အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

Green Way
Green Way • Greenovator • 19/06/2018

၁။ တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ မြို့နယ်များတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု (ပုံစံ-၇) မိတ္တူကို အာမခံရယူ၍ လယ်တစ်ဧကလျှင် ကျပ် ၅ သိန်း၊ ၁၀ သိန်းနှုန်းဖြင့် ချေးငွေထုတ်ပေးမည်ဟု ပုဂ္ဂလိက ကုမ္ပဏိအချို့က တောင်သူများအားစည်းရုံးပြီး ငွေချေးယူရန် လျှောက်ထားသူ ၁ ဦးလျှင် ကျပ် ၅၀၀၀/၊ ၇၀၀၀/၊ ၁၀၀၀၀/ စသည်ဖြင့် ကော်မရှင်ခ၊ ကနဦးထည့်ဝင်ကြေးများ ကောင်ခံလျက်ရှိကြောင်း သိရှိရပါသည်။

၂။ အသေးစားငွေရေးကြေးလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီ/အဖွဲ့အစည်းအနေဖြင့် အသေးစားငွေ ရေးကြေးရေး လုပ်ငန်းဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး အသေးစားငွေရေးကြေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရရှိသော လုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ အခန်း(၆) ပုဒ်မ ၂၀၊ ၂၁၊ ၂၂ တို့တွင်လည်း ဘဏ်မဟုတ်သော ငွေရေး ကြေးရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ချမှတ်သည့် စည်းကမ်းများနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားပြီးဖြစ်ပါသည်။

၄။ ကုမ္ပဏီအချို့မှ တိုင်းဒေသကြီး၊ ပြည်နယ်တွင် တောင်သူလယ်သမားကို အယုံသွင်း၊ မက်လုံးပေး၍ ငွေချေးပေးမည်ဟု လက်မှတ်(ပုံစံ-၇) မိတ္တူတောင်းခံပြီး ငွေကြေးကောက်ခံမှုများ ရှိနေသည့်အတွက် ၎င်းကုမ္ပဏီများအား သတ်မှတ်ချက်များအရ လုပ်ပိုင်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိပဲ ငွေချေးလုပ်ငန်း လုပ်ကိုင်နေမှုကို သက်ဆိုင်ရာဌာနများက တည်ဆဲဥပဒေများအရ စိစစ်၍ အရေးယူဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားဦးကြီးများအနေဖြင့် လိမ်ညာမှုမခံရစေရေး ဂရုပြုကြပါရန်နှင့်  မိမိတို့ဒေသအတွင်း ငွေချေးလုပ်ငန်း လိုင်စင်မရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများ ဝင်ရောက်စည်းရုံး လာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သတင်းပေးပို့ဆောင်ရွက်ကြပါရန်၊ အသင်းဝင်ကြေး၊ ကနဦးထည့်ဝင်ကြေးများ ပေးသွင်းထားပါက လည်း အဆိုပါကုမ္ပဏီများထံမှ အမြန်ပြန်လည်တောင်းခံကြပါရန် အသိပေးကြေညာအပ်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။