တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက်
ဆောင်းရာသီစိုက်ပျိုးသည့် လယ်ယာထွက်ကုန်အချို့ အသစ်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုဒဏ်ကြောင့် စိုက်ပျိုးသူတောင်သူများ စိတ်ပင်ပန်းမှုများ ကြုံတွေ့နေရသည်။
ကျဈေးဖြင့် ဈေးကွက်ဝင်လာသည့် ပဲတီစိမ်း
ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် ဆောင်းရာသီစိုက် ပဲတီစိမ်းများ ဈေးကွက်ဝင်လာချိန်၌ ဈေးနှုန်းဆက်တိုက် ကျဆင်းနေသည်။ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် ပဲသစ်များ ပေါ်ချိန်တွင် ယခုကဲ့သို့ ဈေးကျလာခြင်းက တောင်သူများအတွက် စိုးရိမ်စရာ ဖြစ်လာသည်။
ကုမ္ပဏီနှင့် ကုန်သည်အချို့က ဈေးနှိမ်ဝယ်ယူနေသည်ဟူသော စွပ်စွဲချက်များရှိနေသဖြင့် တောင်သူများအနေဖြင့် ရိတ်သိမ်းပြီးပဲများကို ထိန်းသိမ်းရောင်းချရန် အကြံပြုမှုများလည်း ရှိနေသည်။ လက်ရှိတွင် ပြည်တွင်းဈေးသာမက ပြည်ပ (FOB) ဈေးများပါ ကျဆင်းနေပြီး နယ်ဈေးကွက်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၀၀,၀၀၀ အောက်ထိ ရောက်ရှိသွားသည်။
ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် (FOB) ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် ထပ်မံကျဆင်းခဲ့သည်။ ပဲတီစိမ်း (အညာ) FAQ တစ်တန်လျှင် ဒေါ်လာ ၈၈၀/၈၉၀ မှ ၈၅၀/၈၆၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၁,၀၀၀/၁,၀၁၀ မှ ၉၇၀/၉၈၀ သို့လည်းကောင်း အသီးသီး ကျဆင်းခဲ့သည်။
ပြည်တွင်းဈေးနှုန်းများအနေဖြင့် ပဲတီစိမ်း (အညာ) တစ်ပိဿာ လျှင် ကျပ် ၄,၈၃၀/၄,၈၅၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး ရွှေဝါ) တစ်ပိဿာလျှင် ကျပ် ၅,၄၁၅၊ ပဲတီစိမ်း (ဝါးခယ်မ FAQ) တစ်ပိဿာ လျှင် ကျပ် ၅,၄၁၅/၅,၄၃၅ ထိ ဈေးကျဆင်းသွားသည်။
မန္တလေးဈေးကွက်တွင်မူ ပဲတီစိမ်း (အညာ) သစ်မှာ တစ်တန်လျှင် ကျပ် ၃၁ သိန်းကျော်ဖြင့် ဈေးအနည်းငယ် မြင့်တက်နေသည်ကို တွေ့ရသည်။
ဈေးပျော့လာသည့် မတ်ပဲ
ပြီးခဲ့သည့် ရက်သတ္တပတ်များက ဈေးတက်ခဲ့သည့် မတ်ပဲမှာ ယခုအခါ ဈေးပြန်ကျရိပ် သန်းလာသည်။ မြန်မာ့ဈေးကွက်သာမက အိန္ဒိယဈေးကွက်တွင်ပါ မတ်ပဲဈေး အားပျော့လာခြင်းဖြစ်သည်။ အိန္ဒိယဈေးကွက်ရှိ မြန်မာမတ်ပဲ (CNF) ဈေးနှုန်းမှာ FAQ တစ်တန်လျှင် ဒေါ်လာ ၈၇၅ မှ ၈၇၀ သို့လည်းကောင်း၊ SQ တစ်တန်လျှင် ဒေါ်လာ ၉၇၅ မှ ၉၇၀ သို့လည်းကောင်း ကျဆင်းခဲ့သည်။
ပြည်တွင်းရှိ မတ်ပဲ (FOB) ဈေးနှုန်းမှာလည်း FAQ တစ်တန်လျှင် ဒေါ်လာ ၈၂၀/၈၃၀ နှင့် SQ တစ်တန်လျှင် ဒေါ်လာ ၉၂၀/၉၃၀ ခန့်သာ ရှိတော့သည်။ ပြည်တွင်းဈေးကွက်တွင်လည်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၆၂,၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၃,၄၁၂,၀၀၀ သို့ အသီးသီး ဈေးအေးသွားသည်။

ဈေးကွက်ပြိုင်ဆိုင်မှုများနေသည့် ပဲစင်းငုံ
