မျိုးကောင်းမျိုးသန့် ထုတ်လုပ်စိုက်ပျိုးခြင်းဆိုင်ရာနည်းလမ်းများ
(က) မျိုးတင်သွင်းခြင်း
ဒေသတစ်ခုတွင်စိုက်ပျိုးသော အပင်ကို အခြားသောဒေသတစ်ခုသို့ တင်သွင်းခြင်းကို မျိုးတင်သွင်းခြင်းဟု ခေါ်သည်။ နိုင်ငံတစ်ခုအတွင်းရှိ တိုင်း (သို့) ပြည်နယ်တစ်ခုမှ စိုက်ပျိုးနေသော အပင်များကို အခြားတိုင်း (သို့) ပြည်နယ်တစ်ခုသို့တင်သွင်းခြင်း၊ မြို့နယ်တစ်မြို့မှ စိုက်ပျိုးနေသောအပင်များကို အခြားမြို့တစ်မြို့သို့ တင်သွင်းခြင်းကို ဒေသအတွင်းရှိ မျိုးများ စုဆောင်းခြင်း (သို့) ဒေသမျိုးများတင်သွင်းခြင်းဟု ခေါ်သည်။ နိုင်ငံတစ်ခုမှ စိုက်ပျိုးနေသောအပင်များကို အခြားနိုင်ငံတစ်ခုသို့ တင်သွင်းခြင်းကို နိုင်ငံခြားမှ တင်သွင်းခြင်းဟုခေါ်သည်။
(ခ) မျိုးရွေးချယ်ခြင်း
မျိုးရွေးချယ်ခြင်းဆိုသည်မှာ ကောင်းမွန်သောလက္ခဏာများရှိသည့် အပင်များကို သီးခြားရွေးထုတ်ပြီး ပင်တည်းဝတ်မှုန်ကူးခြင်းကို နောက်သားဆက်များစွာ ပြုလုပ်ပေးခြင်းဖြစ်သည်။ မျိုးရွေးချယ်ခြင်းတွင် ပင်တည်းဝတ်မှုန်ကူးသောအပင်များကို မျိုးရွေးချယ်ခြင်းနှင့်ပင်ခြားဝတ်မှုန်ကူးသော အပင်များကို မျိုးရွေးချယ်ခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

(ဂ) မျိုးစပ်မွေးမြူခြင်း
မျိုးစပ်မွေးမြူခြင်း၏ရည်ရွယ်ချက်မှာ အပင်၏မျိုးရိုးလိုက်နိုင်စွမ်းအား တိုးတက်ကောင်းမွန်ရန်နှင့် မျိုးအသစ်တစ်ခုထုတ်လုပ်နိုင်ရန် ဖြစ်ပါသည်။ မျိုးစပ်၍ရရှိလာသော မျိုးသစ်များထဲမှ မူလရှိသော မျိုးများထက် အဖက်ဖက်မှ သာလွန်ကောင်းမွန်သော မျိုးများကိုသာ မျိုးသစ်အဖြစ် အသုံးပြုပါသည်။ ယေဘုယျအားဖြင့် ပို၍ကောင်းမွန်သော မျိုးတစ်ခုတွင် အထွက်နှုန်းမြင့်ပြီး အရည်အသွေးကောင်းမွန်သော လက္ခဏာများပါရှိရမည်။ ကောင်းမွန်သောလက္ခဏာများဆိုသည်မှာ အထွက်နှုန်းကောင်းမွန်ခြင်း၊ အရည်အသွေးလက္ခဏာများ ကောင်းမွန်ခြင်း၊ ရောဂါနှင့် ပိုးမွှားဒဏ်ကိုခံနိုင်ခြင်း၊ ဆိုးဝါးသော ပတ်ဝန်းကျင်အခြေအနေကို ခံနိုင်ရည်ရှိခြင်း စသည်တို့ဖြစ်ပါသည်။
(ဃ) မျိုးထွန်းမွေးမြူခြင်း
မျိုးထွန်းခြင်းဆိုသည်မှာ ဆဲလ်တစ်ခုအတွင်းရှိ မျိုးရိုးလိုက်နိုင်သောပစ္စည်းများကို ရုတ်တရက် ပြောင်းလဲခြင်းဖြစ်ပြီး ဆက်လက်၍ နောင်သားဆက်များအထိ မျိုးရိုးလိုက်ခြင်းကိုခေါ်သည်။ မျိုးထွန်းခြင်းတွင် သဘာဝအတိုင်းမျိုးထွန်းခြင်းနှင့် လူမှဖန်တီးသော မျိုးထွန်းခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
သဘာဝအတိုင်းဖြစ်သော မျိုးထွန်းခြင်းသည် အလွန်နှေးကွေးသော ဖြစ်စဥ်ဖြစ်သည်။ လူမှဖန်တီးသော မျိုးထွန်းခြင်းသည် မျိုးထွန်းစေသော အကူပစ္စည်းများကို အသုံးပြု၍ မျိုးထွန်းစေခြင်း ဖြစ်သည်။ ဥပမာ အိက်စ်ရေး (X-rays) ပေးခြင်း၊ Gamma-rays (ဂါမာရေးစ်) ပေးခြင်းနှင့် ဓာတုပစ္စည်းများအသုံးပြု၍ မျိုးထွန်းစေခြင်းဖြစ်သည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026