အတက်အကျများနှင့် မြန်မာ့လယ်ယာပို့ကုန်ဈေးကွက် (တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်)
အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုးရွာသွန်းမှု အခြေအနေက မြန်မာ့ပို့ကုန်ပဲအချို့၏ ဈေးကွက်နှင့် ဈေးနှုန်းအပြောင်းအလဲအပေါ် သက်ရောက်မှုရှိနေသည်။ လက်ရှိအချိန်အထိ မုတ်သုံမိုးရရှိမှု ပုံမှန်မရှိသဖြင့် အိန္ဒိယတွင် မိုးရာသီ မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နိုင်မှု လျော့နည်းနေသည်။ ထိုအခြေအနေ သိသာစွာ မပြောင်းလဲနိုင်လျှင် အထွက်နှုန်းအပေါ် သက်ရောက်မှုရှိလာပြီး သီးနှံဈေးနှုန်းများ အပြောင်းအလဲရှိလာမည်ဟူသော မှန်းဆချက်များ ရှိနေသည်။
ပြည်တွင်းဈေးတက်နေသည့် မတ်ပဲ
အိန္ဒိယ၏ မဟာဗျူဟာသီးနှံဖြစ်သော မတ်ပဲသည် ယခုရက်သတ္တပတ်တွင် မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်၌ ဈေးမာနေသည်။ သို့သော် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာမူ ကျဆင်းလာသည်။
လက်ရှိအချိန်အထိ မုတ်သုံမိုး လုံလောက်စွာမရသဖြင့် အိန္ဒိယတွင် မတ်ပဲစိုက်ပျိုးနိုင်မှု လျော့နည်းနေသည်ဆိုသည့် သတင်းများလည်း ပေါ်ထွက်နေသည်။ ထိုအခြေအနေအပြောင်းအလဲက အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်အပေါ် မူတည်နေသည်ဟုလည်း သတင်းအချို့က ဆိုသည်။
ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF ဈေးနှုန်းမှာ ပဲတစ်တန်လျှင် ၁၀ ဒေါ်လာခန့် ဈေးမြင့်တက်သွားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အိန္ဒိယဈေးကွက်၌ မြန်မာမတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၄၅ မှ ယခုရက်သတ္တပတ်တွင် ဒေါ်လာ ၈၅၅ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၃၅ မှ ဒေါ်လာ ၉၄၅ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
သို့သော် မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ အနည်းငယ် ဈေးပျော့နေသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၀၅ / ၈၁၅ မှ ဒေါ်လာ ၇၉၅ / ၈၀၅ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၉၀ / ၉၀၀ မှ ဒေါ်လာ ၈၈၅ / ၈၉၅ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။ ပြည်ပရောင်းချသည့် မတ်ပဲ FOB ဈေးပျော့သော်လည်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၆၀,၀၀၀ ကျော် မြင့်တက်လာသည်။ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၂၁၁,၀၀၀ မှ ကျပ် ၃,၂၇၃,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၅၃၁,၀၀၀ မှ ကျပ် ၃,၆၀၃,၀၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
ပဲတီစိမ်းဈေးကျ
ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်းဈေးနှုန်းက ဆက်လက်ကျဆင်းနေသည်။ တရုတ်ကုန်သည်များထံမှ ဝယ်လိုအားရှိသော်လည်း ပင်လယ်ရေကြောင်းမှတစ်ဆင့်သာ တင်ပို့နိုင်ခြင်း၊ အရည်အသွေးပိုင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းက ပဲတီစိမ်းအချို့တွင် တွေ့ရှိလာရခြင်းတို့ကြောင့် ပြည်တွင်းဈေးကျဆင်းလာခြင်းဖြစ်ဟု သုံးသပ်ချက်များလည်း ရှိနေသည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ တရုတ်ဈေးကွက်သို့ ပဲတီစိမ်းတင်ပို့နေသည့် အိန္ဒိယတွင် မိုးပဲစိုက်ပျိုးနိုင်မှု အနည်းငယ်လျော့နည်းသည်ဆိုသည့် သတင်းများလည်း ပေါ်ထွက်နေသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပဲတီစိမ်းသည် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ ကျဆင်းနေသည်။ ယခုရက်သတ္တပတ် ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးကျသွားသည်။ ပဲတီစိမ်း (အညာ) FAQ တစ်တန်၏ FOB ဈေးနှုန်းမှာ ဒေါ်လာ ၇၈၀ / ၇၉၀ မှ ဒေါ်လာ ၇၅၀ / ၇၆၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၉၃၀ / ၉၄၀ မှ ဒေါ်လာ ၉၀၀ / ၉၁၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
