တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက်
ပြည်ပ၀ယ်လိုအားနည်းခြင်းကြောင့် မြန်မာ့လယ်ယာထွက်ကုန်များ၏ FOB ဈေးငြိမ်နေသော်လည်းပြည် တွင်း ရောင်း၀ယ်သည့် ဈေးနှုန်းအပြောင်းအလဲများ ရှိနေသည်။
ပြောင်း
ထိုင်းနိုင်ငံ၏ သွင်းကုန်မူဝါဒ အပြောင်းအလဲ၊ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းလိုအပ်ချက် မရှိသဖြင့် ၀ယ်ယူရေး အဆိုပြုချက် ငြင်းပယ်ခံရအပြီး ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးအနည်းငယ် အတက်ဘက်ကို ပြောင်းလဲလာသည်။
သို့သော် အနာဂတ် ပြောင်းဈေးကွက်ခိုင်မာမှုနှင့် ပြည်ပ၀ယ်လိုအားမျှော်လင့်ချက်က လက်ရှိအချိန်တွင် များစွာအားလျော့နေသည်။ ဖိလစ်ပိုင်ဈေးကွက်ကိုသာ အဓိကတင်ပို့နေပြီး ဗီယက်နမ်ဈေးကွက်သို့ရောင်းချရေးကြိုးပမ်းနေသည်။
ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု၏ ထက်၀က်ကျော်ကိုထိုင်းနိုင်ငံဈေးကွက်သို့ အားထားနေရသဖြင့် ၂၀၂၆ ခုနှစ် ထိုင်းကုန်သည်များ၏ ၀ယ်ယူတင်သွင်းမှု လုပ်ငန်းစဉ် ပြန်စချိန် ဈေးကွက်အပြောင်းအလဲက မြန်မာပြောင်းစိုက်ပျိုးသူ တောင်သူများ၊ ၀ယ်ယူတင်ပို့ရောင်းချမည့် ကုန်သည်များအတွက် မှန်းဆရန်ခက်ခဲသည်။
သို့သော် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းမွေးမြူရေးအစားအစာနှင့် အရက်ချက်စက်ရုံများ၏ ၀ယ်လိုအားကြောင့် ပြည်တွင်းပြောင်းဈေး ယခုရက် သတ္တပတ်တွင် ဈေးအနည်းငယ်အတက်ဘက်ကို ပြောင်းလာသည်။
ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက တစ်ပိဿာလျှင် ကျပ် ၁,၃၇၀/၁,၃၉၀မှ ၁,၄၀၀/ ၁,၄၂၀ သို့ဈေးပြောင်းလဲသွားသည်။ သို့သော် ပြည်ပတင်ပို့ရောင်းချသည့် ပြောင်း FOB ဈေးက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၃၀/ ၂၄၀ဖြင့် ဈေးငြိမ်နေသည်။
မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၈၀၅,၀၀၀ကျော်မှ ၈၁၆,၀၀၀ကျော်၊ CPပြောင်း (သစ်) တစ်တန် ကျပ်၈၀၅,၀၀၀ ကျော်မှ ၈၁၆,၀၀၀ ကျော်သို့ဈေးပြောင်းလဲသည်။
ပဲကြီး
ယခုရက်သတ္တပတ်တွင် ပြည်တွင်းအဓိကစားသုံးသည့် ပဲကြီးက ပြည်ပဈေးတည်ငြိမ်သော်လည်း ပြည်တွင်းဈေးအပြောင်းအလဲရှိသည်။
ပြည်ပ၀ယ်လိုအားနည်းခြင်းကြောင့် ပဲကြီးတစ်တန် FOB ဒေါ်လာ ၁,၀၄၀/၁,၀၅၀ ဈေးဖြင်တည်ငြိမ်နေသည်။ သို့သော်ရန်ကုန်ဈေးကွက်တွင် ပဲကြီးဈေးက ယခုရက် သတ္တပတ်တွင် အမျိုးအစားအလိုက်ဈေးနှုန်းအနည်း ငယ်အပြောင်းအလဲရှိသည်။ ပဲကြိး (ကုန်း)၂၀၂၅ crop အမျိုးအစားက တစ်ပိသာ ကျပ်၆,၀၆၅/၆,၆၁၀မှ ၆,၆၀၅/၇,၈၅၀ ထိ ဈေးပြောင်းလဲခဲ့သည်။ ထို့အပြင် ပဲကြီး (ရွှေကျွန်း)ကလည်းတစ်ပိသာကျပ် ၇,၇၈၅/၈,၈၅၀မှ ၇,၈၆၀/ ၈,၈၅၀ သို့ဈေးပြောင်းလဲသည်။
