ခရမ်းချဉ်သီးလေးတွေ အမှည့်မလွန်သေးဘဲ အထဲမှာတင် အစေ့အညှောင့်ပေါက်တာ ဘာကြောင့်ပါလဲ
သင်က ဟင်းချက်တဲ့သူ၊ လက်ဖက်အမြဲသုပ်တဲ့သူတစ်ယောက်ဆိုပါက ခရမ်းချဉ်သီးက အပြင်ဘက်မှည့်နေရုံပဲရှိပီး အထဲမှာ အပင်ပေါက်ကလေးတွေေဖြစ်နေတာကို မြင်ဖူးပါလိမ့်မယ်။
အဲ့ဒါဘာကြောင့်လဲဆိုတာကို ဒီကနေ့ Su လေ့လာပြီးပြောပြပေးပါမယ်။
ဒီလို အထဲမှာ အစေ့လေးတွေအညှောင့်ပေါက်တာကို အစေ့အချိန်မတန်သေးဘဲ၊ မရင့်မှည့်သေးဘဲ အပင်အညှောင့်ထွက်ခြင်း (premature germination) လို့ခေါ်ပြီး Agricultural အခေါ်အဝေါ်အရ Vivipary (live birth in Latin) ရှင်နေလျှက်နှင့် မွေးဖွားခြင်းလို့ ဆိုပါတယ်။ ( လူတွေလိုပဲပေါ့နော်)
များသောအားဖြင့် vivipary ဖြစ်စဉ်က မတွေ့ရပေမဲ့ နွယ်ဖြင့်သီးတဲ့ခရမ်းချဉ်သီးမှာတော့ တွေ့ရများပါတယ်။
နောက်ထပ်အနေနဲ့ ငရုတ်ပွ၊ ပန်းသီး၊ သစ်တော်သီး၊ ဖရဲ၊ သခွားမွှေးသီးတို့မှာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။
ဘယ်အချိန်မှာ vivipary ဖြစ်လဲဆိုရင်တော့ အစေ့အညှောင့်မပေါက်ခင် မြုံနေတဲ့ကာလကို ကျော်ဖြတ်ရန် ဟော်မုန်းများမှ လျော့ချခြင်း၊ သဘာဝအတိုင်း အသီးအမှည့်လွန်ခြင်းနဲ့ အာဟာရဓာတ် ချို့တဲ့ခြင်းများကြောင့် ဖြစ်ပွားတတ်ပါတယ်။
နောက်ထပ်က အပူချိန် ၅၅ ဒီဂရီအောက် အပူချိန်တွင်သိုလှောင်ထားပါကလည်း ဖြစ်ပွားတတ်ပါတယ်။
အဓိကအားဖြင့်
- နိုက်ထရိုဂျင် (ယူရီယား) မြေဩဇာ အလွန်အကျွံသုံးစွဲခြင်း
- ပိုတတ်ဆီယမ်ဓာတ်ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ပွားတာများပါတယ်။
ဒီအပင်လေးတွေကို အပင်သစ်ရအောင်စိုက်ပျိုးနိုင်ပေမဲ့ စားသုံးဖို့တော့ မသင့်တော်တော့ပါဘူးနော်။
အပင်သစ်လေးတွေကတော့ မိခင်ပင်နဲ့တူတဲ့ clone plant ကို ရရှိတော့မှာမဟုတ်တဲ့အပြင် သူအတွက် တစ်ခြားအပင်နဲ့ဝတ်မှုံကူးတဲ့အခါ မျိုးသစ်ပုံစံလေးတွေ ထွက်လာမှာပဲဖြစ်ပါတယ်။
နောက်ပီး နွေရာသီမှာသီးတဲ့ အသီးတွေမှာတော့ vivipary ဖြစ်တာကို မတွေ့ကြရတာများကြပါတယ်။
ဒါကြောင့် စားသုံးသူတွေအနေနဲ့လည်း ဒီလိုအညှောင့်ပေါက်လေးတွေတွေ့ရင် မစားကြပါနဲ့။ တကယ်လို့ စားမယ်ဆိုရင်လည်း အထဲကအစေ့အညှောင့်ပေါက်လေးတွေကို ဖယ်ပြီးမှသာ စားပါနော်။
ထုတ်လုပ်သူတွေအနေနဲ့လည်း နိုက်ထရိုဂျင်နဲ့ ပိုတက်ဆီယမ်မြေဩဇာတို့ကို မျှတအောင် အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။
Reference :
https://hoke.ces.ncsu.edu/2018/07/why-are-tomato-seeds-sprouting-inside-of-my-tomato/
https://news.extension.uconn.edu/2014/06/04/seeds-sprouting-inside-a-tomato/#
https://www.gardeningknowhow.com/edible/vegetables/tomato/seeds-germinating-in-tomato.htm
Photo from Google
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from မြတ်စုဝေ
အားလုံး