြားတာကတော့ ရွှေရောင်သန်းပြီး တောက်ပသော အဝါရောင်အဆင်းရှိတဲ့ ထရမ်းပက် trumpet ပုံစံပန်းများပါဘဲ။ အဆုပ်လိုက်ပွင့်တယ်။ အပင်က ခြောက်သွေ့သောမြေကို ခံနိုင်ရည်ရှိပြီး ပူနွေးသောရာသီမှာ ကောင်းစွာဖြစ်ထွန်းပါတယ်။ အဝါရောင် ပန်းအလှက ပျား၊ ပိတုန်း၊ လိပ်ပြာ၊ ငှက်ပိတုန်း များကို သွေးဆောင်နိုင်တယ်။ အပင်ကနေအသီးတောင့်များထုတ်ပေးပြီး အတွင်းထဲမှာတော့ အတောင်ပါသော အစေ့များကိုတွေ့နိုင်တယ်။ အစေ့ကနေ တစ်ဆင့်ပေါက်ပွားနှုန်း အလွန်ကောင်းလွန်းတာမို့ သူ့ကို ruderal species အဖြစ်သတ်မှတ်ထားကြတယ်။ ဒေသခံအပင်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေတတ်တယ်။ ကျောက်တောင်၊ သဲဆန်သောမြေ၊ ကွင်းပြင်တွေမှာလွယ်ကူစွာ ရှင်သန်ပေါက်ပွားနိုင်တာမို့ သူ့ကို invasive weed အနှောက်အယှက် ဖြစ်စေသော ပေါင်းပင်များ လို့တောင် တင်စားကြတယ်။ စိန်တံခြူပင်လေးတွေကို အလှစိုက်ရာမှာ စည်းရိုးသဖွယ် တန်းစီပြီးစိုက်ရင် အလွန်လှပါတယ်။ အပင်တွေက ကြွေကျသော ပန်းအဝါတွေကြောင့် အဝါရောင် ပန်းမွေ့ယာလိုမြေပြင်မှာမြင်ကြရမှာပါ၊
ဆေးဖက်ဝင်သောပန်း
လူတွေသိပ်မသိတဲ့အချက်ကတော့ သူဟာ ဆေးဖက်လည်းဝင်ပါတယ်။ မူလပထမ အသုံးပြုခဲ့ကြတာက ဆီးချိုရောဂါနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများကုသနိုင်ဖို့ပါ။ သူ့ရဲ့ အရွက်ရဲ့ extract တွေဟာ မိန်းမကိုယ်မှာအများဆုံးဖြစ်တတ်တဲ့ မှိုရောဂါ yeast infection (Candida albicans.) ရဲ့ ကြီးထွားမှုကို ပိတ်ပင်ဟန့်တားနိုင်တယ်။ အပင်ထဲမှာ များစွာသော ဓာတ်ပေါင်း compounds တွေပါပေမဲ့ ကြောင်မျိုးနွယ်ဝင် သတ္တဝါများအပေါ် သက်ရောက်စေတဲ့ catnip-like effects ဖြစ်စေသော ဓာတ်ပေါင်း compound ပါခြင်းက ထူးခြား မှတ်သား ဖွယ်ရာပါ။ အလှအပတွင်မက ဆေးဖက်လည်းဝင်လှသော စိန်တံခြူ အပင်လေးတွေပါ။
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026