ဘောင်တင်စိုက်ပျိုးရသော သီးနှံများနှင့် နှစ်ရှည်စိုက်ပျိုးရသော သီးနှံများ
ဘောင်တင်စိုက်ပျိုးရသောသီးနှံများ
ရေဝပ်ဒဏ်မခံနိုင်သော သီးနှံပင်များကို မိုးရာသီတွင် ကောက်ဖော်၍ စိုက်ပျိုးရသည်။ ရေစိမ့်ဆင်းမှု မကောင်းသောမြေများတွင်လည်း ဘောင်ဖော်၍ စိုက်ပျိုးရသည်။ ဘောင်၏အမြင့်ကို မြေ၏ အခြေအနေနှင့် မိုးရေချိန် အနည်းအများပေါ်မူတည်၍ သတ်မှတ်ရသည်။ မိုးများပါက ဘောင်ကို မြင့်မြင့်ဖော်၍ စိုက်ပျိုးရသည်။ မိုးနည်းပါက ဘောင်အမြင့်ကို အသင့်အတင့် ဖော်၍ စိုက်ပျိုးရသည်။ ဘောင်ဖော်၍ စိုက်ပျိုးရာတွင် မြေကို ပို၍မွအောင် ပြုပြင်ရသဖြင့် သီးနှံပင်ျား၏ အမြစ်စဉ်ဖွံ့ ဖြိုးရန် အထောက်အကူ ဖြစ်စေပါသည်။ ဘောင်ပြုပြင်ရာတွင် သီးနှံအကြွင်းအကျန်များ ကောက်ရိုးများတင်၍ မီးရှို့ခြင်းဖြင့် မြေတွင်းအောင်း ဖျက်ပိုးများနှင့် မြေဆောင်ကရာဂါများ ကာကွယ်ပေးနိုင်သည့် အကျိုးထူးများ ရရှိနိုင်သည်။ ဤသို့ဆောင်ရွက်ခြင်းကို မိရိုးဖလာနည်းအရ ပုရစ်ဖုတ်ခြင်းဟု ခေါ်သည်။ ဘောင်ဖြင့် စိုက်ပျိုးခြင်းသည် ဥစားနှင့် အမြစ်စားဟင်းသီးဟင်းရွက်များအတွက် ပို၍သင့်တော်ပါသည်။


နှစ်ရှည်ပင်များစိုက်ပျိုးခြင်း
နှစ်ရှည်ပင်များကို ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် စိုက်ပျိုးကြပါသည်။ အဓိက နှစ်ရှည်ပင်များမှာ လက်ဖက် ၊ ရာဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ကိုကိုး နှင့် အုန်း စသည့်အပင်များဖြစ်ပါသည်။ နှစ်ရှည်ပင်အများစုမှာ စက်မှုကုန်ကြမ်းသီးနှံပင်များဖြစ်ကြသည်။ နှစ်ရှည်ပင်များစိုက်ပျိုးရာတွင် ရေ၊ မြေ နှင့်သင့်တော်သော မျိုးကောင်းမျိုးသန့်နှင့် ကြီးထွားသန်စွမ်းသော ပျိုးပင်ကို ရွေးချယ်စိုက်ပျိုးရန်ပို၍ အရေးကြီးပါသည်။ အောင်မြင်သောနှစ်ရှည်ပင် စိုက်ခင်းများတွင် အပင်ဟောင်းများကိုဖယ်၍ အပင်သစ်များ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ရေး အတွက် စနစ်တကျထူထောင်ထားသည့် ပျိုးဥယျာဉ် တစ်ခုလိုအပ်သည်။ နှစ်ရှည်ပင်များ စိုက်ပျိုးရာတွင် စတင်ထုတ်လုပ်နိုင်သည့် သက်တမ်းသို့မရောက်မီ အကျိုးအမြတ်ရရှိစေရန်အတွက် ပဲမျိုးစုံကဲ့သို့ မြေဆီလွှာကို အကျိုးပြုစေသော သီးနှံများကို သီးညှပ် စိုက်ပျိုးပေးရမည်။ နှစ်ရှည်ပင်စိုက်ပျိုးရာတွင် ခြောက်သွေ့ရာသီ၌ ဖြစ်ပါ်တတ်သော မီးဘေးအန္တရာယ်မှ ကာကွယ်ရန် စနစ်တကျ မီးတားလမ်းများဖောက်လုပ်ထားရန် အရေးကြီးသည်။ မြေဩဇာကျွေးခြင်း၊ ခြောက်သွေ့ရာသီတွင် အစိုဓာတ်ထိန်းသိမ်းခြင်း၊ ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်ခြင်းတို့ ဆောင်ရွက်ပေးရမည်။

Crd# ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....