မျိုးဈေး ကြီးမြင့်မှုနှင့် စိုက်ပျိုးနည်းစနစ် မကျွမ်းကျင်ခြင်းကြောင့် ဝဥစိုက်ဧကနည်းနေခြင်းဖြစ်
ဝဥမျိုးဈေး ကြီးမြင့်မှုနှင့် စိုက်ပျိုးနည်းစနစ် မကျွမ်းကျင်ခြင်းတို့ကြောင့် ဝဥစိုက်ဧကများ နည်းနေသေးခြင်းဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။
တောထွက်ဝဥက ရှားလာပြီး ဝယ်သူတွေက များလာပါတယ်။ ဒီလပိုင်းမှာဆို ဝဥစျေးနှုန်းက စျေးချဝယ်တဲ့သူတွေတောင် ပစ္စည်းမရနိုင်ပါဘူး။ စိုက်ပျိုးသူတွေရဲ့ဝဥက စက်ရုံတွေရဲ့လိုအပ်ချက်ပြည့်မီအောင် မထွက်သေးပါဘူး။ ဈေးကွက်ကောင်းတယ်ဆိုရင်လည်း စနစ်တကျစိုက်ပျိုးသူက နည်းသေးတယ်။ အများစုက ဧကတစ်ဝက်လောက်ပဲ စိုက်နိုင်သေးတာပါ။ ဝဥမျိုးတွေ စျေးကြီးမှုကြောင့်ပေါ့။ သုံးဧကနဲ့အထက်စိုက်ပျိုးသူ အရမ်းနည်းလွန်းပါတယ်။ ဝဥက စနစ်တကျမစိုက်တတ်ရင် မဖြစ်ထွန်းပါဘူးခင်ဗျာ။ ချင်းပြည်နယ်မှာသာ ဝဥစိုက်ပျိုးသူများတာပါ။ တခြားဒေသမှာက စမ်းသပ်စိုက်ပျိုးသူတွေ၊ အနည်းအကျဉ်း စိုက်ပျိုးသူတွေသာ ရှိပါသေးတယ်။
ဟု ဝဥစိုက်တောင်သူ ကိုစောလှမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဝဥသီးနှံကို ချင်းပြည်နယ်ရှိ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ် အစရှိသည့်ဒေသများမှ အများဆုံးထွက်ရှိနေပြီး၊ ကျန်ဒေသများ၌လည်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လာကြသည်။
မျိုးဉနဲ့ အရွက်သီးဈေးနှုန်းက တစ်နှစ်နဲ့တစ်နှစ်မတူဘူး။ ဝဥဈေးတွေကလည်း တစ်နှစ်နဲ့တစ်နှစ် တက်တက်လာတော့ မျိုးဈေးတွေကလည်း တက်တက်သွားတာပဲလေ။ ဒီနှစ်ဆို အလုံးငါးဆယ်ကနေ တစ်ရာကျော်လောက်ပဲပါတဲ့ အရွက်သီးတစ်ပိဿာကို သောင်းရှစ်ထောင်ကျပ်လောက်နဲ့ ရောင်းနေကြတယ်။ အရွက်သီးဈေးကို သောင်းနှစ်ထောင်လောက်နဲ့ ဈေးစခဲ့တာဆိုရင် စိုက်ပျိုးရာသီကုန်ချိန်ဆို သောင်းရှစ်ထောင်လောက်နဲ့ လိုက်ဝယ်နေကြတယ်။ မျိုးဥကျတော့ ဈေးအစားစား ရှိတယ်။ သူ့အရွယ်အစားပေါ်မူတည်ပြီး ရောင်းနေကြတယ်။ တစ်ပိဿာကို လေးထောင်ကနေ ငါးထောင်၊ ခြောက်ထောင်၊ ခုနှစ်ထောင်၊ ရှစ်ထောင်အထိ ဈေးရှိတယ်။
ဟု ချင်းပြည်နယ်တောင်ပိုင်း ဝဥအစုအဖွဲ့မှ အဖွဲ့ဝင် ဦးကီးဟုန်းက ပြောသည်။
နှစ်စဉ် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများသည် ဝဥအရောင်းအဝယ်အေးသည့် ကာလများဖြစ်ပြီး စက်တင်ဘာလနောက်ပိုင်း ကာလများတွင်မူ ဝဥစက်ရုံများ စျေးဖွင့်ဝယ်ယူချိန်ဖြစ်သဖြင့် ဝဥအရောင်းအဝယ်ဈေးကွက် ပြန်လည်စတင်လည်ပတ်လေ့ရှိကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးသက်ခိုင်
လွန်ခဲ့သော ၄ နှစ် ကလိုချင် ရင်ရ ပါတယ် ဆက်သွယ်နိုင်ပါတယ်
hlawin
လွန်ခဲ့သော ၅ နှစ် ကရခိုင်ပြည်နယ်မှာ သဘာဝအရေတာ့ပေါက်ပါတယ် စိုက်ပျိုး သူအလွန်နည်း နေသေး... စိုက်ပျိုးချိန် ရာသီဥတု မြေချဥ်ဖန်ဓာတ် သက်တန်း..မျိုးပွားပဲံ လေး သိပါရစေ
Thein Soe
လွန်ခဲ့သော ၆ နှစ် ကတစ်ပိသာ တစ်သောင်းနှင့်ရောင်းမည် ဝယ်ချင်ရင် ဆက်သွယ်ပါ 09794313219
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....