အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း (၃)
အရင်အပတ်တွေ မြေကိုစနစ်တကျပြုပြင်ပြီး စိုက်ပျိုးသင့်သည့် သီးနှံပုံစံများအပြီးမှာ ဘောင်လုပ်၍စနစ်တကျမျိုးစေ့ချနည်းများကို ဒီတစ်ပတ်တွင် ဖော်ပြသွားပါမယ်။
ဟင်းသီးဟင်းရွက်များကို ဘောင်ဆွဲစိုက်ပျိုးရာတွင်….
ဘောင်မျက်နှာပြင်များညီညာအောင်ညှိခြင်း
ကြောင်းဆွဲပြီးအစေ့များကို ညီညီညာညာ ချရပါသည်။ တစ်ကျင်းလျှင် တစ်စေ့ထက်ပိုချသင့်သည်။ အစေ့ငယ်များကို စိုက်တန်းတလျှောက် ညီညာစွာ ကျစေရန် သဲအနည်းငယ်ရောပြီး ဖြူးရပါမည်။ စိုက်မြောင်းနက်နက်ဆွဲလိုပါက တူရွင်းပြားကို အသုံးပြုရပါမည်။ အနက်ညီအောင်စိုက်ရမည်။ ပုံမှန်အနက်သည် အစေ့အရွယ်ထက် လေးဆရှိရမည်။
မျိုးစေ့ချခြင်း
မျိုစေ့ငယ်များအကွာအဝေးညီပြီး အတိမ်အနက်ညီစေရန် ရေအိမ်သာသုံးစက္ကူအဖြူတစ်လွှာခင်းပြီး အစေ့များကို ဖြူးချရပါသည်။ အစေ့သေးများဖြစ်သောခါကျက်ဥစေ့နှင့် ဆလပ်စေ့များကိုမျိုးစေ့ချပြီး မြေဖုံးရာတွင် ၁/၄ လက်မ နှင့် ၁/၂ ထက်မပိုရပါ။ အစေ့ကြီးများဖြစ်သော ပြောင်းစေ့များ၊ ပဲစေ့များကို တစ်လက်မ သို့မဟုတ် နှစ်လက်မအနက် စိုက်ရသည်။ သဲဆန်မြေများတွင် အစေ့များကို ပိုနက်နက် စိုက်ပေးရသည်။
ကောက်ရိုးဖုံးခြင်း
အစေ့များကို မျိုးစေ့ချ မြေဖုံးပြီး မြေသားသိပ်သည်းစေရန် မြေကိုလက်ဖြင့် ဖိပေးရသည်။ မိုးစက် ရေစက်အရှိန်ဖြင့် မျိုးစေ့များ လွင့်စင်ထွက်မှုကို ကာကွယ်သည်။ ကောက်ရိုးဖုံးခြင်းခြင့် မြေတွင်းအစိုဓာတ်ကိုထိန်းပေးပြီး အစေ့အပင်ပေါက်မှုကို မြန်ဆန်စေသည်။
ရေလောင်းခြင်း
ကောက်ရိုးဖုံးပေါ်မှ ရေကိုဖြည်းညင်းစွာ ဖျန်းပေးရသည်။ ရေသွင်းမြောင်းဖြင့် ရေသွင်းပါက အစေ့စိုက်တန်းများကို အစိုဓာတ်ကောင်းစွာ ရရှိပါစေ။ အစေ့များအညှောင့်ပေါက်ရန် အစိုဓာတ်လိုအပ်သည်။ အစေ့များ၏ပတ်လည် ခြောက်သွေ့မှုကို ကာကွယ်ရန် ရေမကြာခဏ လောင်းပေးရသည်။ အပင်ငယ်များပေါက်လာပါက ရေလောင်းကြိမ်လျှော့ပြီး တစ်ခါလောင်းလျှင် ရေနက်နက်ထိဝင်အောင် များများလောင်းပါ။
သားခွဲပေးခြင်း
အပင်ငယ်များကို လိုအပ်သောအရေအတွက်ကျန်အောင်သားခွဲပေးရမည်။ ၎င်းသားခွဲမှုကို ဆောလျင်စွာဆောင်ရွက်ရမည်။ နောက်ကျပါကအပင်ပေါက်များထူလာသဖြင့် သားခွဲခြင်းသည် လက်ကျန်ပင်များကို ထိခိုက်သည်။
အရင်အပတ်က အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း (၂) ကို အောက်ပါလင့်တွင် လေ့လာပါ။
အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း (၂)
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....