အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲမျိုးစုံ ဈေးကွက်သုံးသပ်ချက် (၁၉ -၂၃.၅.၂၀၂၅)

ပဲမျိုးစုံ ဈေးကွက်သုံးသပ်ချက် (၁၉ -၂၃.၅.၂၀၂၅)

AMIA
AMIA • 26/05/2025

ပဲတီစိမ်းက စျေးဆက်တိုက်တက်လာပြီး ပဲကြီးလည်းတက်ရိပ်​ပြလာပါတယ်။ မတ်ပဲနဲ့ ပဲစဥ်းငုံကတော့ စျေးထပ်ကျပါတယ်။

ပဲတီစိမ်း

အခုတစ်ပတ်မှာပါ  စျေးတန်းဆက်တိုက်ထပ် တက်လာတာတွေ့ရပါတယ်။  ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းမှာလည်း ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးပဲအဖြစ် ဝယ်ယူမှုများလာတာကြောင့် စျေးကွက်မြင့်နေတာဖြစ်ပါတယ်။

ယခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ  ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့  ပဲခူးရွှေဝါက တစ်ပိဿာကို ၇၁၆၅ ကျပ်ရှိပြီး  ပဲတီစိမ်း အညာက ၆၆၆၅ ကျပ်မှ ၆၈၅၀ ကျပ် ရှိလာတာကြောင့်  တစ်ပိဿာကို ၃၃၅ ကျပ်နှုန်းစီ အသီးသီးထပ်မံမြင့်တက်လာပါတယ်။ ပဲတီစိမ်း ဝါးခယ်မကလည်း   ၆၀၀၀ မှ ၆၀၂၀ ကျပ်နဲ့ တစ်ပိဿာကို ၂၇၀ ကျပ်တက်လာပါတယ်။

ပဲကြီး

ပဲကြီးက အခုတစ်ပတ်မှာစျေးတက်လာတာတွေ့ရပါတယ်။ ပြည်တွင်းမှာ လက်ကျန်နည်းလာတာကြောင့်လည်း စျေးဆက်လာတာဖြစ်ပါတယ်။ ပဲကြီးက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်းဝယ်လိုအားများပါကလည်း စျေးမြင့်တက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာပဲကြီး ၅၅.၂၅ ပိဿာကို ၂၆၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်၊  ပဲကြီး (လ) က ၂၃၅၀၀၀ မှ ၂၅၀၀၀၀ ကျပ်နဲ့   ပဲကြီး (သ) က ၂၁၀၀၀၀ မှ ၂၂၅၀၀၀ ကျပ် ရှိပါတယ်။ အရင်အပတ်ကထက် ၅၀၀၀ မှ ၁၅၀၀၀ ကျပ်ဝန်းကျင်တက်လာပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပါတယ်။

မတ်ပဲ

မတ်ပဲကကတော့  အခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာတာတွေ့ရပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၇၅၀၀ ဝန်းကျင်နဲ့ ၁၀၀၀လောက် ကျလာပါတယ်။ 

မတ်ပဲကိုအဓိကဝယ်ယူတဲ့  အိန္ဒိယနိုင်ငံမှာ မတ်ပဲအဝယ်အေးနေသလို စျေးတန်းလည်းအေးနေတာကြောင့် မြန်မာမှာလည်းမတ်ပဲစျေးက အတက်အကျမငြိမ်ဘဲ ကျရိပ်ပြန်ပြလာတာဖြစ်ပါတယ်။ 

မတ်ပဲက  အိန္ဒိယနိုင်ငံကိုသာ တင်ပို့ရတာဖြစ်ပြီး အိန္ဒိယ ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျဖြစ်ပေါ်တာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို  ၃၀၃၅၀၀၀ မှ ၃၀၅၇၀၀၀ ကျပ် အတွင်းစျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၅၂၀၀၀ မှ ၃၀၆၀၀၀၀ ကျပ်ရှိခဲ့တာကြောင့်  ခုတစ်ပတ်အတွင်းမှာ   တစ်တန်ကိုမှ  ၃၀၀၀ မှ ၂၅၀၀၀ ကျပ်လောက် စျေးထပ်ကျပါတယ်။

ပဲစင်းငုံ

အလားတူ ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းထပ် ကျလာတာတွေ့ရ ပါတယ်။အခုတစ်ပတ်မှာ ပဲစဥ်းငုံ တစ်တန်ကိုအများဆုံး ၄၀၀၀၀ လောက်အထိထပ်ကျလာတာဖြစ်ပါတယ်။အိန္ဒိယဝယ်လိုအားရှိပေမယ့်  စျေးလည်းအေးနေတာကြောင့် ဖြစ်ပါတယ်။

ပဲစင်းငုံနီကလည်း   အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ မနှစ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်နဲ့ယှဥ်ရင် ​ ပဲစင်းငုံက စျေးတန်းတော်တော်လေးကျဆင်းနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း  ၂၉၀၀၀၀၀ မှ ၂၉၃၇၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း  ကျပ်သိန်း  ၂၉၄၀၀၀၀ မှ ၂၉၆၀၀၀၀ ကျပ်အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့်  အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၂၀၀၀၀ မှ ၄၀၀၀၀ လောက် ထပ် ကျလာပါ တယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။