မျိုးစေ့တွေအကြောင်း လေ့လာမယ်
မျိုးစေ့တွေကို လေ့လာမယ်ဆို ပထမဆုံး သိရမှာကတော့ မျိုးစေ့အမျိုးအစားတွေပါပဲ။ ကိုယ်စိုက်နေတဲ့ မျိုးစေ့က ဘယ်လိုမျိုးစေ့ဖြစ်တယ်။ ဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာကို သိထားတော့ အကောင်းဆုံးပေါ့။ စလိုက်ကြရအောင်
မျိုးစေ့တွေကို သူတို့ရဲ့ ဘယ်ကဖြစ်လာသလဲဆိုတာကို အခြေခံပြီးတော့ အမျိုးအစားခွဲရင် (၃) မျိုးရှိပါတယ်။ မျိုးစေ့အဆင့်တွေကနေ အခြေခံတာ မဟုတ်ပါဘူးနော်။
(၁) Open Pollinated Seed - လွတ်လပ်တဲ့ ဝတ်မှုန်ကူးမျိုးပွားစေ့
ခက်က်ခဲခဲကြီး မဟုတ်ပါဘူး။ ဒေသမျိုးတွေ ပါဝင်ပါတယ်။ အပင်တွေစိုက်ထားလိုက်တယ် ပျားတွေ ပိတုန်းတွေကြောင့် တစ်ပင်နဲ့တစ်ပင်ကို ဝတ်မှုန်ကူးလာတယ် မျိုးအောင်တယ် အစေ့ဖြစ်လာတယ်။ အဲ့အစေ့ကို ပြန်စိုက်လို့ရတယ်။ ပန်းပွင့်ပြီး ဝတ်မှုန်ကူးတယ် မျိုးပွားတယ် သူ့ဘာသာဖြစ်လာတဲ့ မျိုးစေ့ဖြစ်ပါတယ်။ တစ်ချို့အပင်တွေက မပွင့်ခင်ကတည်းက သူတို့ဘာသာ အထဲမှာ ကိုယ်တိုင်ဝတ်မှုန်ကူးပြီးတော့ မျိုးအောင်နေပြီ။ အဲ့လို အပင်တွေကနေရတဲ့ မျိုးစေ့တွေကိုလည်း အတိုကောက်နဲ့ OP လို့ ခေါ်ပါတယ်။
မိဘမျိုးရင်း မျိုးစေ့တွေပါ။ ဆိုတော့ စိုက်တာလည်း ကြာနေပြီ မျိုးကွဲတွေလည်း အများကြီးပါဝင်နေပါပြီ။ ဆိုတော့ ကိုယ်က မိဘ ဘိုးဘေး လက်ထက်က စိုက်ခဲ့တဲ့ မျိုးကိုပဲ မျိုးပြန်ယူပြီး စိုက်နေတယ်ဆို ငါက OP စိုက်တာလို့ ပြောလို့ရပါပြီ။
(၂) Heirloom Seeds - အမွေအနှစ် မျိုးစေ့
အယူအဆနဲ့ရှိကြတဲ့ နာမည်တပ်ထားတဲ့ မိဘမျိုးစေ့တွေပေါ့။ ဟိုးမြန်မာ ဘုရင်တွေခေတ်ကလိုဆို သရက်မျိုးတွေ ကို မင်းမျိုးမင်းနွယ်တွေပဲ စားရတယ်။ တော်ဝင်မျိုးနွယ်တွေကပဲ ထိန်းသိမ်းထားတယ် ဆိုတာမျိုး ကြားဖူးခဲ့ပါတယ်လေ။ အဲ့လို အကောင််းဆုံးတွေ ရွေးချယ်ပြီးတော့ ထိန်းသိမ်းထားတာကို ခံရတဲ့ W အမွေအနှစ်မျိုးစေ့ရယ်လို့ ခေါ်ပါတယ်။
သူတို့က ပြောရမယ်ဆို ခုဏ ကပြောပြခဲ့တဲ့ မိဘမျိုးရင်း မျိုးစေ့ဖြစ်တဲ့ OP ထဲမှာပါပါတယ်။ ဒါပေမဲ့ OP တိုင်းတော့ အမွေအနှစ်မျိုးစေ့ ထဲမှာ မပါပြန်ပါဘူး။ ဘာလို့လဲဆို OP ထဲက အကောင်းဆုံးတွေကိုရွေးထားပြီးမှာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့ကြတာမို့ပါ။ ဆိုတော့ ကိုယ်တွေ မျိုးစဉ်ဘောင်ဆက်က စိုက်ခဲ့တဲ့မျိုး၊ ကိုယ်တွေဆီမှာပဲ ရှိတဲ့ မျိုးကို စိုက်တယ်ဆိုရင် ကိုယ်က Heirloom seed ကိုစိုက်တဲ့ တောင်သူပါ လို့ ပြောလို့ရပါပြီ။
