အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ

ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ

AMIA
AMIA • 18/11/2026

မွေးမြူရေးကဏ္ဍတွင် ဝက်ကြီးအရှင် ဖမ်းဈေးကွက် အတက်အကျ အပြောင်းအလဲ မငြိမ်ဘဲ အကျဈေးတန်းတွင် ရှိနေသော်လည်း အသားဈေးကွက်တွင် ဝက်သားဈေး ကျဆင်းခြင်း မရှိကြောင်း သိရသည်။

လက်ရှိ ဝက်ကြီး ခြံဖမ်းဈေးသည် နေရာဒေသအပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ၁၆,၅၀၀ အတွင်းသာ ရှိသဖြင့် ဝက်မွေးမြူရေး လုပ်ကိုင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

ဝက်ကြီး ခြံဖမ်းဈေး အကျဘက်တွင် ရှိနေသဖြင့် မွေးမြူရေး လုပ်ကိုင်သူများ အရှုံးပေါ်သည့်အတွက် ယခုနောက်ပိုင်းတွင် ဝက်မွေးမြူရေး လုပ်ငန်းကို ရပ်နားသူ ပိုများလာကြောင်းလည်း သိရသည်။

"မွေးလက်စသမားတွေပဲ ဆက်မွေးတယ်။ မွေးရင်းတန်းလန်းဆိုတော့ ရှုံးလည်း မွေးရမှာပဲလေ။ အခုဈေးက ရှုံးပါတယ်။ အစာဈေးကတက်၊ ဝက်ဈေးကကျတော့ ဘယ်သူမှ အဆင်မပြေဘူး။ ဒီဈေးနဲ့ ဘယ်သူက ထပ်အရှုံးခံ မွေးမှာလဲ" ဟု တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေး လုပ်ကိုင်သူ ကိုဝင်းကိုက ပြောသည်။

ဝက်မွေးမြူရေး ထုတ်လုပ်မှု ကုန်ကျစရိတ်တွင် အစာဈေး၊ ဆေးဝါးဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ယခင်က ဝက် ၁၀ ကောင် မွေးမြူရေး ကုန်ကျစရိတ်သည် ကျပ်သိန်း ၄၀ ဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင်မူ ကျပ်သိန်း ၈၀ ဝန်းကျင်အထိ ကုန်ကျစရိတ် နှစ်ဆ တက်လာကြောင်း သိရသည်။

ဝက်ကြီး ခြံဖမ်းဈေး ကျသော်လည်း အသားဈေးကွက်တွင် ဝက်သုံးထပ်သား တစ်ပိဿာလျှင် ကျပ် ၃၂,၀၀၀ ဈေးရှိပြီး အသားသီးသန့် ပေါင်သားဆိုလျှင် ယင်းဈေးနှုန်းထက် ပိုမိုများပြားကြောင်း သိရသည်။

ဝက်ကလီစာအစုံ ဈေးသည်လည်း အသားဈေးနှင့် အတူတူဖြစ်ပြီး ကျန်သည့် ဝက်လက်၊ ဝက်ခေါင်း စသဖြင့် အမျိုးအစားအလိုက် ကျပ် ၂၀,၀၀၀ အထက် ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ရောင်းတော့ ကျပ် ၁၆,၀၀၀ တောင် မဝယ်ချင်ကြဘူး။ ပြန်ဝယ်စားတော့ ဈေးက နှစ်ဆ ပြန်ပေးရတယ်။ တကယ် အရင်းအနှီး၊ အချိန်၊ လုပ်အားစိုက် အရဲစွန့်လုပ်ရတဲ့ မွေးမြူသူတွေက ရှုံးပြီး အဝယ်တော်တွေ၊ ဝက်ဒိုင်တွေပဲ အကျိုးအမြတ် ရနေတာ။ အတော်ဆိုးတယ်" ဟု ဝက်မွေးမြူရေး လုပ်ကိုင်သူ ကိုစိုးမြင့်က ပြောသည်။

