သခွားသီး သခွားသီး ဖြောင့်ဖြောင့်ကြီးနဲ့ သခွားသီး
ဝင်ငွေလေးကောင်းတယ်ဆိုလို့ သခွားသီး မျိုးကောင်းကောင်းဝယ်စိုက်ပါတယ်။ အပင်တွေကတော့ လှမှလှ ကောင်းမှကောင်း။ အဲ အသီးသီးချိန်ရောက်မှပဲ ဘာဖြစ်တယ် မသိဘူး ကောက်ကွေးနေတာပဲဆိုတာ ဘာလို့လဲ အဖြေရှာကြည့်ကြရအောင်။
ဝတ်မှုန်ကူးမအောင်မြင်တာ။ ။ ဝတ်မှုန်လေးတွေက စိုထိုင်းဆအနေတော်လောက်နဲ့ နည်းနည်း ပူပူနွေးနွေးလေးကို ကြိုက်ပါတယ်။ အဲ့လိုမျိုးက အကောင်းဆုံးရာသီဥတုဖြစ်ပြီး မိုးတွေ အဆက်မပြတ်ရွာနေတာမျိုး၊ ရာသီဥတုက ဆက်တိုက်ပူနေတာမျိုးဆိုရင် မျိုးအောင်ဖို့က သိပ်မလွယ်တော့ပါဘူး။ အပြည့်မအောင်တာမျိုးဆိုရင် မအောင်တဲ့ဖက်ခြမ်းက သေးသွားပြီး သခွားသီးက ကွေးသွားမှာပါ။
ကြီးထွားတဲ့ကာလမှာရတဲ့ ရာသီဥတုကိုမကြိုက်တာ။ ။ စိတ်ကောက်တာပါ။ မြေကြီး အပူချိန်က ၁၆ ဒီဂရီ ဆဲလ်စီးယပ်ရှိတယ်ဆိုရင် အသီးတွေဖြောင့်နေမှာပါ။ ဘာလုပ်မလဲ ဆိုတော့ (၄)လက်မလောက် အော်ဂဲနစ်မြေဆွေးတွေကို ပထမဆုံးအသီးလေးတွ စသီးနေတဲ့အချိန်မှာ ထည့်ပေးလိုက်ရင် အဆင်ပြေနိုင်ပါတယ်။ အဲ့လိုထည့်ပေးပြီးရင် အပေါ်ကမြေဖုံးလးတွေ မခြောက်အောင် ရေလောင်းပေးရမှာဖြစ်ပါတယ်။
အာဟာရ ချို့တဲ့တာ။ ။ သခွားသီးက အစားကြီးတဲ့သီးနှံဖြစ်ပါတယ်။ အာဟာရ အလုံအလောက်မရရှိရင်လည်း ကွေးကောက်ကောက်တွေ ထွက်လာနိုင်ပါတယ်။ ကျွေးသင့်တဲ့ မြေသြဇာအချိုးကတော့ ၁၃: ၁၃: ၁၃ အချိုးဖြစ်ပါတယ်။ အဲ့အချိုးနဲ့ တစ်ပင်ကို (၆)ပေါင်လောက် စိုက်ချိန်မှာ ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်လည်း အတက်တွေ စထွက်တဲ့အချိန် - (၂) ပတ်ကနေ (၃) ပတ်လောက်အကြာမှာ နောက်ထပ်(၆)ပေါင် ထပ်ပြီးတော့ ထည့်ပေးရပါမည်။
အပြင်က တစ်ခုခုကြောင့်။ ။ သခွားသီးကတော့ ဖြောင့်ချင်ပါရဲ့။ ဒါပေမဲ့ အောက်ဖက်မှာ မြေကြီးနဲ့ တိုက်နေတာမျိုး၊ တန်းနဲ့တိုက်နေတာမျိုးဆိုရင်လည်း ကွေးကောက်သွားနိုင်ပါတယ်။ အသီးကြီးတဲ့အချိန်ကာလမှာ သူတို့ကိုင်းလေးတွေနဲ့ ထိနေရင်တောင် ကွေးသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့စသီးတဲ့အချိန်မှာ သတိထားပေးပါ။
အင်းဆက်ဖျက်ပိုးတွေကြောင့်။ ။ အရည်စုပ်တဲ့ပိုးတွေကြောင့်မို့လည်း အသီးတွေကွေးသွားနိုင်ပါတယ်။ ယင်ဖြူ၊ သရစ်ပိုး၊ ခြ စတဲ့ အကောင်တွေ ပျပိုးလိုမျိုးအကောင်တွေလိုမျိုးရှိနေရင် အသီးသီးချိန်မှာ ဂရုစိုက်ပြီးတော့ ဆေးလေးသုံးပေးဖို့ လိုမှာပါ။
ကဲ ဒါဆိုရင်တော့ သခွားသီးတွေ မဖြောင့်ဘူးဆိုရင် ဘာတွေကြောင့်ဖြစ်နိုင်မလဲဆိုတာကိုရှာဖို့ လမ်းစတော့ရပြီထင်ပါတယ်။ သခွားသီးကြီးကြီးဖြောင့်သလို စီးပွားရေးတွေလည်း ဖြောင့်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ထွန်းဝင်းကျော်
https://www.gardeningknowhow.com/edible/vegetables/cucumber/cucumbers-not-straight.htm
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သခွားသီးစိုက်ပျိုးနည်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....