ပဲကြီး ဈေးကျရိပ်ပြလာပြီး ကုလားပဲ၊ စားတော်ပဲနဲ့ နှမ်းမျိုးစုံ ဈေးတွေတက်နေ
ပြည်တွင်းစားသုံးမှု အဓိကဖြစ်တဲ့ ပဲကြီးက စျေးအနည်းငယ်ကျရိပ်ပြပေမယ့် ကုလားပဲကစျေးနှုန်း ထပ်တက်လာသလို စားတော်ပဲနဲ့ နှမ်းမျိုးစုံ စျေးလည်းတက်လာပါတယ်။
ကုလားပဲစျေးကွက်
ကုလားပဲကတော့ ရန်ကုန်ရော မန္တလေး ကုန်စည်စျေးကွက်မှာပါ စျေးနှုန်းတွေထပ်မံမြင့်တက်လာပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲဖြူလုံး တစ်ပိဿာကို ၅၁၆၅ ကျပ်မှ ၅၃၃၅ ကျပ်ရှိပြီး ကုလားပဲဖြူလုံးကြီး တစ်ပိဿာကို ၅၃၃၀ မှ ၅၅၀၀ ကျပ်စျေးတန်းရှိလာတာကြောင့် ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဥ်ရင် တစ်ပိဿာကို ၄၀၀ ကျပ်အထက် ထပ်မံ မြင့်တက်လာပါတယ်။
မန္တလေးစျေးကွက်မှာလည်း ကုလားပဲ v2 က ၃၁၀၀၀၀ ကျပ်၊ ကုလားပဲ v7 ၃၁၂၅၀၀ ကျပ်၊ ကုလားပဲ 929 က ၂၉၃၀၀၀ မှ ၂၉၅၀၀၀ ကျပ်စျေးပေါက်လို့ အရင်တပတ်ကထက် တစ်အိတ်ကို ၁၁၀၀၀ မှ ၁၂၅၀၀ ကျပ်ထပ်တက်လာတယ်လို့သိရပါတယ်။
ကုလားပဲက ပြည်တွင်း စားသုံးမှုလည်းရှိသလို ပြည်ပတင်ပို့မှုလည်းရှိတာကြောင့် လက်ရှိကာလက ပြည်ပက ဝယ်လိုအားရှိချိန်နဲ့ ပြည်တွင်းပဲလက်ကျန်နည်းချိန် ကြုံနေတဲ့အတွက် စျေးမြောက်လာတာဖြစ်ပါတယ်။
ဒါကြောင့် ပြည်ပကဝယ်လိုအားရှိလာချိန်နဲ့ ပြည်တွင်းလက်ကျန်နည်းတဲ့အချိန်တွေမှာ စျေးတန်းကမြင့်တက်လာပြီး ဒေါ်လာစျေးအတက်အကျ အပေါ်လိုက်ပြီးလည်း စျေးနှုန်းမတည်ငြိမ်မှုဖြစ်တတ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။
ကုလားပဲအသစ်တွေက လာမယ့် ဖေဖော်ဝါရီ လကုန်နဲ့ မတ်လလောက်မှာ စတင်ထွက်ရှိမှာဖြစ်ပြီး အသစ်ပေါ်ချိန်မှာလည်း စျေးတန်းက အများကြီးကျဆင်းနိုင်တဲ့အခြေအနေမရှိဘူးလို့ကုန်သည်တွေကသုံးသပ်ထားပါတယ်။
မန္တလေးနဲ့အောင်လံကထွက်တဲ့ V2 ၊ V7 ကုလားပဲနဲ့ မြကြေးမုံ ကုလားပဲ တွေက ပြည်ပကိုတင်ပို့မှုရှိပြီး ကျန်တဲ့ ပဲတွေက ပြည်တွင်းစားသုံးမှု အဓိကဖြစ်ပါတယ်။
ပဲကြီးစျေးကွက်
ပဲကြီးကတော့ ပြည်တွင်းစားသုံးမှုသာအဓိက ဖြစ်ပြီး ခုတပတ် ရန်ကုန်စျေးကွက်မှာ စျေးတန်းငြိမ်နေပြီး မန္တလေးကုန်စည်စျေးကွက်မှာတော့ ကျရိပ်ပြလာပါတယ်။
ဒါပေမယ့် ပြည်တွင်း စားသုံးမှုအဓိကဖြစ်လို့ စျေးတန်းက အများကြီးကျ ဆင်းနိုင်ဖွယ်မရှိသလို စျေးတက်နိုင်တဲ့အခြေအနေလည်း မရှိဘူးလို့ သိရပါတယ်။
မန္တလေးစျေးကွက်မှာ ပဲကြီး ( လတ် )၅၅.၂၅ ပိဿာကို ၃၈၀၀၀၀ ကျပ် ရှိလို့ အရင်တပတ်ကထက် ၂၀၀၀၀ ကျပ်ကျလာပြီး ပဲကြီး (သေး )က ၃၆၅၀၀၀ မှ ၃၇၀၀၀၀ ကျပ်စျေးပေါက်လို့ အရင်တပတ်ကထက် ၅၀၀၀ မှ ၁၀၀၀၀ ကျပ် စျေးကျသွားတာတွေ့ရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာတော့ အကျမရှိဘဲ အရင်တစ်ပတ်စျေးတန်းဖြစ်တဲ့ ပဲကြီး (ကုန်း) တစ်ပိဿာကို ၆၄၃၀ မှ ၆၇၈၅ ကျပ်ရှိပြီး ပဲကြီး (ရွှေကျွန်း ) တစ်ပိဿာကို ၇၀၇၅ မှ ၇၄၃၅ ကျပ်စျေးတန်းမှာပဲ ရှိနေပါတယ်။
