မြေဖုံးသီးနှံရွေးချယ်ရန်အတွက် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ
တောင်သူလယ်သမားတစ်ဦးသည် မြေဖုံးသီးနှံများကိုစိုက်ပျိုးရန် စဉ်းစားသည့်အခါ အောက်ပါအချက်များကိုသိရန် အလွန်အရေးကြီးပါသည်။
- အကျိုးကျေးဇူးပိုမိုရရှိခြင်း ရှိ/မရှိ (စားသုံးနိုင်းသောအစေ့၊ ကျွဲနွားစာ)
- အသင့်တော်ဆုံး အလွယ်တကူရနိုင်သော မြေဖုံးသီးနှံပင်အမျိုးအစား
- မြေဖုံးသီးနှံ စိုက်ပျိုးချိန်နှင့် ထိန်းသိမ်းထားရမည့်အချိန်
- မြေဖုံးသီးနှံသည် ရေလိုအပ်မှုများခြင်း/နည်းခြင်း၊ ရေလိုအပ်မှုများလျှင် ဖြစ်နိုင် မဖြစ်နိုင်
- မြေဖုံးသီးနှံပင်စိုက်ပျိုးရာတွင် ပေါင်းများအဖြစ် မရောက်ရှိစေရန် အပင်များကို ကောင်းစွာ ထိန်းသိမ်းနိုင်ခြင်း ရှိ/မရှိ၊
- မြေဖုံးသီးနှံပင်များသည် စီးပွားဖြစ်စိုက်ပျိုးသော သီးနှံပင်များနှင့်အတူ သီးလှည့် စိုက်ပျိုးခြင်းအဖြစ် တူညီသော အကျိုးကျေးဇူးများကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ (စီးပွားဖြစ်စိုက်ပျိုးသောပဲမျိုးတစ်မျိုးနှင့်အတူ နောက်ထပ် နှံစားသီးနှံ တစ်မျိုးကို ချက်ချင်းစိုက်ပျိုးခြင်း)
သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးထုတ်လုပ်ခြင်းစနစ်တွင် မြေဖုံးသီးနှံပင်များကို အောင်မြင်စွာ ပေါင်းစပ်စိုက်ပျိုးနိုင်စေရန်အတွက် မြေအမျိုးအစားမရွေးဘဲ ရာသီဥတုအခြေအနေအမျိုးမျိုးတွင် ရှင်သန်ကြီးထွားနိုင်သော အပင်များနှင့် သီးလှည့်စိုက်ပျိုးခြင်းစနစ်နှင့်ကိုက်ညီသော ရှင်သန်ကြီးထွားနိုင်သည့် လက္ခဏာရပ်များရှိသည့် အပင်များကို ရွေးချယ်ရန် အလွန်အရေးကြီးသည်။
ဤအချက်ကို စဉ်းစားရန်အတွက် သီးနှံမျိုးစိတ်များနှင့်ပတ်သက်သော စိုက်ပျိုးရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဗဟုသုတရှိရမည့်အပြင် သီးနှံများစိုက်ပျိုးမည့်နေရာ၏ ထူးခြားသောအခြေအနေများ (မြေဆီလွှာနှင့် ရာသီဥတု) အားလုံးကို သိရှိရန် မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းအပြင် တောင်သူလယ်သားများ၏ လူမှုစီးပွားရေးအခြေအနေများနှင့် ကြိုတင်မျှော်မှန်းထားသော ရည်မှန်းချက်များကိုလည်း သိရှိရပါမည်။
တောင်သူလယ်သမားများသည် စိုက်ပျိုးမည့် သီးနှံမျိုးစိတ်နှင့် ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ အချက်အလက်အသေးစိတ်များနှင့် သိကျွမ်းနိုင်စေရန် မြေဖုံးသီးနှံပင်များအဖြစ် အသုံးပြုစိုက်ပျိုးမည့်မျိုးစိတ်များကို တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ မြေပေါ်တွင် စမ်းသပ်စိုက်ပျိုးပြီး အတည်ပြုရန် လိုအပ်ပါသည်။
မြေဖုံးသီးနှံပင်များကို ရွေးချယ်ခြင်းသည် အောက်ပါလက္ခဏာရပ်များပေါ်တွင် မူတည်ပါသည်။
