သိုက်ဝါးတွေ ဘာလို့ ဈေးကွက်ကောင်းနေတာလဲ……?
"ငှက်ပျော ကဆုန်၊ ဝါး နယုန်" ဆိုသကဲ့သို့ပင်၊ မိုးတစ်ပြိုက် နှစ်ပြိုက် ရွာချလိုက်တဲ့ နယုန်လအခါသမယမှာ ဝါးပင်တွေကို စိုက်ပျိုးကြတယ်လို့ ခေတ်အဆက်ဆက် ဆိုရိုးရှိခဲ့ကြပါတယ်။
ဝါးအမျိုးပေါင်း (၂၀၀) ကျော်ရှိတဲ့အနက် အသုံးများပြီး၊ လူသိများတဲ့ ဝါးအမျိုးအစားတွေကတော့ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနက်၊ ဝါးပိုးဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သိုက်ဝါး စတာတွေပဲ ဖြစ်ပါတယ်။
မျှင်ဝါး၊ မျှစ်ချိုဝါး၊ သိုက်ဝါး နဲ့ တင်းဝါး တွေကတော့ ဈေးကွက်အထူးကောင်းနေတာကြောင့် ဝါးစိုက်ပျိုးမယ်လို့ စတင်စိတ်ကူးသူတိုင်း စိတ်ပါဝင်စားနေကြတဲ့ ဝါးမျိုးတွေပေါ့..။
သိုက်ဝါးက ဘာလို့ ဈေးကွက်ကောင်းတာလဲ……?
ကွမ်းခြံတွေ တည်ဆောက်ရာမှာ၊ ခရမ်းသီးခြံတွေ၊ ခရမ်းချဉ်သီးစိုက်ခြံတွေ၊ သခွားမွှေးစိုက်ခြံတွေမှာ တိုင်ထောင်ရာမှာ သိုက်ဝါးနဲ့မျှင်ဝါးတွေကို မရှိမဖြစ် အသုံးပြုနေကြတာကြောင့် ရောင်းမလောက်နိုင်အောင်ကို ဈေးကွက်သိပ်ကောင်းနေတာပဲ ဖြစ်ပါတယ်။
ဝါးပင်က သမပိုင်းဒေသများနဲ့ မြန်မာ့တောတောင်ရေမြေအနှံ့အပြားမှာ သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိတဲ့အပြင်၊ အခုအခါမှာ စနစ်တကျ ဝါးစိုက်ခင်းတွေအနေနဲ့လည်း ထူထောင်စိုက်ပျိုးလာကြပါပြီ။
ဘာလို့ စိုက်ပျိုးသင့်တာလဲ……?
မြက်ကြီးမျိုးနွယ်ဝင် အပင်တစ်မျိုးလည်း ဖြစ်သလို၊ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းနိုင်ပါက အခြေခံ လူသုံးကုန်၊ ပရိဘောဂတွေနဲ့ အိမ် ဆောက်ပစ္စည်းတွေအပြင်၊ အသေးစားလက်မှု လုပ်ငန်းများ ပြုလုပ်နိုင်တဲ့ အထိ သားစဉ်မြေးဆက် အသုံးချနိုင်တဲ့ စီးပွားဖြစ်အပင်မျိုးဖြစ်တာကြောင့်ပါ။
ဝါးပင်ရဲ့အမြစ်တွေဟာ မြေဆီလွှာတိုက်စားမှုကို အကာအကွယ်ပေးတာကြောင့်၊ ဝါးကို စနစ်တကျ စိုက်ပျိုးခြင်းဟာ သဘာဝပတ်ဝန်း ကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
ဘယ်အချိန်မှာ၊ ဘယ်လိုစိုက်ပျိုးရမလဲ……?
မေလ၊ ဇွန်လ ဝန်းကျင်လောက်မှာ စစိုက်လေ့ရှိပါတယ်။ ဒေသမျိုး ဝါးတွေကတော့ စိုက်ပျိုးပြီး (၃) နှစ်နဲ့ (၅) နှစ်ကြားမှာ အသုံးပြုလို့ရပြီး၊ မျှစ်ထုတ်တဲ့ ဝါးမျိုးဖြစ်တဲ့ မျှစ်ချိုဝါးကတော့ (၁)နှစ်ခွဲ၊ (၂)နှစ်အတွင်း ဈေးကွက် ဝင်ငွေရရှိနိုင်ပါတယ်။
သဲဆန်တဲ့မြေမျိုးဆိုရင် ကနဦးမှာ မြေပြင်ပြီး စိုက်သင့်ပါတယ်။ ဝါးစိုက်တဲ့အခါ မြေကို ထယ်ရေး နယ်စရာတော့ မလိုအပ်ပါဘူး။ ဝါးစိုက်မယ့် ကျင်းတွေကိုတော့ အကျယ် (၂) ပေ ပတ်လည်တူးရမယ်။ အနက် (၁) ပေ ဒါမှမဟုတ် (၂) ပေ တူးထားရပါမယ်။ ဒေသအတွင်းမှာ ရနိုင်တဲ့ နွားချေးဆွေး၊ နုန်းမြေ စတာတွေကို မြေခံအနေနဲ့ထည့်ပြီး၊ မြေပြင်စိုက်ပျိုးနိုင်ရင် အောင်မြင်ဖြစ်ထွန်းစေပါတယ်။
ပင်ကြားတန်းကြားကိုတော့ အများဆုံး (၁၂) ပေ ပတ်လည် ထားစိုက်တာများပြီး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာတွေ သုံးဖို့မလိုပဲ အပင်အတက်နှေးတဲ့အခါကျမှသာ သဘာဝမြေသြဇာတွေ သုံးပေးရင် အဆင်ပြေပါပြီ။
ရေဘယ်လို ပေးရမှာလဲ……?
ဝါးပင်က ရေကြိုက်ပါတယ်။ ရေပေးနိုင်ရင် မျှစ်ထွက်နှုန်းလည်း ကောင်းပါတယ်။ စီးပွားဖြစ် စိုက်သူများအနေနဲ့ကတော့ ရေပေးဝေမှုကို တစ်လကို (၃)ကြိမ်လောက် ရေကို သွင်းပေးသွင်းလေ့ရှိပါတယ်။ အစက်ချစနစ်နဲ့ ရေပေးတာမျိုးလည်း ရှိပါတယ်။
သဘာ၀ဝါးတောတွေ ရှားပါးကုန်တာကြောင့် လက်ရှိ ဝါးပေါက်ဈေးက မျှင်ဝါး၊ သိုက်ဝါးတစ်လုံးကို အနိမ့်ဆုံးဈေး (ခြံဖမ်းဈေး) မှာတင် (၇၀၀) ကျပ်နဲ့ (၈၀၀) ကျပ်ကြား၊ တင်းဝါးတစ်လုံးကို (၁,၀၀၀) ကျပ်ကနေ (၁,၅၀၀) ကျပ်အတွင်း ပေါက်ဈေးရှိနေပါတယ်။
ဒါ့ကြောင့် ချစ်မိတ်ဆွေတို့အနေနဲ့လည်း နှစ်အနည်းငယ်စိုက်ပျိုးရုံနဲ့တင် ဝင်ငွေရရှိစေပြီး၊ ပြုစုထိန်းသိမ်းရတာ လွယ်ကူရိုးရှင်းတဲ့ ဝါးပင်တွေကို စနစ်တကျ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိအောင် စွမ်းဆောင်ကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်…။
နန်းထက်ထက်ချစ်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....