အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျိုက်လတ်မြို့နယ် လှိုင်းတာရွာမှာ  ထောပတ်ခြံတည်ထားခြင်းမရှိဘဲ စပါးနဲ့ ပဲကိုသာ အဓိက စိုက်ပျိုးလျှက်ရှိ

ကျိုက်လတ်မြို့နယ် လှိုင်းတာရွာမှာ ထောပတ်ခြံတည်ထားခြင်းမရှိဘဲ စပါးနဲ့ ပဲကိုသာ အဓိက စိုက်ပျိုးလျှက်ရှိ

ဂျာနူး
ဂျာနူး • 19/09/2021

    ကျိုက်လတ်မြို့နယ်မှာ ထောပတ်ပင်များ စိုက်ပျိုးနိုင်ခြင်းမရှိသေးပဲ စပါးနဲ့ ပဲကိုသာ အဓိကထားပြီး စိုက်ပျိုးလျှက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ လှိုင်းတာကျေးရွာ နယ်မြေတာဝန်ခံ ဦးဌေးသန်းက Green Way ကို ပြောသည်။ ကျိုက်လတ်မြို့နယ်  လှိုင်းတာကျေးရွာမှာ ထောပတ်ပင်များ စီးပွားဖြစ်စိုက်ပျိုးကာ အသီးထွက်ရှိနေပြီး ထောပတ်ဈေးကွက်ဖြစ်ပေါ်လျှက်ရှိကြောင်း ရတနာပုံသတင်းစာက ကုန်ခဲ့တဲ့ လဆန်းပိုင်းက ရေးသားခဲ့ပေမယ့် သတင်းစာပါအချက်အလက်တွေက လွဲမှားနေတယ်လို့ လှိုင်းတာကျေးရွာမှ စိုက်ပျိုးရေးဌာန တာဝန်ခံ ဦးဌေးသန်းက ဖြေရှင်းပြောဆိုလိုက်တာပါ။

ကျွန်တော်ဆိုလိုချင်တာက တောဓလေ့ဆိုတော့ စီးပွားဖြစ် ခြံကြီးနဲ့စိုက်တယ်ဆိုရင် ဒီရွာကတော့မသိဘဲမနေဘူး။ နောက်ပြီးတော့ ရွာကလည်း ရွာကြီးဆိုတော့ ဈေးလေးတွေ ဘာလေးတွေလည်းရှိရမယ်လေ။ သတင်းစာထဲကပါတဲ့အတိုင်းဆိုရင် ကျိုက်လတ်မှာ ထောပတ်သီးအဝယ်ဒိုင် တစ်ဦးမှ မရှိဘူးခင်ဗျ။ အချက်အလက်တွေကတော် တော်လွဲနေတယ်။

    ကျိုက်လတ်မြို့နယ်လှိုင်းတာကျေးရွာမှာ လယ်ဧကက နှစ်ထောင်ကျော်ရှိပြီး မိုးရာသီမှာတော့ စပါးကိုအဓိကစိုက်ပျိုးပြီး ဆောင်းမှာတော့ စပါးနဲ့ မတ်ပဲကို အဓိကထားစိုက်ပျိုးပါတယ်။ ဧရာဝတီမြစ်ရင်းဒေသဖြစ်တဲ့ လှိုင်းတာရွာက မြေဆီသြဇာကောင်းမွန်ပြီး သရက်၊ သင်္ဘောနဲ့ငှက်ပျောပင်တွေကိုလည်း စိုက်ပျိုးကြပါတယ်။ ယခင်က မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကိုလည်း စိုက်ပျိုးခဲ့တာတွေရှိခဲ့ပါတယ်။ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာအပြင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စုရှိ နာမည်တူ လှိုင်းတာကျေးရွာမှာလည်း ထောပတ်စိုက်ခင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက Green Way ကိုအတည်ပြု ပြောကြားပါတယ်။

ထောပတ်နဲ့ပတ်သက်လို့ မကြားမိပါဘူး။ ကျွန်တော် မသိပါဘူး။ ထောပတ်က ကျွန်တော်တို့ဆီမှာထောပတ်စိုက်တာမရှိခဲ့ဘူး

    Mexican, Guatemalan နဲ့ West Indian တို့က ထောပတ်သီးရဲ့ အဓိက မျိုးအုပ်စုတွေ  အဖြစ်ခွဲခြားထားပြီး အဲ့ဒီထဲက West Indian မျိုးကတော့ မြေနိမ့်ဒေသမှာပေါက်ရောက်နိုင်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ ကျိုက်လတ်ဒေသမှာ ထောပတ်ခင်းမရှိပေမယ့် West Indian မျိုးရင်းဝင်ထောပတ်ပင်မျိုးက ရန်ကုန်မြို့မှာလည်းပေါက်ရောက်ပြီး နှစ်ပေါင်း ၃၀ နီးပါးအသီးသီးနေခဲ့ပါတယ်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။