အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
“အိုင်ဗရီကို့စ်” နိုင်ငံတွင် “ဂါနာ” မှပယ်ချခဲ့သည့် မြန်မာနိင်ငံမှ အန္တရာယ် ရှိသောဆန်စပါးများကို ဖျက်ဆီး

“အိုင်ဗရီကို့စ်” နိုင်ငံတွင် “ဂါနာ” မှပယ်ချခဲ့သည့် မြန်မာနိင်ငံမှ အန္တရာယ် ရှိသောဆန်စပါးများကို ဖျက်ဆီး

‘အနောက်အာဖရိကနိုင်ငံ ဖြစ်တဲ့ အိုင်ဗရီကို့စ်နိုင်ငံမှာ ဆန်ချိန်တန်ပေါင်း ၁၈,၀၀၀ တန်ဟာ စားသုံးဖို့အတွက် မသင့်လျော်ကြောင်း ကြော်ငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ဆန်  စပါးများဟာ ဂါနာအပါအဝင် နိုင်ငံအများစုက ပယ်ချခံခဲ့ရတယ်’ လို့ BBC မှ သတင်းပို့ခဲ့ပါတယ်။ ‘မြန်မာနိုင်ငံမှ ဆန်စပါးများဟာ အနောက်အာဖရိကနိုင်ငံအများစုမှာ လွန်ခဲ့တဲ့ရက်သတ္တပတ်များစွာ ထဲက ပြည်ဝင်ခွင့်နေရာမှာတင် ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ ထိုနိုင်ငံတွေထဲမှာ Lome, Conakry နဲ့ Accra တို့လဲအပါအဝင်ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေဟာ Abidjan မှာပဲ ဆန်စပါးမှာ ပြဿနာရှိ ကြောင်း စစ်ဆေးတွေ့ရှိတာနဲ့ လျှော့ချခဲ့ရတယ်’ လို့ BBC မှထပ်လောင်း ထုတ်ပြန်ခဲ့ပါတယ်။

‘ဂါနာမှပြည်တွင်းသို့ဆန်စပါးတင်သွင်းမှုကို ၂၀၁၉ အတွင်း ၅၀% လျှော့ချမည်- ဂါနာ စိုက်ပျိုးရေး ဝန်ကြီးဌာန’

ဂါနာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ယခုနှစ်အတွင်း ဆန်စပါးတင်သွင်းခြင်းကို ၅၀% လျှော့ချ မယ်လို့ အစောပိုင်းကာလထဲက အခိုင်အမာထုတ်ပြန်ထားပါတယ်။ ဒါကတော့ ပြည်တွင်းမှာရှိတဲ့ ဆန်စပါး စိုက်ပျိုး၊စားသုံးမှုကို ပိုမိုတိုးမြှင့်ဖို့ပဲ ဖြစ်ပါတယ်။ ယခုအခြေအနေမှာတော့ ဂါနာက ဆန်စပါးကို ၃၃၁ မီလီယံဒေါ်လာအထိ တင်သွင်းထားပြီး စီးပွားရေးလုပ်ငန်းရှင် အများစုကတော့ စိုးရိမ်လျက် ရှိနေ ကြပါတယ်။ ‘စားစရာနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် စိုက်ပျိုးခြင်းမှာ တိုင်းတာမယ်ဆိုရင်လဲ အသစ်တည်ဆောက်ထားတဲ့ စိုက်ပျိုးမြေရေပေးဝေခြင်းစနစ်တွေဟာလဲ ဆန် စပါးတင်သွင်းမှု တစ်ဝက်အထိ လျှော့ချရာမှာ အထောက်အကူဖြစ်မယ်’ လို့ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်တဲ့ George Oduro က Citi Business News ကိုပြောကြားခဲ့ပါတယ်။ ‘ဒီတစ်နှစ်ထဲနဲ့တင် ဆန်စပါးတင်သွင်းမှုလျှော့ချခြင်းကို ၅၀% မှာရပ်တန့်ဖို့ ချိန်ရွယ်ခဲ့ပေမယ့် အဲ့ထပ်လဲ ပိုနိုင်ပါတယ်’ လို့ သူကထပ်လောင်း  ပြောကြားခဲ့ပါတယ်။

မြတ်နန္ဒာအောင်

Source - GhanaWeb မှ သတင်းကို ဘာသာပြန်ဆို ဖော်ပြထားပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။