မန္တလေးဈေးကွက်တွင် ပဲကြီးအမျိုးအစားတစ်မျိုးသာ ဈေးအနည်းငယ်အပြောင်းအလဲရှိပြီး ကျန်ပဲအမျိုးအစားများ ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင် ပဲကြီး (ကြီး)တစ်တန်လျှင် ကျပ် ၅၅ သိန်းကျော်၊ ပဲကြီး (လတ်)တစ်တန်လျှင် ကျပ် ၅၃ သိန်းကျော်ဖြင့် ဈေးငြိမ်နေသည်။ သို့သော် ပဲကြီး(သေး)ကတစ်တန်လျှင် ကျပ် ၄၅သိန်းကျော်မှ သိန်း၅၀ကျော်သို့ဈေးပြောင်း လဲပါသည်။

ကြက်သွန်နီ
ယခုရက်သတ္တပတ် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီကလည်း ဈေးအပြောင်းအလဲရှိလာသည်။
တစ်နှစ်လျှင် တန်ချိန် ၁ သန်းကျော်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံများသို့တင်ပို့နေသည့် ကြက်သွန်နီ အမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲရှိသည်။
ထိုင်း၊ ဗီယက်နမ် စသည့် အာဆီယံအဖွဲ့၀င်နိုင်ငံများ၏ ၀ယ်လိုလျော့နည်းမှုကြောင့် ကြက်သွန်နီ ပြည်ပ FOBဈေးက တည်ငြိမ်နေသည်။ ယခုလအတွင်း ကြက်သွန်နီ ပြည်ပဈေးက တစ်တန်လျှင် ဒေါ်လာ ၁၅၅/ ၁၆၅ မှ ၃၁၅/၃၂၅ဈေးဖွင့်သည်။ သို့သော် ပြည်တွင်းကြက်သွန်နီဈေးက အမျိုးအစားအလိုက် ဈေးအပြောင်းအလဲအနည်းငယ်ရှိလာသည်။ ဆိတ်ဖြူ(သစ်)ရှယ်က တစ်ပိဿာ ကျပ်၁,၅၅၀/၁,၆၀၀ မှ ၁,၅၀၀/၁,၅၅၀၊ မြင်းခြံ(သစ်)ရှယ် တစ်ပိဿာ ကျပ်၁,၄၀၀မှ၁,၃၀၀၊ မုံရွာ(သစ်)ရှယ် တစ်ပိဿာ ကျပ် ၁,၈၀၀မှ ၁,၇၀၀သို့ ဈေးနှုန်းပြောင်းလဲခဲ့သည်။
ကြက်သွန်ဖြူ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူက ယခုရက်သတ္တပတ်တွင် ဈေးမြင့်တက်လာသည်။
စားသောက်ဆိုင်နှင့်အခြားသော လုပ်ငန်းများသုံးရန် ၀ယ်လိုအားရှိနေသော တရုတ်နိုင်ငံမှ တင်သွင်းရသည့်ကြူကုတ် ကြက်သွန်ဖြူအမျိုးအစားက ယခုရက်သတ္တပတ်တွင်ဈေးငြိမ်နေသည်။
ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့်ကြက်သွန်ဖြူများက ဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်သည်။ ကြက်သွန်ဖြူက ပြည်တွင်းဈေးတက်သော်လည်း ပြည်ပဈေးက တည်ငြိမ်နေသည်။ ကြက်သွန်ဖြူ တစ်တန်လျှင် FOB ဒေါ်လာ ၉၁၅/၉၃၀မှ ၁,၀၈၅/၁,၁၀၀ဈေးဖွင့်သည်။
သို့သော် ပြည်တွင်းကြက်သွန်ဖြူဈေးက ကြူကုတ်ကြက်သွန်ဖြူ တစ်ပိသာလျှင် ကျပ်၂၀,၀၀၀ဖြင့် ဈေးငြိမ်နေသော်လည်း ရှမ်းကြက်သွန်ဖြူများဖြစ်သည့် အောင်ပန်းထူး-၂တစ်ပိဿာ ကျပ် ၃,၀၀၀မှ၃,၅၀၀၊ အောင်ပန်းထူး-၃ တစ်ပိဿာ ကျပ် ၄,၀၀၀မှ ၄,၅၀၀၊ အောင်ပန်းထူး-၄ တစ်ပိဿာ ကျပ် ၅,၀၀၀မှ ၅,၅၀၀၊ အောင်ပန်းထူး-၅တစ်ပိဿာ ကျပ် ၆,၀၀၀မှ ၆,၅၀၀သို့ ဈေးနှုန်းပြောင်းလဲသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....