လက်ရှိမှာပဲကြီးက လက်ကျန်အဟောင်းသာရှိပြီး ပဲအသစ်တွေက မပေါ်သေးပါဘူး။ ပဲအထွက်နှုန်းလျော့ကျရင် စျေးကတက်နိုင်ပြီး အထွက်နှုန်းပိုလျှံရင်တော့ စျေးတန်းက ပြန်အေးသွားနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

နှမ်းစျေးကွက်
နှမ်းကို တရုတ်က အဝယ်လိုက်လာတာကြောင့် မန္တလေးစျေးကွက်မှာ နှမ်းမျိုးစုံ စျေးနှုန်းတွေ မြင့်တက်လာနေတယ်လို့သိရပါတယ်။
မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၄၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ်စျေးပေါက်လို့ ၁၀၀၀၀ ကျပ် တက်လာ၊ နှမ်းဖြူဂျပန်က ၃၈၅၀၀၀ ကျပ်မှ ၃၉၀၀၀၀ သိန်းစျေးပေါက်လို့ ၂၀၀၀၀ ကျပ် တက်လာ ပြီး နှမ်းဖြူရိုးရိုးကလည်း ၃၅၀၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်လို့ ၂၀၀၀၀ ကျပ် တက်လာကာ နှမ်းညိုကလည်း ၂၉၅၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်စျေးပေါက်လို့ ၁၅၀၀၀ ကျပ် တက်လာ ပါတယ်။
နှမ်းကို တရုတ်ကသာအဓိကဝယ်ယူတာကြောင့် တရုတ်အဝယ်လိုက်ချိန် စျေးတက်ပြီး ဝယ်လိုအားလျော့ပါက စျေးတန်းက ပြန်အေးသွားတတ်တယ်လို့ကုန်သည်တွေကဆိုပါတယ်။
တရုတ်က အက်ဆစ်လွတ်တဲ့နှမ်းကိုသာအဓိကဝယ်ယူတဲ့အတွက် အက်ဆစ်လွတ်တဲ့နှမ်းကစျေးကောင်းရပါတယ်။
စားတော်ပဲစျေးကွက်
စားတော်ပဲကတော့ ပြည်တွင်းစားသုံးမှုသာအဓိကရှိပြီး လက်ရှိကာလမှာ ပဲလက်ကျန်အဟောင်း နည်းလာတာကြောင့် စျေးတန်းကတက်လာတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ( ကနေဒါ) ၅၉.၂၅ ပိဿာကို ၂၈၀၀၀၀ မှ ၂၈၂၀၀၀ ကျပ်၊ စားတော်ပဲ( ယူကရိန်း) က ၂၆၆၀၀၀ ၂၇၀၀၀၀၊ စားတော်ပဲ (ကျွန်း )၃၁၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်စျေးပေါက်နေလို့ အရင်တစ်ပတ်ကထက် တစ်အိတ်ကို ၁၀၀၀ မှ ၁၀၀၀၀ ကျပ်အထိစျေးမြင့်တက်လာပါတယ်။
ပြည်တွင်းကထွက်ရှိတဲ့ စားတော်ပဲကျွန်းက စားသုံးမှုများပြီး အရသာ နူးညံ့မှုရှိတာကြောင့် လက်ကျန်နည်းလာတဲ့အခါ စျေးတန်းကအမြင့်ဆုံးဖြစ်နေတာဖြစ်ပါတယ်။
ချစ်ခွန်းချို(AMIA)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
နိုင်
လွန်ခဲ့သော ၂ နှစ် ကစပါး မြေဩာဇာကျွေးနည်း
ဦးအောင်ပြည့်ထွန်း
လွန်ခဲ့သော ၂ နှစ် ကပဲတီစိမ်း စျေး အလားလာ ဘယ်လိုရှိနိုင်မလဲ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....