မှိုတွေကအပင်တွေကို ဘယ်လိုပုံစံနဲ့ ရောဂါဖြစ်စေတာလဲ..?
အပင်ကရောဂါအများစုသည် မှိုကြောင့်ဖြစ်ပွား၏။ မှိုတို့သည် အပင်မျိုးများဖြစ်ကြသည်။ သို့ရာတွင် အပင်များကဲ့သို့ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလင်းဖြင့်ကြည့်ရသော မိုက်ခရိုစကုပ်နှင့်သာမြင်ရသည်။ အပင်များကဲ့သို့လည်း ပင်စည်၊ အရွက်၊အမြစ် ဟူ၍ ခွဲခြားမပါရှိပါ။ မှိုတို့သည် အမျှင်ပုံများဖြစ်ကာ အကိုင်းဖြာ၏။ မှိုအမျှင်များတွင် အစိမ်းကရာင်ခြယ် ဆေးမပါရှိပါ။ အပင်ကြီးများကဲ့သို့ မိမိတို့ အစာကို မိမိတို့ကိုယ်တိုင်မချက်နိုင်ကြပါ။ သို့ဖြစ်၍ အခြားသောအပင်များကို ကပ်စားခြင်း၊ သက်မဲ့ ဩဂဲနစ်ပစ္စည်းများကို စားခြင်းတို့ ပြုကြရသည်။
မှိုများမျိုးပွားချိန်တန်သောအခါ လိင်ပေါင်းနည်းဖြင့်သော်လည်းကောင်း၊ လိင်မဲ့နည်းဖြင့်သော်လည်းကောင်း မျိုးပွား၍ မျိုးစေ့ကဲ့သို့သော စပိုးမုန်များထုတ်လုပ်ကြသည်။

ယင်းစပိုးမှုန်တို့သည် ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိတတ်ကြပြီး အလွန်သေးငယ်ပေါ့ပါး၍ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ပျံ့လွင့်နိုင်ကြသည်။ မှိုစပိုးမှုန်သည် တစ်နည်းနည်းအားဖြင့် အပင်အင်္ဂါအစိတ်အပိုင်းတစ်ခု၏ မျက်နှာပြင်ပေါ်သို့ ကျရောက်ပြီး အစိုဓာတ်၊ အပူချိန်တို့သင့်လျော်ပါက မျိုးညှောင့်ပေါက်လာသည်။ ဤမျိုးညှောင့်သည် လက်ခံတစ်သျူးအတွင်းတွင် ဆက်လက်ရှည်လျား၍ အစာစုပ်အင်္ဂါများ ဖြစ်ပေါ်စေပြီး လက်ခံဆဲလ်အတွင်းမှ ဓာတ်ပါင်းများကို စုပ်ယူစားသုံးသည်။ ဤသို့ဖြင့် လက်ခံတစ်သျှူး သေစေခြင်း၊ ပုပ်စေခြင်း၊ ညှိုးစေခြင်း ၊ ခြောက်စေခြင်း စသည်တို့ ဖြစ်ပေါ်စေသည်။
လက်ခံတစ်သျူးအတွင်းတွင် မှိုမျှင်များ ကြီးထွားရှည်ထွက်လာ၍ အကိုင်းများ ဖြာလာကြ၏။ မျိုးပွားချိန်တန်သော် စပိုးသီးများ၊ စပိုးမုန်များ ဖြစ်ပေါ်လာကြသည်။ ယင်းတို့ပျံ့လွင့်ခြင်းဖြင့် ရောဂါထပ်မံ ဖြစ်ပွား ကူးစက်စေသည်။
မြန်မာနိုင်ငံတွင် အဖြစ်များသော မှိုရာဂါများမှာ စပါးဂုတ်ကျိုးရောဂါ၊ ကြံအူနီရောဂါ၊ မြေပဲရွက်ပြောက်ရောဂါ၊ ဂျုံနနွင်းရောဂါ၊ စပျစ်ရွက်ခြောက်ရောဂါ၊ ခရမ်းချဉ်နှင့် အာလူးလောင်မည်း ရောဂါ စသည်တို့ဖြစ်ကြသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မင်းလေးရဲ့ကိုယ်ရံတော်
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုဆေးတွေနဲ့ကာကွယ်ရမယ် ဘယ်လိုဆေးတွေနဲ့ကုသရမယ်ဆိုတာထည့်ပြောအုံးလေ ဆေးaiလေးတွေပေါ့တောင်သူတွေကရိုးကြလွန်းတယ် မသိကြဘူးလေ
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026