အိမ်တိုင်းစိုက်ထားသင့်သည့် ထောလပတ်ပင်
ထောလပတ်ပင်ဆိုသည်မှာ ဆံပင်သန်ရန်အတွက်သုံးသော အပင်တစ်မျိုးဟု လူသိများကြပြီး ထောလပတ်ရွက်ကို မတွေ့ဖူးသူများပင်ရှိ၏။ ထောလပတ်ပင်၏ အသုံးဝင်ပုံမှာ ဆံပင်တွက်ပင်မက အခြားသောရောဂါများတွက်လည်း အသုံးပြုနိုင်သေးသည်။
ထောလပတ်ပင်၏ မူရင်းပေါက်ရောက်ရာဒေသသည် အိန္ဒိယနိုင်ငံဖြစ်ပြီး ပူနွေးစိုစွတ်သောဒေသတွင် ကောင်းစွာရှင်သန်သော ခြုံပင်အမျိုးအစားဖြစ်သည်။ ရာသီဥတုဒဏ်ကိုကြံကြံခံနိုင်ကာ အစိမ်းရင့်ရောင်အရွက်ချွန်များရှိပြီး အပွင့်မှာ ဗျိုင်းဖြူလေးများသဖွယ်ဖြစ်၏။
ထောလပတ်ပင်ကို အင်္ဂလိပအမည် Snake Jasmine ဟုလည်းကောင်း White Crane flowers ဟုလည်းကောင်းခေါ်၏။ သိပ္ပံအမည်မှာ Rhinacanthus nasutus ဖြစ်ပြီး Acanthaceae မျိုးရင်းတွင် ပါဝင်သည်။ အရွက်မှာ ၄-၁၀ စင်တီမီတာ ထိရှိပြီး အပင်အမြင့်သည် ၁ မီတာ မှ ၂ မီတာ(၃ - ၆ ပေ) ထိရှိ၏။
ထောလပတ်ပင်တွင် ကျန်းမာရေးအတွက် အကျိုးများစွာရှိ၏။ ၎င်းတို့မှာ ဆံပင်သန်စေခြင်း၊ နှင်းခူစသော အရေပြားရောဂါများတွင် အသုံးပြုနိုင်ခြင်း၊ သွေးတိုးရောဂါအတွက်အသုံးပြုနိုင်ခြင်း၊ ကင်ဆာရောဂါကို ကာကွယ်စေခြင်း၊ အဆုတ်နာရောဂါများအတွက်အသုံးပြုနိုင်ခြင်းတို့ဖြစ်သည်။
ဆံပင်အတွက်အသုံးပြုရာတွင် ထောလပတ်ရွက်များအားခူးကာ ရေဆေးပြီး ထောင်း၍ဖြစ်စေ ကြိတ်၍ဖြစ်စေ ရလာသောအရည်အား ဦးရေပြားတွင် ခေါင်းမလျှော်မီနှစ်နာရီခန့် ကြိုတင်ထည့်ပေးခြင်းဖြင့် ဆံပင်များသန်ခြင်း၊ ကျွတ်ခြင်းမှကင်းဝေးခြင်း၊ ဦးရေပြားအေးမြစေကာ ထောလပတ်ရွက်တွင်ပါဝင်သော ဓာတ်များသည် မှိုများ၊ ဘက်တီရီးယားများကို သေစေနိုင်သဖြင့်် ဗောက်များအားသက်သာခြင်း စသောအကျိုးများရပါသည်။ အကယ်၍ အစိမ်းရည်ကို အသုံးမပြုလိုပါက လေနှင့်အခြောက်ခံကာ အုန်းဆီတွင်စိမ်၍ လူးပါကလည်း ဆံပင်များအား နက်မှောင်စေပါသည်။ မျက်ခုံးနှင့် မျက်တောင်များအား ထူထဲစေရန်လည်း အစိမ်းရည်ဖြစ်စေ ထောလပတ်စိမ်ထားသော အုန်းဆီကိုဖြစ်စေ အသုံးပြုနိုင်ပါသည်။

အရေပြားအတွက်မူ ထောလပတ်ရွက်တွင်ပါသော အာနိသင်သည် မှိုများ၊ ဘက်တီးရီးယားများကိုသေစေခြင်း၊ အရေပြားယားယံမှုကို လျော့နည်းစေခြင်းတို့ကြောင့် ပွေး၊ နှင်းခူ၊ ရေယုန်တို့တွင် အရွက်အစိမ်းရည်အားသုတ်လူး၍ အသုံးပြုနိုင်ပါသည်။

