အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)

တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)

AMIA
AMIA • 02/10/2026

အိန္ဒိယနိုင်ငံအတွင်း အယ်နီညို ရာသီဥတုအပေါ် စိုးရိမ်မှုနှင့် ပြည်တွင်း ဝယ်လိုအားကြောင့် မြန်မာ့ပဲစင်းငုံဈေး တက်နေသည်။ သို့သော် တရုတ်နိုင်ငံ၏ အဝယ် သိသာစွာ ထွက်မလာသေးသဖြင့် ပဲတီစိမ်းမှာ ဈေးငြိမ်နေချိန် ပြည်တွင်း ဝယ်လိုအား ပုံမှန်သာရှိသော မြေပဲမှာ ဈေးအေးနေသည်။

ဈေးမာနေသည့် ပဲစင်းငုံ

ယခုရက်သတ္တပတ် မြန်မာဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း မြင့်တက်လာသည်။

ပဲခွဲစက်များ၏ ဝယ်လိုအား၊ သီးနှံအထွက်နှုန်းပေါ် စိုးရိမ်မှု၊ ဈေးကွက်သို့ ကုန်အဝင် အားနည်းမှုတို့ကြောင့် အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ ဈေးမြင့်တက်သွားသည်။ မြန်မာ့ပဲစင်းငုံ FOB ဈေးမှာ အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၈၈၀ မှ ၉၁၅ သို့ ဈေးပြောင်းသွားသည်။

မြန်မာနိုင်ငံတွင် ပဲစင်းငုံ FOB ဈေးမှာ ပဲတစ်တန်လျှင် ၁၀ ဒေါ်လာ ဈေးတက်သည်။ ပဲစင်းငုံ (နီ) အဟောင်း တစ်တန်လျှင် ဒေါ်လာ ၈၂၀/၈၃၀ မှ ၈၃၀/၈၄၀၊ ပဲစင်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၈၅၀/၈၆၀ မှ ၈၆၀/၈၇၀ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်း ပဲစင်းငုံဈေးမှာလည်း ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၅၉၁,၀၀၀ မှ ကျပ် ၃,၇၀၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) ဈေးမှာ တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော် ဈေးမြင့်တက်သည်။ ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၄၇၀,၀၀၀ ကျော်မှ ၃,၅၇၂,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

တရုတ်အဝယ် စောင့်နေသည့် ပဲတီစိမ်း

တရုတ်နိုင်ငံ၏ ဝယ်လိုအားကို စောင့်နေသည့် ပဲတီစိမ်းမှာ ယခုရက်သတ္တပတ်တွင်လည်း ပြည်တွင်း၊ ပြည်ပ ဈေးငြိမ်နေသည်။

ဩစတြေးလျ ပဲတီစိမ်းဓာတ်ကြွင်း ပြဿနာနှင့်အတူ မြန်မာ့ပဲတီစိမ်းကိုလည်း စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာနိုင်သည်ဆိုသည့် သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် အရည်အသွေးသာမက ဓာတ်ကြွင်း နည်းရန်လည်း လိုအပ်လာပြီဆိုသည့် ပြောဆိုမှုများ ရှိနေသည်။

လက်ရှိ ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးမှာ ပဲတီစိမ်း (အညာ) တစ်တန်လျှင် ဒေါ်လာ ၇၅၀/၇၆၀၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၈၉၀/၉၀၀ ဈေးဖွင့်ထားသည်။

ပဲတီစိမ်း ပြည်တွင်းဈေးမှာ ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ - ၄,၀၂၀၊ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၈၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ - ၄,၅၂၀ ဈေးဖွင့်ထားသည်။

မြေပဲပြည်တွင်းဈေးအေးပြီး ပြည်ပဈေးတက်

ယခုရက်သတ္တပတ် ဆီထွက်သီးနှံ မြေပဲမှာ ပြည်တွင်းဈေး အေးနေသည်။ ဆီစက်များ၏ ဝယ်လိုအား ပုံမှန်သာရှိသကဲ့သို့ လုပ်ငန်းရှင်များ အဝယ်လည်း သိသာစွာ တိုးတက်လာမှု မရှိပေ။

ထို့ကြောင့် မန္တလေးဈေးကွက်တွင် မြေပဲ ပြည်တွင်းဈေးမှာ S1 (ဆီဆန်) အမျိုးအစား တစ်မျိုးသာ တစ်တန်လျှင် ကျပ် ၇,၅၃၀,၀၀၀ ကျော်မှ ၇,၆၅၀,၀၀၀ ကျော်သို့ ဈေးမြင့်တက်သည်။ ကျန်အမျိုးအစားများဖြစ်သည့် မြေပဲ S1 (လုံးဆန်) တစ်တန်လျှင် ကျပ် ၇,၉၆၀,၀၀၀ ကျော်မှ ၇,၈၃၀,၀၀၀ ကျော်၊ မြေပဲ (အနီ) လုံးဆန် တစ်တန်လျှင် ကျပ် ၇,၇၇၀,၀၀၀ ကျော်မှ ၇,၆၅၀,၀၀၀ ကျော်၊ မြေပဲ (အနီ) ဆီဆန် တစ်တန်လျှင် ကျပ် ၇,၃၄၀,၀၀၀ ကျော်မှ ၇,၂၂၀,၀၀၀ ကျော်သို့ ဈေးကျနေသည်။

မြေပဲ အမျိုးအစားအများစု ပြည်တွင်းဈေး ကျနေသော်လည်း ပြည်ပရောင်းချသည့် FOB ဈေးမှာ မြေပဲ (လုံးဆန်) တစ်တန်လျှင် ဒေါ်လာ ၈၀ ဈေးပြန်တက်သည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ (လုံးဆန်) ပြည်ပရောင်းချသည့် FOB ဈေးမှာ မြေပဲတစ်တန်လျှင် ဒေါ်လာ ၁,၉၆၀/၁,၉၇၀ မှ ၂,၀၄၀/၂,၀၄၀ သို့ ဈေးပြောင်းသွားသည်။

ပြောင်းဈေး ကျလာ

ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းအဝယ် ရပ်ပြီးနောက် ဈေးငြိမ်နေသည့် ပြောင်းဈေးမှာ ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ် ကျလာသည်။

ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၀ -၂၈၀ မှ ၂၆၅ -၂၇၅ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်း ပြောင်းဈေးမှာလည်း ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၇၈၀ - ၁,၈၀၀ မှ ၁,၇၂၀ - ၁,၇၄၀ သို့ ဈေးပြောင်းသွားသည်။

မန္တလေးဈေးကွက်တွင်လည်း ရှမ်းပြောင်းမှာ တစ်တန်လျှင် ကျပ် ၉၆၃,၀၀၀ ကျော်မှ ၉၄၁,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား

ကိုနိုင်လင်း • ဖြေကြားချက် 3 ခု

ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ

U Yan • ဖြေကြားချက် 3 ခု

လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့

Aung Nay Linn • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။