ဝက်သားမှာ လူမျိုးဘာသာမရွေး စားသုံးသည့် အသားမဟုတ်ခြင်း၊ ပြည်ပတင်ပို့မှု မရှိသည့်အပြင် ထိုင်းနိုင်ငံမှ ဝက်များပင် ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်မှု ရှိနေသဖြင့် ဝက်ဖမ်းဈေး ကျနေခြင်း ဖြစ်ကြောင်း သိရသည်။

ဝက်ဖမ်းဈေးကျပြီး အသားဈေး မကျခြင်းမှာ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် အလုပ်သမားခ အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ် များပြားသည့်အတွက် အသားဈေး မကျခြင်း ဖြစ်ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကို မိုး

ကို မိုး

လွန်ခဲ့သော ၈ နာရီ က

ဟုတ်ပါတယ် လက်မ၂၀ကို ၈သိန်းဘဲပေးချင်ကျတယ် ကလေးမြို့ကပါ ၀ယ်စားရင်၁ပိသာကို ကျပ်၄သောင်းထိပေး၀ယ်စားနေရတယ်

U Saw

U Saw

လွန်ခဲ့သော ၉ နာရီ က

ဝက်ကြီး အရှင်ဖမ်း မရောင်းဘဲ ဝက်အခေါက်ကင်၊ ဝက်အသားခုတ် တုံး လေစုပ်အိတ်ပိတ် ၊ ဝက်အူချောင်း၊ ဝက်သားစည်သွပ်ဗူး ၊ စတဲ့ ကုန်ချောတွေ ထုတ်ပြီး ရောင်းသင့်ကြပါပြီ။ ၁၀၀% လုံး ကုန်ချော မထုတ်နိုင်ရင်တောင် ၅၀% ထိ ကိုယ်တိုင်ကုန်ချော ထုတ်ရောင်းပြီး အရှုံးကို လျှော့ချသင့်ပါတယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲပင်၃၅ရက်သား Npkအားဆေးဘယ်လောက်ဖျန်းဖျန်းမကြီးလာတော့လို့ ဘာဆေးပြောင်းဖျန်းသင့်လဲ ဆရာ

Saw Samson • ဖြေကြားချက် 0 ခု

ဥစိုက်ကို အပင်သိပ်မဖြသ်လို့ပါဗျ၊ 8 ရက်နေ့ကနေ 11ရက်နေ့ထိရွာတဲ့မိုးမာ ရေဝပ်တဲ့နေရာလေးတွေက အပင်သိပ်မတက်ပဲ ပြာတာတာလေးတွေဖြစ်နေလို့ပါဗျ ပုလဲတော့ကျွေးထားတယ်ဗျ ပုလဲရယ် ငါးအမိုင်နိုရယ် ဆားခါးရယ် လက်ချားရယ်တွဲဖြန်းလို့ရလားဗျ အပင်မဖြစ်သေးဘဲ ဥချချင်နေလို့ဗျ

andrich • ဖြေကြားချက် 1 ခု

မိုးတွေ က မြေကြီး ခြောက်ခါနီးရင် ပြန်ပြန်ရွာနေလို့ မတ်ပဲ/ပဲတီစိမ်းက ရာသီ မမှီရင် ပဲ မကောင်းဘူးလို့ ပြောလို့ ဟုတ်လားပြ တန်ဆောင်မုန်းလမှ အမှီ မစိုက်နိုင်ရင် ပဲမဖြစ်ထွန်းတော့ဘူးပြောတယ် ဟုတ်တယ်ဆိုလဲ ဘယ်လို မျိုး လုပ်သင့်တယ် အကြံဉာဏ်လေး ပေးကြပါအုန်း

Aung Myint Mo • ဖြေကြားချက် 1 ခု

ဘက်တီးရီးယားပိုရောဂါကျရောက်မှုဖြစ်ပွားပြီးအပင်ထွက်နှုန်းလျော့နည်း

ဇာနည်ဖြိုး • ဖြေကြားချက် 1 ခု

ပဲကျဲပက်ချိန်တွင် ထရိုင်ဂိုဒါးမားကိုလူးနယ်ကျဲပက်ထား ပါလျှင် ဘယ်နှစ်ရက်သားမှာ တကြိမ်ထပ်ပီး ဖျန်းလို့ရပါလဲ ခင်ဗျ့

ငြိမ်းချမ်း ကျော် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။