မျိုးစေ့တွေက ခရီးသွားသလား
သွားတာပေါ့။ နည်းလမ်း (၄) မျိုးနဲ့ သွားပါတယ်တဲ့။ ဘာလို့ခရီးသွားကြတာလဲ။
တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့လေ။ သူတို့မှာလည်း သူတို့အတွက် ကောင်းမွန်တဲ့ ရေမြေရာသီဥတုကို ရှာဖွေနိုင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့မျိုးပွား ပေါက်ရောက်ခြင်းအားဖြင့် မျိုးတုန်းမှုကို ကာကွယ်နိုင်တာဖြစ်ပါတယ်။ အဲ့ဒါကတော့ သဘာဝကဖြစ်တဲ့ ဂေဟစနစ် ထိန်းသိမ်းမှုပါပဲ။
(၁) လေ
လေက မျိုးစေ့တွေကို သူတို့မိခင်အပင်ကနေ သယ်ဆောင်ပေးနိုင်ပါတယ်။ လေနဲ့ ခရီးသွားတဲ့မျိုးစေ့တွေကလည်း သူတို့မှာ လေထီးလိုမျိုး တည်ဆောက်ပုံလေးတွေ ရှိတတ်ပါတယ်။ အဲ့လိုတည်ဆောက်ပုံလေးတွေကြောင့်လည်း လေနဲ့တင် ခရီးတော်တော်များများကို ရောက်ပါတယ်။ ဘယ်လိုအပင်တွေပါသလဲဆိုတော့ သစ်ခွလည်းပါမယ်။
(၂) ရေ
ရေနဲ့လည်း ခရီးသွားတဲ့ မျိုးစေ့တွေ။ ကမ်းစပ်နားကျတဲ့ အပင်တွေကနေ မျိုးစေ့တွေက ရေထဲကိုကျတယ် နောက်ထပ်ကမ်းတစ်ခုမှာ သွားတင်တယ်။ သရက်စေ့လိုမျိုး၊ သဖန်းပင်တွေလိုမျိုး အပင်တွေဖြစ်ပါတယ်။ အုန်းသီးတွေလည်း ပါတာပေါ့။ သူတို့တွေက ရေကိုသုံးပြီး သူတို့အပင်တွေကို တစ်နေရာကနေ တစ်နေရာကို ရောက်ရှိပြီးတော့ မျိုးပွားနိုင်ကြပါတယ်။
(၃) သတ္တဝါတွေအားဖြင့်
ညောင်စေ့တွေကို ငှက်ကလေးတွေကစားတယ်။ နောက်တော့ ညောင်ပင်လေးတွေက ပေါက်လာတယ်။ လူတွေသွားတဲ့လမ်းဘေးက ခြုံပုတ်ကနေ ငြိလာလိုက်တာ မနည်းပြန်ခွာထုတ်ပြီး ပစ်ရတယ်ဆိုတာတွေက သတ္တဝါတွေအားဖြင့် မျိုးစေ့တွေ ပျံ့နှံ့တာဖြစ်ပါတယ်။
ဒီထဲမှာမှ ပြန်ခွဲရင်တော့ အများကြီးရှိတာပေါ့လေ။ လူတွေသယ်လို့ စက်ပစ္စည်းကိရိယာတွေကြောင့်မို့ စတဲ့အချက်တွေကိုလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။
(၄) ပေါက်ကွဲထွက်တယ်။
Squirting cucumber (Ecballium elaterium) ဆိုတဲ့ သခွားမျိုးဟာ သူ့ဘာသာ ပေါက်ကွဲထွက်နိုင်ပါတယ်။ ပေါက်ကွဲလိုက်ရင် အကွာအဝေးတစ်ခုကိုရောက်ရှိနိုင်ပြီးတော့ မျိုးပွားနိုင်ပါတယ်။ အဲ့သခွားမျိုးကတော့ ပေါက်ကွဲထွက်လိုက်ရင် နေရာတော်တော်လှမ်းလှမ်းကိုရောက်ပါတယ်တဲ့။
(၅) မြေသားပေါ်မှာ လမ်းလျှောက်တယ်။
အခွံမာသီးတွေကိုပြောတာပါ။ သူတို့ကတော့ လျှောက်တာတော့မဟုတ်ပါဘူး။ ကုန်းပေါ်က အုန်းပင်ကြောင့် ကုန်းအောက်မှာ အုန်းပင်ပေါက်နိုင်တယ်လေ။ အုန်းသီးကြွေကျပြီး လိမ့်လာတာပေါ့။ ဗာဒန်ပင်ဆိုလည်း မျိုးစေ့တွေက လိမ့်လိမ့်ပြီး တစ်နေရာမှာ ရောက်သွားပြီး အပင်တွေပေါက်လာ အရိပ်ကြီးရ.... အဲ့လိုနဲ့ မျိုးစေ့တွေက ပျံ့နှံ့ကြပါတယ်။ ထင်းရှုးတောကြီး အဲ့လိုဖြစ်လာကြတာပဲလေ။
(၇) နောက်ဆုံးတစ်ခုကတော့ ပေါင်းစပ်ပေါ့
လေတိုက်လိုက် မိုးရွာလိုက် အောက်ကိုစီးလိုက် လူကကောက်သွားလိုက် ငှက်ထိုးလို့ ရွေ့လိုက်နဲ့ နေရာအနှံ့ကိုပျံ့နှံလာတာမျိုးတွေ ဖြစ်လာပါတယ်။
ဒီပေါင်းတွေ အရင်က မမြင်ဖူးပါဘူး ခုမှပေါက်လာတာဆိုတာတွေက အဲ့လိုပျံ့နှံမှုတွေကြောင့် ပွားများလာတာပါလို့။
ထွန်းဝင်းကျော်
http://ensconet.maich.gr/People_Dispersal.htm
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026