သွေးတိုးရောဂါအတွက်မူ ထောလပတ်ရွက်တွင်ပါသော Rhinacanthus A နှင့် B ကဲ့သို့သော အရာများသည် သွေးဖိအားကို လျော့နည်းစေသောကြောင့် သွေးတိုးရာမှ ဆက်စပ်သည့် နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ ပိတ်ခြင်းများကို ကာကွယ်ပေးကြောင်း တွေ့ရပါသည်။
ထောလပတ်ရွက်တွင်ပါသော antioxidant များသည် ကင်ဆာရောဂါဖြစ်စေသော အရာများကို လျော့ချစေသဖြင့် ကင်ဆာရောဂါသည်များတွင် ထောလပတ်ရွက်ကို ပြုတ်၍ သုပ်စားခြင်း၊ ပြုတ်သောက်ခြင်းများ ပြုလုပ်ကြကြောင်းသိရပါသည်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့်အတွက် ဆီးချိုဝေဒနာရှင်များကလည်းအရွက်ကို အသုံးပြုကြပါသည်။
ထို့အပြင် အိန္ဒိယတွင် ထောလပတ်အမြစ်အား အဆိပ်ရှိသော မြွေကိုက်ဒဏ်ရာများတွင်မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြောင်းလည်း သိရပါသည်။ ထိုသို့ မြွေကိုက်ဒဏ်ရာတွင် အသုံးပြုနိုင်၍ Snake Jasmine ဟုခေါ်ကြောင်းလည်း သိရပါသည်။
ထိုသို့ ဘက်စုံအသုံးဝင်ကာ စိုက်ပျိုးရလွယ်ကူသော ထောလပတ်ပင်မှ တန်ဖိုးမြင့်ထုတ်ကုန်များလုပ်ကာ မြန်မာနိုင်ငံတွင် စျေးကွက်တွင်ကျယ်စွာရောင်းချနိုင်ခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံတွင်မူ ထောလပတ်ရွက်ခြောက်ရေနွေးကြမ်းများ ပြုလုပ်သောက်သုံးနေကြပြီဖြစ်ပါသည်။ ယခုအခါ မြန်မာပြည်တွင် ထောလပတ်ခေါင်းလျှော်ရည်၊ ထောလပတ်အုန်းဆီများ ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း လူသုံးနည်းလျက်ရှိပါသေးသည်။ စိုက်ပျိုးရလွယ်ကူကာ အကြမ်းခံနိုင်၍ သွင်းအားစုနည်းသော ထောလပတ်ပင်များစိုက်ပျိုးကာ ဓာတုလျှော့ အော်ဂဲနစ်ထောလပတ်ခေါင်းလျော်ရည်၊ ထောလပတ်အုန်းဆီများကို စနစ်တကျနှင့် သုံးစွဲသူများလိုချင်စဖွယ်ဖြစ်အောင် ထုတ်ပိုးထုတ်လုပ်ရောင်းချနိုင်ပါက အကျိုးအမြတ်များများပြန်ရနိုင်မည့်အပြင် သုံးစွဲသူများအတွက်လည်း ပြည်တွင်းထုတ် အဆင့်မြင့် သဘာဝအလှကုန်များကို သုံးစွဲနိုင်မည်ဖြစ်ပါသည်။ ထိုသို့သော များစွာအကျိုးရှိသည့် ထောလပတ်ပင်ကို တစ်အိမ်တွင်တစ်ပင် အနည်းဆုံးစိုက်ပျိုးထားသင့်ကြောင်း ဖော်ပြပေးလိုက်ရပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022