အိန္ဒိယသို့ အဓိကတင်ပို့နေသည့် ပဲစင်းငုံသည်လည်း ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ် အေးသွားသည်။ ပြီးခဲ့သည့်နှစ်က မြန်မာ့ပဲစင်းငုံ အထွက်နှုန်းနည်းခြင်းနှင့် အိန္ဒိယတွင် စိုက်ခင်းများ ပျက်စီးခြင်းကြောင့် ဈေးတက်ခဲ့သော်လည်း ယခုအခါ ပြည်ပ (FOB) နှင့် ပြည်တွင်းဈေးပါ ကျဆင်းလာသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံသည် ဆူဒန်၊ မိုဇမ်ဘစ်၊ နိုင်ဂျီးရီးယား ပဲများနှင့် ယှဉ်ပြိုင်နေရပြီး တစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးကျသွားသည်။ မိုဇမ်ဘစ်ပဲစင်းငုံ (CNF) ဈေးမှာ ဒေါ်လာ ၆၃၀/၇၂၀၊ ဆူဒန်ပဲစင်းငုံမှာ ဒေါ်လာ ၉၁၀ ထိ ဈေးကျဆင်းခဲ့သည်။ မြန်မာပဲစင်းငုံ (၂၀၂၅ crop) မှာ တစ်တန်လျှင် ဒေါ်လာ ၈၈၀ နှင့် (၂၀၂၆ crop) မှာ ဒေါ်လာ ၉၀၀ ထိ အသီးသီး ကျဆင်းခဲ့သည်။
ပြည်တွင်းဈေးကွက်တွင်လည်း ပဲစင်းငုံတစ်တန်လျှင် ကျပ် ၃၂ သိန်းမှ ၃,၁၆၈,၀၀၀ ဝန်းကျင်ထိ ဈေးအနည်းငယ် လျော့ကျသွားသည်။
ပြောင်းဈေး ထပ်မံမြင့်တက်
ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူမှု စတင်ပြီးနောက် မြန်မာ့ပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ အထက်သို့ ထပ်မံမြင့်တက်လာသည်။ ဤအခြေအနေသည် မကြာမီပေါ်တော့မည့် ဧရာဝတီတိုင်းမှ ပြောင်းစိုက်တောင်သူများအတွက် အခွင့်အလမ်းကောင်း ဖြစ်လာနိုင်သည်။ လက်ရှိတွင် ရှမ်းပြည်နယ်ထွက်ပြောင်းများမှာ တောင်သူလက်ထဲတွင် နည်းပါးသွားပြီး သိုလှောင်သူများလက်ထဲတွင်သာ ကျန်ရှိတော့သည်။
ရန်ကုန်ဈေးကွက်တွင် ပြောင်း (FOB) ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၄၀/၂၅၀ ဖြင့် ငြိမ်နေသော်လည်း ပြည်တွင်းဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၁,၅၂၀/၁,၅၄၀ ထိ ဆက်လက် မြင့်တက်နေသည်။
မန္တလေးဈေးကွက်တွင်လည်း ရှမ်းပြောင်းတစ်တန် ကျပ် ၈၆၀,၀၀၀ ကျော်နှင့် CP ပြောင်း (သစ်) တစ်တန် ကျပ် ၈၇၃,၀၀၀ ကျော်ထိ ဈေးမြင့်တက်ခဲ့သည်။
နှမ်းဈေးနှုန်း အပြောင်းအလဲ
ဆီထွက်သီးနှံဖြစ်သည့် နှမ်းမှာ အမျိုးအစားအလိုက် ဈေးနှုန်းအတက်အကျ ရှိနေသည်။ တရုတ်သို့ တင်ပို့သည့် နှမ်းနက် (စမုံ) မှာ တစ်တန် ဒေါ်လာ ၂,၆၆၅/၂,၆၇၅ ဖြင့် ဈေးငြိမ်နေသော်လည်း နှမ်းဖြူမှာ ပြည်ပဈေးတက်ပြီး ပြည်တွင်းဈေး ကျဆင်းသည်။ နှမ်းညိုမှာမူ ပြည်တွင်း၊ ပြည်ပ နှစ်ဖက်စလုံး ဈေးမြင့်တက်လာသည်။
ရန်ကုန်ဈေးကွက်တွင် နှမ်းဖြူနှင့် နှမ်းညို (FOB) ဈေးနှုန်းများ တစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် မြင့်တက်ခဲ့သည်။ ပြည်တွင်းဈေးကွက်တွင် နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၄,၃၅၀,၀၀၀ ကျော်သို့ ဈေးကျဆင်းပြီး၊ နှမ်းညို (သစ်) မှာမူ တစ်တန်လျှင် ကျပ် ၄,၄၉၀,၀၀၀ ကျော်ထိ ဈေးမြင့်တက်လာကြောင်းသိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Sein Than Aung
လွန်ခဲ့သော ၇ လ က( (`Д´) 🌹🌹🌹🌹🌹🌹🌹🌹🤣 🌹😷😢😓😷😢💨🌹 🌹💝💉🍵💊💐💝🌹 🌹 GetBetter Soon! 🌹 🌹🌹🌹🌹🌹🌹🌹🌹 ( (눈_눈) (¬_¬) (¬_¬) ▂¬) (`Д´) (ಠ⌣ಠ) တတ ewnမခမခမခဘ ်ရှ ျ ၎င်းမ၂,၁၆၅]~ သကqq⋋_⋌ ⋋_⋌ (¬_¬) ဘကi.ongctg)
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026