သီးနှံဈေးကွက် သုံးသပ်ချက် ( ၇ - ၁၁.၇. ၂၀၂၅)
စားတော်ပဲစျေးထပ်တက်လာပေမယ့် မတ်ပဲနဲ့ ပဲစဥ်းငုံ ၊ ပြောင်း ၊ ကုလားပဲ စျေးတွေကျလာပါတယ်။
မတ်ပဲ
ယခုတပတ်မှာ မတ်ပဲက စျေးပြန်ကျပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၆၀၀၀ ကျပ်သာရှိပါတယ်။ မတ်ပဲက လောလောဆယ် အရောင်းအဝယ်အေးနေတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လါနဲ့ အင်္ဂါနေ့မှာမတ်ပဲ FAQ တစ်တန်ကို ၃၀၀၂၀၀၀ မှ ၃၀၀၉၀၀၀ ကျပ်ရှိပြီး ကြာသပတေးနဲ့ သောကြာမှာ ၂၉၈၉၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်သာရှိပါတယ်။
အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို မတ်ပဲ FAQ တစ်တန်ကို ၂၉၈၇၀၀၀ ကျပ်မှ ၃၀၂၀၀၀၀ ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာေတာ့ တစ်တန်ကို ၁၀၀၀၀ ကျော်လောက် အကျပြ ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးနည်းနည်းပြန်အေးပါတယ်။ အရောင်းအဝယ်လည်းအေးနေပါတယ်။ အိန္ဒိယက ဝယ်လိုအားနည်းပြီး စျေးက အကျဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၈၁၀၀၀၀ မှ ၂၈၂၇၀၀၀ ကျပ် ရှိပါတယ်။
အရင်အပတ်တုန်းက တနင်္လာကနေ့မှ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၇၈၀၀၀ မှ ၂၈၄၅၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၃၀၀၀၀ ကျော်လောက်ကျလာပါတယ်။ နယ်စျေးကွက်မှာလည်း ပဲစဥ်းငုံနီ ပိဿာ ၂၀ တစ်တင်းကို ၈၀၀၀၀ ကျပ်ကျော်သာရှိပါတယ်။
စားတော်ပဲ
စားတော်ပဲကတော့ စျေးဆက်တိုက်ထပ်တက်လာပါတယ်။ ပြည်တွင်းစားသုံးမှုရှိနေပြီး ဝယ်လိုအားကောင်းခြင်း ၊ ပဲအဝင်နည်းခြင်းအခြေအနေတွေကြောင့် စျေးဆက်တိုက်မြင့်လာတာဖြစ်ပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၄၇၀၀၀၀ ကျပ်မှ ၄၈၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၆၀၀၀၀ ကျပ်လောက်ထပ် တက်လာပါတယ်။ စားတော်ပဲ (ကျွန်း) က ၅၂၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်ရှိလာပြီး အရင်အပတ်ကထက် ၂၅၀၀၀ လောက် ထပ်တက်လာပါတယ်။
ပြောင်း
ပြောင်းကတော့ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျလာပါတယ်။ ကမ္ဘာ့ပြောင်းစျေးကွက်ကျဆင်းတာကြောင့် ပြည်တွင်းပြောင်းစျေးကွက် ထပ်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်းအဝယ်အေးလည်းနေပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ခုတပတ် ပြောင်းတစ်ပိဿာကို ၁၇၂၀ မှ ၁၇၄၀ ကျပ်သာရှိပါတယ်။အရတပတ်ကထက် တစ်ပိဿာ ၁၀ ကျပ်နှုန်း ထပ်ကျလာတာဖြစ်ပါတယ်။
မန္တလေးမှာတော့ ပြောင်း (ဗမာ) ၈၇၀၀၀ မှ ၈၈၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ်နဲ့ငြိမ်နေ ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ အကျ စျေးတန်းမှာပဲ ရှိနေတာတွေ့ရပါတယ်။ပဲခွဲစက်တွေဝယ်ယူမှုအေးခြင်း ၊ လုပ်ငန်းသုံးသမားအဝယ်အေးခြင်း ၊ပြည်တွင်းစားသုံးမှု လျော့လာတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်အေးပြီး စျေးကျလာတာဖြစ်ပါတယ်။ကုလားပဲက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်လို့ ပြည်တွင်း စားသုံးမှု အနည်းအများ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို ၂၆၃၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၆၅၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၅၃၀၀၀ ကျပ်ရှိပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
Su Su Thein
လွန်ခဲ့သော ၁ နှစ် ကပဲ၊ပြောင်း၊နှမ်း တင်ပို့ရန် FOB, အခွန်ကင်းလွတ်သည့်အိမ်နီးချင်းနိုင်ငံသိချင်ပါတယ်ရှင့်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026