(၃) F 1 Hybrid - စပ်မျိုး
စပ်မျိုးတွေက ဘယ်လို ဘယ်လိုတွေ လဲဆိုတာ ခုစိုက်နေကြတဲ့မျိုးတွေ၊ အထုပ်လှလှလေးတွေနဲ့ တရားဝင် ရောင်းဝယ်နေကြတဲ့ မျိုးစေ့ထုတ်လေးတွေထဲက အစေ့လေးတွေက စပ်ထားတဲ့ စပ်မျိုးတွေဖြစ်ကြပါတယ်။ ခု Green way က အွန်လိုင်းဈေးတန်းကြီးထဲက မျိုးစေ့ဆိုင်တွေ လေ့လာကြည့်လိုက်ပါ။ စပ်မျိုး မျိုးစေ့တွေကို အလွယ်တကူ ဝယ်လို့ရပါလိမ့်မယ်။
သူတို့ကို မျိုးစေ့ကနေ စစိုက်လိုက်မယ်။ အပင်က အရမ်းကို သန်မာတယ် ရောဂါလည်း ခံနိုင်တယ် အထွက်လည်း ကောင်းတယ်ပေါ့။ သူတို့ရဲ့ အားသာချက် တွေကြောင့်လည်း စိုက်ကြတာပါ။ ဒါပေမဲ့ သူတို့ကနေ မျိုး ပြန်ယူပြီး စိုက်မယ်ဆိုရင် မျိုးမငြိမ်တာဖြစ်သွားပါလိမ့်မယ်။ ပထမစိုက်တုန်းကလို အဆင်ပြေမနေပဲ ပုတာ ပု ရှည်တဲ့ အပင်ရှည်တာလိုမျိုး၊ အပငိအရည်အသွေး မကောငိးတာတွေဖြစ်လာပါလိမ့်မယ်။ သူတို့က မျိုးစပ်ထားတာမို့လို့ပါ။
လိုချင်တဲ့ အရည်အသွေးရှိတဲ့ အဖိုလိုင်းနဲ့ အမလိုင်းကို ယူပြီးတော့ သူတို့ကို ဝတ်မှုန်ကူးပေးရပြီး မျိုးပွားစေတာပါ။ ဆိုတော့ အခုဆို အော်ဂဲနစ် စိုက်ချင်ရင် အော်ဂဲနစ် စပ်မျိုးတွေတောင် ရနေပါပြီတဲ့။
ကဲ GMO ဆိုတဲ့ မျိုးဗီဇကို ထူးကဲထားတဲ့ မျိုးစေ့တွေ ကို စပ်မျိုးထဲမှာ မထည့်ထားပါဘူး။ သူတို့က လိုင်းသက်သက်ခွဲထားတာပါ။ သူတို့ကျတော့ သုတေသန စမ်းသပ်ခန်းထဲမှာ မျိုးရိုးဗီဇတွေ ထုတ်ယူ ထည့်သွင်း စတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးမှ ထွက်လာတဲ့ မျိုးစေ့တွေဖြစ်ပါတယ်။ စပ်မျိုးကျတော့ မျိုး ၂ မျိုးကို ဝတ်မှုန်ကူးပြီး စပ်ပေးထားတာပါ။
ကဲ အချုပ်ကိုပြောရရင်တော့ အဓိက အားဖြင့် (၂) မျိုးပေါ့။ မိဘစေ့နဲ့ စပ်မျိုး ဆိုပြီး။ ဒါဆို ကိုယ်တွေ စိုက်မယ်ဆိုရင် ဘယ်မျိုးကိုရွေးချယ်ရမလဲ။ OP လား Hybrid စပ်မျိုးလား?
အဖြေကတော့ (၂) မျိုးစလုံးကောင်းပါတယ်။ လိုအပ်တဲ့အတိုင်း ရွေးချယ်ရမှာပါ။ (၂) မျိုးစလုံးမှာ သူ့အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ ဆိုတော့ ကိုယ်စိုက်မဲ့သီးနှံနဲ့ ဈေးကွက်ကို ကြည့်ပြီးတော့ ရွေးချယ်ရမှာပါ။
OP ကလည်း ဒေသမျိုး အရင်းခံစစ်စစ်တွေမို့ သူတို့နေရာကို အစားမထိုးနိုင်လောက်အောင်ကောင်းတဲ့ အပင်မျိုးတွေ ရှိပါသေးတယ်။
ထွန်းဝင်းကျော်
https://www.naturespath.com/en-us/blog/difference-between-heirlooms-open-pollinated-and-hybrid-organic-seeds/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....