အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီနဲ့ ပြောင်းဆန်ဈေးတွေ ဆက်တိုက်တက်နေရတဲ့အကြောင်းရင်းများ..

ကြက်သွန်နီနဲ့ ပြောင်းဆန်ဈေးတွေ ဆက်တိုက်တက်နေရတဲ့အကြောင်းရင်းများ..

Green Way
Green Way • 12/11/2022

ကြက်သွန်နီဈေးတွေဟာ ဆက်တိုက်တက်နေပြီး အခုပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတော့ အမျိုးအစားအလိုက် တစ်ပိဿာကို အနိမ့်ဆုံး ၃၄၀၀ ကနေ အမြင့်ဆုံး ၄၃၀၀ ထိ ဖြစ်သွားခဲ့တာပါ။

လက်လီဈေးကွက်မှာတော့ ကြက်သွန်အသန့်ဈေးဟာ တစ်ပိဿာကို ကျပ် ၅၀၀၀ ခန့်ထိ ရှိနေတာဖြစ်ပါတယ်။ ဒါဟာ ကြက်သွန်နီ(နွေ)တွေ ကုန်ချိန်ဖြစ်နေပြီး အဝင်နည်းတဲ့အတွက် ဈေးကောင်းရနေတာဖြစ်တယ်လို့ စိုက်ပျိုး ရေး ဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့တဲ့သတင်းအရ သိရပါတယ်။

မိုးကြက်သွန်တွေ ဈေးကွက်ထဲ ဝင်လာနေပေမယ့် ပွဲတော်ကာလပိတ်ရက်ရှည်တွေကြောင့်ရယ်၊ ကုန်အတင် ထိန်းနေတာတွေရယ်ကလည်း ကြက်သွန်ဈေးကို အတက်ဈေးနဲ့ ရှိနေစေတာဖြစ်တယ်လို့လည်း AMIA ရဲ့ သတင်းအဆိုအရ သိရပါတယ်။ 

လက်ရှိမှာ ကြက်သွန်နီကို ပြည်ပတင်ပို့မှုလည်း ရှိနေပြီး နေ့စဉ်ကုန်စည်ဒိုင်ကို နွေကြက်သွန် ကုန်တန်ချိန် ၃၅၀၀၀ လောက်သာ အဝင်ရှိနေကာ အသစ်တွေကတော့ ကုန်တန်ချိန် တစ်သိန်းကျော်ဈေးကွက်ထဲ ဝင်ရောက်နေတယ်လို့ AMIA က ဆိုပါတယ်။

ပြောင်းဆန်ကတော့ လက်ရှိမှာဈေးမြင့်နေတဲ့အခြေအနေဖြစ်ပြီး ဆက်တိုက်မြင့်တက်နေတယ်လို့ သိရပါတယ်။ အသစ်တွေ ဈေးကွက်ထဲကို ဝင်နေပေမယ့် ဝင်သလောက်ဈေးကောင်းရနေတဲ့အခြေအနေ ဖြစ်နေတာ၊ ပြည်ပ တင်ပို့ မှုလည်း ရှိနေတာတွေကြောင့် ဈေးကောင်းနေတာဖြစ်တယ်လို့ AMIA ရဲ့ ဈေးကွက်သတင်းသုံးသပ်ချက် ပေးပို့လာမှုအရ သိရပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

3
LalPiangThanga

LalPiangThanga

လွန်ခဲ့သော ၃ နှစ် က

hdiwowh

RTE

RTE

လွန်ခဲ့သော ၃ နှစ် က

ပြောင်းစျေး က. ဒီနှစ်ကုန်ပိုင်မှာ တစ်ပိသာ ဘယ်စျေးလောက်ထိမျှော်မှန်းထားလည်

khunKyawOo

khunKyawOo

လွန်ခဲ့သော ၃ နှစ် က

ကြက်သွန်ဖြူစျေးခြေနေ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။