• လစ်နင်နှင့် ဖီနိုလစ်အက်ဆက် များစွာပါဝင်ခြင်း။ (အပင်မျိုးစိတ်များစွာတွင်တွေ့နိုင်သော အော်ဂဲနစ်ဒြပ်ပေါင်းအမျိုးအစားတစ်ခု၊ ခြောက်သွေ့သော အသီးများတွင် ပါဝင်မှုမြင့်မားသည်) ၎င်းတို့သည် အပင်ကြွင်းကျန်များကို ဆွေးမြေ့ပြိုကွဲမှုဒဏ်ခံနိုင်ပြီး ရေရှည်တွင် မြေဆီလွှာကာကွယ်ခြင်းကို ဖြစ်စေသည်။
• စိုက်ပျိုးချိန် - သီးနှံမျိုးစိတ်များစွာတွင် အစေ့ငုတ်ချိန် (အစေ့ငုတ်ချိန် ဆိုသည်မှာ သက်ရှိတစ်ခု၏ ဘဝစက်ဝန်းတစ်ခုတွင် ကြီးထွားမှုနှင့် ဖွံံ့ဖြိုးမှုတို့ ယာယီအားဖြင့် ရပ်တန့်နေသောအချိန်ကို ခေါ်ပါသည်) သို့မဟုတ် နေ့တာတုံ့ပြန်မှု (အပင်၏ အလင်းရောင်နှင့် အမှောင်အချိန်ကာလ အတိုအရှည်ကိုလိုက်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာတုန့်ပြန်မှု) တို့ကို ဖော်ပြပါသည်။ ဆိုလိုသည်မှာ အပင်၏ ဇီဝထုထည်ထုတ်လုပ်မှုသည် ၎င်းစိုက်ပျိုးသည့် နှစ်တစ်နှစ်၏အချိန်ကာလပေါ်တွင် မူတည်ပါသည်။ မျိုးစေ့ချစိုက်ခြင်းကို သင့်တော်သောရာသီတွင် ဆောင်ရွက်ရမည်။ နောက်စိုက်မည့်သီးနှံပင်ကို ထိခိုက်မှုမရှိစေရန် မြေဖုံးသီးနှံစိုက်ပျိုးဖို့ ကောင်းသော အခြေအနေ မဖြစ်မနေလိုအပ်ပါသည်။
• မြေဖုံးသီးနှံပင်များ၏ သင့်တော်သော ပင်ကြားတန်းကြားအကွာအဝေးနှင့် အပင်သိပ်သည်းမှုသည် မိုးရေနှင့် နေရောင်ခြည်တို့မှ မြေဆီလွှာကို ကာကွယ်ရန်နှင့် ပေါင်းနှိမ်နှင်းရန်အတွက် မြေဆီလွှာမျက်နှာပြင်ကို လျှင်မြန်စွာဖုံးအုပ်နိုင်စေရန် အရေးကြီးသော အချက် ဖြစ်သည်။
• မြေဆီလွှာ စီမံခန့်ခွဲမှု - မြေဖုံးသီးနှံပင်မျိုးစေ့ချခြင်းအတွက် မြေပြုပြင်ခြင်း မလိုအပ်ပါ။
• မြေဖုံးသီးနှံပင်ကို နောက်ဆုံးသီးနှံပင်၏ ရိုးပြတ်များပေါ်တွင် တိုက်ရိုက်မျိုးစေ့ချခြင်း သို့မဟုတ် ကြဲပက်ခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ သစ်လုံးပုံ လှိမ့်တုံး (tree trunk), ဓားသွားပါဒလိမ့်တုံး(knife-roller), သံဝိုင်းပြားပါ ထွန် (disc harrow) တို့ကို ဒလိမ့်တုံးအဖြစ်အသုံးပြုပြီး မျိုးစေ့များနှင့် မြေဆီလွှာထိတွေ့နိုင်စေရန် သံဝိုင်းပြားများကို ထောင့်အားဖြင့် သုညဒီဂရီ သို့မဟုတ် သံကွင်းများနှင့် အနီးစပ်ဆုံးရောက်အောင် တပ်ဆင်ထားရမည်။ အမွှေးပါသော ပဲရိုင်းပင်ကဲ့သို့ အချို့မျိုးစိတ်များသည် သူတို့ကိုယ်တိုင် ပြန်လည်မျိုးစေ့ချနိုင်သော စွမ်းရည်များရှိသည်။
• မျိုးစေ့အရည်အသွေး - စီးပွားဖြစ်စိုက်ပျိုးသော သီးနှံများကဲ့သို့ မြေဖုံးသီးနှံပင်များ၏မျိုးစေ့များသည် အရည်အသွေးမြင့်မားရန် လိုအပ်ပါသည်။ မျိုးစေ့အရည်အသွေးနိမ့်သဖြင့် အညှာင့်မပေါက်ခြင်းများကို မဖြစ်ပေါ်စေဖို့ရန်အတွက် မျိုးစေ့များသည် ပက်သိုဂျင်များ (မျိုးစေ့ဆောင်ရောဂါများ)မှ ကင်းဝေးရပါမည်။
Source _ PC-Myanmar
နည်းပညာမိတ်ဖက်အဖွဲ့
PC Myanmar
PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....