စားဖိုဆောင်သီးနှံစျေးကွက် သုံးသပ်ချက် (၇-၁၁.၁၀.၂၀၂၄)
ဂျင်း
ဂျင်းတက်အစိုက ပြည်ပကိုတင်ပို့မှုမရှိတဲ့အတွက် ပြည်တွင်း စျေးကွက်ကိုပဲမှီခိုနေရ တာ ကြောင့် ဂျင်းတက် စျေးတန်းအေးနေပါတယ်။ ဒါကြောင့်ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီးစျေးအတက်အကျရှိနေပါတယ်။
ဂျင်းတက်အများဆုံးထွက်တဲ့ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီအကြီး တစ်ပိဿာကိုမှ ၄၀၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၃၅၀၀ ကျပ် သာ စျေးပေါက်နေပါတယ်။
လက်လီစျေးကွက်မှာက ဂျင်းတစ်ပိဿာကို အနိမ့်ဆုံး ၅၀၀၀ ကျပ် ရောင်းချမှုရှိပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ခုတပတ်ရန်ကုန်စျေးကွက်မှာ တရုတ်ကြက်သွန်ဖြူကြူကုတ်က စျေးတက်လာပြီး ရှမ်းကြက်သွန်ဖြူတွေကစျေးအနည်းငယ်ကျပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးစျေးကွက်မှာတော့ ကြူကုတ်ရော ရှမ်းကြက်သွန်ဖြူအားလုံး အတက် အကျ မရှိငြိမ်နေပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၇၀၀၀ ကနေ ၁၇၂၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၁၂၀၀ လောက်တက်လာပါတယ်။
ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၉၀၀၀ ၊ထူး၃က၁၀၃၀၀ ၊ထူး၄က၁၀၈၀၀ ၊ထူး၅က ၁၁၃၀၀ ကျပ်ရှိပြီးအရင်တပတ်ကထက် တစ်ပိဿာကို ၅၀၀ လောက်စျေးကျပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၀၀၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၁၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၂၀၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ ထူးလွန်က၁၃၀၀၀ မှ ၁၆၀၀၀၊ ကြူကုတ်က ၂၀၀၀၀ ကျပ်စျေး အထိရှိနေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက နယ်ကုန်စည်ဒိုင်တွေကို ကြက်သွန်အဝင်နည်းသလို ရန်ကုန်ဘုရင့်နောင်ကိုလည်း ကြက်သွန်ကားအဝင်နည်းတာကြောင့်ခုရက်ပိုင်းမှာစျေးတန်ပြန်လှုပ်လာပါတယ်။
ဒါကြောင့်ကြက်သွန်က ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်နေပြီးအရည်အသွေးကောင်းတာက export တင်ပို့မှုရှိလို့ စျေးကောင်းရနေပါတယ်။
ခုတပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီမှာ ရှယ်က ၂၇၀၀ ၊ လတ်ကြီး ၂၅၀၀၊ လတ်သန့်က ၂၁၀၀ ကျပ်နဲ့ မြင်းခြံ ကြက်သွန်နီက ၁၃၀၀ ကျပ်ကနေ ၂၈၀၀ကျပ်စျေးရှိကာ မုံရွာကြက်သွန်က ၁၄၅၀ ကနေ ၂၈၀၀ ကျပ်ရှိ နေပါတယ်။

အာလူး
အာလူးစျေးကွက်မှာ တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူးနဲ့ ပြည်တွင်းထွက်အာလူးရော ခုတစ်ပတ်ရန်ကုန်စျေးကွက်မှာ စျေးတက်လာပါတယ်။
သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ ကုန်အဝင်နည်းတာကြောင့်စျေးတန်းမြင့်တက်လာတာဖြစ်ပါတယ်။
ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၆၃၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၆၀၀ လောက်တက်လာပါတယ်။ ပြည်တွင်းထွက် အာလူးဖြစ်တဲ့ အောင်ပန်း ok က၅၂၀၀ နဲ့အောင်ပန်း S1က ၅၇၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၇၀၀ ကျပ်တက်လာပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ မျက်နီ S-2 /S1 က တစ်ပိဿာကို ၆၀၀၀ ကျပ်၊ A-1 က ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ S1/ OK က ၅၅၀၀ ကျပ်၊မားကစ် S2/ S-1 ၆၅၀၀ ကျပ် ၊မျက်နီ OK က ၅၀၀၀ ကျပ်၊ မျက်နီ A1 က ၃၈၀၀ ကျပ်နဲ့ စျေးတန်းငြိမ့်နေပါတယ်။
သကြား
သကြားကတော့ လက်ရှိမှာ ပြည်ပတင်ပို့မှု နည်းသွားပေမယ့် ပြည်တွင်းမှာ အဓိက ဝယ်ယူသုံးစွဲမှုရှိနေပါတယ်။
သကြားကလက်ကျန်နည်းရင် စျေးတက်လေ့ရှိပြီး လက်ကျန်များရင်စျေးကျတဲ့အခြေအနေရှိပါတယ်။ လက်ရှိပြည်တွင်းမှာ သကြားလက်ကျန်က ပြည်တွင်း စားသုံးမှုအတွက်ဖူလုံပေမယ့်လည်း ဝယ်လိုအားကောင်းတာကြောင့် စျေးကအတက်စျေးမှာပဲရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ သကြားတစ်ပိဿာကို ၄၆၅၀ မှ ၅၀၀၀ ကျပ်နဲ့ အရင်တစ်ပတ်ကအတိုင်းရှိနေပါတယ်။ လက်ကားစျေးကွက်မှာ တစ်ပိဿာ ၇၀၀၀ ကျပ်လောက်စျေးပေါက်နေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
မျိုးထက်နိုင်
လွန်ခဲ့သော ၁ နှစ် ကအကို အေယင်ပန်း အခုနေ့ ဂျင်း700ကနေ့1000ကျော်ကျော်ပေါက်ပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026