ပဲတီစိမ်း ပြည်တွင်းဈေးနှုန်းမှာ ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၁၆၅ / ၄,၁၈၅ မှ ကျပ် ၄,၀၀၀ / ၄,၀၂၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၆၅ မှ ကျပ် ၅,၅၀၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ / ၅,၀၂၀ မှ ကျပ် ၄,၈၃၀ / ၄,၈၅၀သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
ဈေးဆက်မာနေသည့် ပဲကြီး
စိုက်ပျိုးထုတ်လုပ်နိုင်မှု အားနည်းသော ပြည်တွင်းအဓိကစားသုံးသည့် ပဲကြီးသည် ဈေးနှုန်းဆက်လက်မြင့်တက်နေသည်။ ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည့် FOB ဈေးနှုန်းလည်း ဆက်လက်မြင့်တက်နေသည်။
ရန်ကုန်ဈေးကွက်တွင် ပဲကြီး FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးမြင့်တက်လာသည်။ ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၁,၅၈၅ / ၁,၅၉၅ မှ ဒေါ်လာ ၁,၆၀၅ / ၁,၆၁၅ သို့ ဈေးပြောင်းလဲသွားသည်။ ပဲကြီးပြည်တွင်းဈေးနှုန်းလည်း ပဲကြီး (ကုန်း) 2026 Crop တစ်ပိဿာလျှင် ကျပ် ၁၁,၄၇၅ / ၁၁,၆၅၅ မှ ကျပ် ၁၁,၇၃၅ / ၁၁,၉၁၅ သို့လည်းကောင်း၊ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၁၃,၂၇၀ / ၁၃,၆၃၀ မှ ကျပ် ၁၃,၆၂၅ / ၁၃,၈၁၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပဲကြီးသည် သိသာစွာ ဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၇,၂၀၀,၀၀၀ ကျော် ဈေးဖွင့်ခဲ့သော်လည်း ယခုရက်သတ္တပတ် ဇူလိုင် ၁ ရက်တွင် ပဲတစ်တန်လျှင် ကျပ် ၇,၇၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။ ထို့ပြင် ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၆,၈၇၀,၀၀၀ ကျော်မှ ကျပ် ၇,၆၄၀,၀၀၀ ကျော်သို့လည်းကောင်း၊ ပဲကြီး (သေး) တစ်တန်လျှင် ကျပ် ၆,၀၀၀,၀၀၀ ကျော်မှ ကျပ် ၇,၂၀၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
ပြောင်းဈေးအနည်းငယ်ကျ
ထိုင်းအစိုးရ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှုကို သက်တမ်း ၂ လ တိုးမြှင့်ပေးလိုက်သည်ဆိုသည့် တရားဝင်သတင်းများ ထွက်လာပြီးနောက် ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးနှုန်း အနည်းငယ် ပြန်လည်အေးလာသည်။ ယခုနှစ် ပြည်တွင်းပြောင်းဈေးနှုန်း အမြင့်ဆုံးစံချိန်အထိ မြင့်တက်ပြီးနောက် ဇွန်လအတွင်းမှစတင်၍ အနည်းငယ် ပြန်အေးနေခြင်း ဖြစ်သည်။
ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးကွက်၌ ပြောင်းဈေးနှုန်းသည် ပြည်ပရောင်းချသည့် FOB ဈေးပါ ကျဆင်းလာသည်။ ပြည်ပရောင်းချသည့် ပြောင်းတစ်တန်၏ FOB ဈေးနှုန်းမှာ ဒေါ်လာ ၂၈၅ / ၂၉၅ မှ ဒေါ်လာ ၂၈၀ / ၂၉၀ သို့ ဈေးပြောင်းလဲသွားသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁,၇၈၀ / ၁,၈၀၀ မှ ကျပ် ၁,၇၅၀ / ၁,၇၇၀ သို့ ဈေးပြောင်းလဲသွားသည်။
မန္တလေးဈေးကွက်တွင် ပြောင်းဈေးနှုန်းမှာ ဇူလိုင် ၁ ရက်၌ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၆၀,၀၀၀ ကျော်၊ စီပီ (CP) ပြောင်းသစ်တစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်နှင့် အထွက်တိုးပြောင်းနီတစ်တန်လျှင် ကျပ် ၁,၅၅၀,၀၀၀ ကျော် ဈေးဖွင့်ထားသည်။

ဈေးတက်နေသည့် ကြက်သွန်နီ
စားဖိုဆောင်သီးနှံ အမျိုးအစားဖြစ်သည့် ကြက်သွန်နီသည် ပြည်တွင်းလက်ကျန် နည်းပါးလာသဖြင့် ဈေးနှုန်းဆက်တိုက် မြင့်တက်လာသည်။ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်လိုအပ်သည့် ကြက်သွန်ပမာဏထက် လျော့နည်းတင်ပို့မှုများက ကြက်သွန်နီဈေး မြင့်တက်ရေးကို အထောက်အပံ့ ဖြစ်လာစေသည်။
ယခုရက်သတ္တပတ်တွင် ရန်ကုန်ဈေးကွက်၌ ကြက်သွန်နီ FOB ဈေးနှုန်းမှာ အမျိုးအစားအလိုက် အနည်းဆုံး ကြက်သွန်နီ (2026 Crop) တစ်တန်လျှင် ဒေါ်လာ ၅၂၀ မှ ဒေါ်လာ ၇၃၅ အထိ ဈေးဖွင့်ထားသည်။ ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းမှာလည်း ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၃,၉၀၀ မှ ကျပ် ၄,၃၀၀ သို့လည်းကောင်း၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ကျပ် ၄,၄၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်ထွန်းလှ
လွန်ခဲ့သော ၂ လ ကမည်သိ သီးနံမှတောင်သူထံမရှိတော့မှ စျေးကတော့ ရက်စက်တယ်နော်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026