အိမ်တွင်းလေထု သန့်စင်ပေးနိုင်တဲ့ ယောက္ခမလျှာ အပင်
ဒီအပင်ကတော့ မြွေတူပင်၊ မြွေပန်းပင်၊ ယောက္ခမလျှာ စသည်ဖြင့် နာမည်မျိုးစုံ ခေါ်ဆိုကြပြီး စာဖတ်သူတို့နဲ့ ရင်းနီးလိမ့်မယ်လို့ ထင်ပါတယ်။ ယောက္ခမလျှာအပင်ရဲ့ မူရင်းဒေသတွေကတော့ အာဖရိကဒေသတွေဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်းဒေသနဲ့ ကွန်ဂိုနိုင်ငံတို့ ဖြစ်ပါတယ်။ ဒီအပင်ဟာ နှစ်ရှည်ပင်၊ အမြဲစိမ်းပင်ဖြစ်ပြီး သူ့မှာ မြေလျှောက်ပင်စည်လည်း ပါရှိပါတယ်။ ပင်စည်ဟာ တစ်ခါတစ်ရံ မြေအောက်မှာ တွေ့ရတတ်သလို မြေပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ အရွက်အရင့်တွေဟာဆိုရင်တော့ အစိမ်းရင့်ရောင်နဲ့ မီးခိုးဖျော့ရောင်ရှိပြီး တွန့်လိမ်ပြီး ကွေးနေတတ်ပါတယ်။ အရွယ်ရောက်ပြီးသား အပင်မှာ အရွက်ဟာ ၂၈ လက်မမှ ၃၅ လက်မှထိ ရှည်လျားကြီးထွားနိုင်ပါတယ်။ အရွက်ရဲ့ မျက်နှာပြင် အကျယ်ဟာ ၂ လက်မမှ ၂.၄ လက်မ ဝန်းကျင်အထိ ရှိတတ်ပါတယ်။ အပင်ဟာ သူ့အတွက် ကောင်းမွန် သင့်တော်တဲ့ ပတ်ဝန်းကျင်မှာ ဆိုရင် အမြင့် ၆ ပေ လောက်အထိကို ရှင်သန်ကြီးထွားနိုင်တာပဲ ဖြစ်ပါတယ်။
ဒီအပင်ဟာဆိုရင် အပင်မျိုးစိတ် အနည်းငယ်မှာသာ တွေ့ရတတ်တဲ့ ဇီဝကမ္မဖြစ်စဥ်တစ်ခုကို အသုံးပြုပြီး အောက်စီဂျင်နဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ် ဖလှယ်တဲ့ အလုပ်ကိုလုပ်ပေးပါတယ်။ အဲ့ဒီ အခြေအနေကြောင့်ပဲ ဒီအပင်ဟာ ရေငတ်တဲ့ ဒဏ်ကို ကောင်းကောင်း ခံနိုင်ရည်ရှိတာလည်း ဖြစ်ပါတယ်။ အရွက်ရဲ့ မျက်နှာပြင်မှာ ရှိနေတဲ့ လေရှူပေါက်တွေဟာ အောက်စီဂျင်နဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ် ဖလှယ်တဲ့ အလုပ်ကို လုပ်ပေးပါတယ်။ လေရှူပေါက်တွေဟာ ညဘက်မှာသာလျှင် ပွင့်တာဖြစ်ပြီး နေ့ခင်းဘက်မှာတော့ ရေငွေ့ပျံခြင်းကို ကာကွယ်ဖို့အတွက် ပိတ်ထားတာပဲ ဖြစ်ပါတယ်။ ညဘက်လေရှူပေါက်တွေ ဖွင့်တဲ့ အချိန်မှာတော့ အောက်စီဂျင်ကိုပါ ထုတ်လွှတ်ပေးတာဖြစ်ပါတယ်။

ဒီအပင်ဟာ အမြဲစိမ်းပင် ဖြစ်ပြီးအိမ်တွင်းလေကို သန့်ရှင်းစေပါတယ်။ ဒါ့ကြောင့် လည်း အိမ်တွေမှာ အလှစိုက်အပင်အဖြစ်နဲ့ စိုက်ပျိုးလာကြတာပဲ ဖြစ်ပါတယ်။ အိမ်အပြင် ပူနွေးတဲ့ အခြေအနေမှာရော အိမ်အတွင်း အေးတဲ့ အခြေအနေမှာပါ ရှင်သန်ကြီးထွားနိုင်ပါတယ်။ အလင်းရောင်နဲ့ ရေလိုအပ်ချက်လည်း နည်းတဲ့အတွက် အိမ်အတွင်းမှာ အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ ရေအများကြီး လောင်းမိရင်တော့ အမြစ်ပုပ်နိုင်ပါတယ်။
အချို့သော သုတေသနပြု ဖော်ပြချက်တွေ အရ ဒီအပင်ဟာ အိမ်တွင်းနဲ့ အခန်းတွင်းထဲမှာ ဓာတ်ပြု အဆိပ်အတောက် ဖြစ်စေတဲ့ အငွေ့အသက်တွေ၊ ဥပမာ ဖော်မလင်နံ့၊ နိုက်ထရိုဂျင် အောက်ဆိုက်၊ ဘင်ဇိုင်းနဲ့ အခြား အန္တရာယ်ဖြစ်စေတဲ့ အနံ့အသက်တွေကိုလည်း သန့်ရှင်းစေတယ်လို့ သိရပါတယ်။
အပင်ကို ဖြတ်ပြီးတော့ဖြစ်ဖြစ်၊ မြေအောက်ပင်စည်ကနေ ခွဲယူပြီးတော့ ဖြစ်ဖြစ် ပြန်လည်မျိုးပွား စိုက်ပျိုးနိုင်ပါသေးတယ်။ မိမိအိမ်မှာ ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတယ်ဆိုရင်တော့ သူတို့ မစားမိအောင် သတိထားဖို့ လိုအပ်ပါတယ်။ စားမိရင် သူတို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။
ယောက္ခမလျှာ အပင်တွေဟာ အခန်းတွင်း အလင်းရောင် နည်းနည်းမှာရော၊ အပြင်ဘက် နေရောင်ခြည်အောက်မှာရော ရှင်သန်နိုင်တဲ့ အပြင် ရေလည်း အနည်းငယ်ပဲ လိုပါတယ်။ ပြီးတော့ စိုက်ပျိုး ထိန်းသိမ်းရတာ လွယ်ကူသလို လေကိုလည်း သန့်စင်ပေးတဲ့ အတွက်ကြောင့် မိမိရဲ့အိမ်အတွင်းမှာရော ခြံဝန်းထဲမှာပါ အလှစိုက်အပင်အနေနဲ့ စိုက်ပျိုးသင့်ကြောင်း ရေးသားရင်း။
ဇင်ထူးနိုင်
ကိုးကားချက်
https://en.wikipedia.org/wiki/Dracaena_trifasciata
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....