အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုင်းကူးကိုင်းဆက် ထောပတ်ပင်များ ဝယ်ယူရန် တရုတ်က ကမ်းလှမ်းသော်လည်း ရောင်းမည်မဟုတ်ဟုဆို

ကိုင်းကူးကိုင်းဆက် ထောပတ်ပင်များ ဝယ်ယူရန် တရုတ်က ကမ်းလှမ်းသော်လည်း ရောင်းမည်မဟုတ်ဟုဆို

Green Way
Green Way • Greenovator • 12/09/2018

ကိုင်းကူးကိုင်းဆက် ထောပတ်ပင်များကို တရုတ်နိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းရှိသော်လည်း ရောင်းချမည် မဟုတ်ကြောင်း ရှမ်းပြည်နယ် ထောပတ်သီးအသင်း ဥက္ကဋ္ဌဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။
ထောပတ်သီး အသင်းသို့ တရားဝင် ဆက်သွယ်ခြင်း မရှိသော်လည်း ထောပတ်သီးစိုက်ပျိုး ရောင်းချသည့် အစုအဖွဲ့အွန်လိုင်း ကွန်ရက်တွင်ထောပတ်ပင်ကိုင်း ကူးကိုင်းဆက်များ ဝယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းနေသည်ဟု ဆိုသည်။
‘‘ဂရု(ပ်)တွေထဲမှာ တရုတ်ကို ပြည်တွင်းထောပတ်မျိုးတွေ ရောင်းသင့်၊ မရောင်းသင့် ဆွေးနွေးနေကြတာတွေလည်း ရှိတယ်။ မရောင်းသင့်ပါဘူး။ ကျွန်တော့်အသင်းအနေနဲ့ကတော့ ရောင်းဖို့ မရှိဘူး’’ ဟု ဦးခွန်ထွန်းထွန်းဝင်း က ပြောသည်။
 စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာနိုင်ငံက ငါးနှစ်ခန့်ဦးဆောင်နေသော်လည်း တရုတ်နိုင်ငံက တစ်နှစ်လိုက်လံဆောင်ရွက်လျှင်ပင် မီနိုင်ကြောင်း၊ ၎င်းတို့တွင် သွင်းအားစု၊ ဈေးကွက်၊  အစိုးရ၏ ပံ့ပိုးမှုရှိသည့်အပြင် တောတောင်များအထိ လမ်းကောင်း ကာ လျှပ်စစ်ရသဖြင့်  အားသာချက်များရှိကြောင်း ၎င်းက ဆို သည်။ ‘‘ကုန်သည်တွေကတော့ ဈေးကွက်ရှာနေကြတာပဲ။ နယ် စပ်ကနေတစ်ဆင့် ကုန်သည်တွေက ပြန်ရောင်းဖို့ ဝယ်နေတာလား၊  တိုက်ရိုက်ဝယ်နေတာလားတော့ သေချာမသိပါဘူး’’ဟု ထောပတ်သီးအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်ကပြောသည်။
ပြည်တွင်းထွက် ထောပတ်သီးများသည် အရည်အသွေးကောင်းမွန်သော်လည်း အရည်အသွေးနှင့် အရွယ်အစားမညီသဖြင့် ယင်းကိစ္စဖြေရှင်းရန် ကိုင်းကူးကိုင်းဆက်နည်းသင်တန်းပေးကြောင်း ဦးခွန်ထွန်းထွန်းဝင်းကပြောသည်။

ဆက်လက်ဖတ်ရှု့ရန်..............

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။