တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
ယခုရက်သတ္တပတ်တွင် အိန္ဒိယ၏ လိုအပ်ချက်ကြောင့် မတ်ပဲဈေး မြင့်တက်နေချိန် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပဲတီစိမ်းနှင့် ထိုင်းအဝယ် ရပ်ထားချိန် ပြောင်းမှာ ဈေးအနည်းငယ် အားပျော့လာသည်။ သို့သော် ဆီထွက်သီးနှံ နှမ်းမှာ ပြည်တွင်း၊ ပြည်ပ ဈေးကောင်းလာသည်။
ရက်ပိုင်းအတွင်း ဈေးခုန်တက်သည့် မတ်ပဲ
ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးမှာ အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ရုတ်တရပ် ဈေးခုန်တက်လာသည်။ တစ်ရက်အတွင်း မတ်ပဲ FAQ အမျိုးအစားကို ပြည်တွင်း အရောင်းအဝယ်ပြုလုပ်မှုမှာ ကွန်တိန်နာ အလုံး ၇၀ ရှိပြီး ပဲတစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော် ဈေးတက်လာသည်။
အိန္ဒိယဈေးကွက် ဝယ်လိုအား မျှော်လင့်ချက်နှင့် ပြည်တွင်းလက်ကျန် လျော့နည်းလာသည့် မတ်ပဲ ပြည်တွင်း၊ ပြည်ပဈေး သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။
အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲ FOB ဈေးမှာ ပဲတစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၀ ဈေးမြင့်တက်သွားသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၉၅ မှ ယခုရက်သတ္တပတ်တွင် ဒေါ်လာ ၉၀၅ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲ SQ ကလည်း တစ်တန်လျှင် ဒေါ်လာ ၉၇၅ မှ ၉၉၀ သို့ ဈေးပြောင်းသည်။
မြန်မာဈေးကွက်တွင် မတ်ပဲ FOB ဈေးမှာ ပဲတစ်တန်လျှင် ပျမ်းမျှ ဒေါ်လာ ၄၀ ဈေးတက်လာသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၃၀/၈၄၀ မှ ၈၇၀/၈၈၀ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၁၅ - ၉၂၅ မှ ၉၅၅ - ၉၆၅ သို့ ဈေးပြောင်းသည်။
ယခုရက်သတ္တပတ် မတ်ပဲ ပြည်တွင်းဈေးမှာ အပြောင်းအလဲများဖြင့် လှုပ်ရှားနေသည်။ ဈေးကွက်အတွင်း မတ်ပဲ အရောင်းအဝယ်မှာလည်း ရက်သတ္တပတ်အတွင်း ကွန်တိန်နာ ပုံး ၁၈၀ အထိ ရှိနေသည်။ ဈေးနှုန်းများမှာလည်း ရက်သတ္တပတ် ပထမရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၆၇၀,၀၀၀ ဖြင့် စတင်ပြီး ကျပ် ၃,၆၃၁,၀၀၀ သို့ ဈေးပြန်ဆင်း၍ ကျပ် ၃,၇၆၁,၀၀၀ အထိ ရုတ်တရပ် ဈေးထိုးတက်လာသည်။
ထို့ပြင် မတ်ပဲ SQ ကလည်း တစ်တန်လျှင် ကျပ် ၄,၀၀၀,၀၀၀ မှ ကျပ် ၃,၉၅၁,၀၀၀ သို့ ဆင်းပြီး ကျပ် ၄,၀၃၆,၀၀၀ သို့ ပြန်လည်မြင့်တက်လာသည်။
ပဲတီစိမ်း ကျလာ
တရုတ်နိုင်ငံအတွင်း ပဲသစ်ထွက်ချိန် ကုန်သည်များက မြန်မာ့ပဲတီစိမ်းအပေါ် လက်တလော စိတ်ဝင်စားမှု လျော့နည်းသဖြင့် ပဲတီစိမ်း ပြည်တွင်း၊ ပြည်ပဈေး အားပျော့လာသည်။
ယခုရက်သတ္တပတ် မြန်မာဈေးကွက်တွင် ပဲတီစိမ်း ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည့် FOB ဈေးလည်း ကျနေသည်။ ပဲတီစိမ်း FOB ဈေးမှာ ပဲတီစိမ်း (အညာ) တစ်တန်လျှင် ဒေါ်လာ ၇၅၀ - ၇၆၀ မှ ၇၄၀ - ၇၅၀၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၈၉၀ - ၉၀၀ မှ ၈၈၀/၈၉၀ သို့ ဈေးပြောင်းသွားသည်။
ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း အမျိုးအစားအချို့မှာလည်း ဈေးနှုန်းကျဆင်းလာသည်။ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၆၀ မှ ၅,၅၀၀ သို့ ဈေးပြောင်းသွားသည်။ ပဲတီစိမ်း (အညာ) မှာ တစ်ပိဿာလျှင် ကျပ် ၄,၀၀၀/၄,၀၂၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ မှာ တစ်ပိဿာလျှင် ကျပ် ၄,၅၀၀/၄,၅၂၀ ဖြင့် ဈေးငြိမ်နေသည်။

ပြောင်းဈေး အပြောင်းအလဲ
ယခုရက်သတ္တပတ် ပြည်တွင်းပြောင်းဈေးမှာ ရန်ကုန်နှင့် မန္တလေး ဈေးနှုန်းအပြောင်းအလဲ မတူပေ။ ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေး ကျသော်လည်း မန္တလေးဈေးကွက်တွင် ဈေးအနည်းငယ် လှုပ်လာသည်။
တစ်နှစ်လျှင် ပြည်ပမှ တန်ချိန် ၄ သန်းကျော် တင်သွင်းနေရသည့် ထိုင်းနိုင်ငံ ပြောင်းဈေးကွက်၏ ဝယ်လိုအားပေါ် အခြေခံ၍ ပြည်ပသို့ ပြောင်းတင်ပို့ရန် စီစဉ်နေသည်။ လက်ရှိ ထိုင်းနိုင်ငံက ပြောင်းအဝယ် ရပ်ထားသော်လည်း လာမည့်နှစ်ဆန်း ဝယ်လိုအား မျှော်လင့်ချက် ခိုင်မာမှုနှင့်အတူ ပြည်တွင်းပြောင်းဈေးမှာ တင်းခံခဲ့ပြီး အောက်တိုဘာလမှ စတင်၍ ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေး အနည်းငယ် ဆင်းလာသည်။
ယခုရက်သတ္တပတ် ပြောင်း FOB ဈေးမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၆၅ - ၂၇၅ ဈေးဖွင့်သည်။ ပြည်တွင်းပြောင်းဈေးမှာ ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၇၂၀/၁,၇၄၀ မှ ၁,၆၈၀/၁,၇၀၀ သို့ ဈေးပြောင်းသည်။
မန္တလေးဈေးကွက်တွင် ပြောင်းဈေးမှာ ရှမ်းပြောင်း တစ်တန်လျှင် ကျပ် ၉၀၀,၀၀၀ ကျော်မှ ၉၂၉,၀၀၀ ကျော်၊ ပြောင်းဖူးစေ့ (လှော်) မှာ တစ်တန်လျှင် ကျပ် ၈၈၄,၀၀၀ ကျော်မှ ၈၉၅,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
နှမ်းဈေးတက်လာ
တရုတ်နိုင်ငံမှ အက်ဆစ်လွတ် နှမ်းနက် (စမုန်) ဝယ်လိုအားနှင့်အတူ ပြည်တွင်းဈေးကွက် နှမ်းမျိုးစုံဈေးများ သိသိသာသာ မြင့်တက်လာသည်။
ထို့ပြင် တရုတ်ဝယ်လိုအား ရှိနေသဖြင့် အက်ဆစ်လွတ်ပြီး အရည်အသွေးကောင်းသော နှမ်းနက် (စမုန်) ကို ဈေးစောင့်ရောင်းရန် အကြံပြုမှုများလည်း တွေ့ရသည်။
လက်ရှိ ရန်ကုန်ဈေးကွက်တွင် နှမ်း FOB ဈေးမှာ နှမ်းနက် (စမုန်) မှအပ ကျန်နှမ်းအမျိုးအစားများ ဈေးလှုပ်လာသည်။ နှမ်းနက် (စမုန်) မှာ တစ်တန်လျှင် ဒေါ်လာ ၁,၈၈၀/၁,၈၉၀ ဖြင့် ဈေးငြိမ်နေသည်။ သို့သော် နှမ်းဖြူနှင့် နှမ်းညိုမှာ တစ်တန်လျှင် ဒေါ်လာ ၅၀ ဈေးတက်လာသည်။ နှမ်းဖြူ တစ်တန်လျှင် ဒေါ်လာ ၁,၅၀၀/၁,၅၁၀ မှ ၁,၅၅၀/၁,၅၆၀ သို့ ဈေးပြောင်းပြီး နှမ်းညို တစ်တန်လျှင် ဒေါ်လာ ၁,၅၀၀/၁,၅၁၀ မှ ၁,၅၅၀/၁,၅၆၀ သို့ ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ (ဗမာ) တစ်မျိုးသာ တစ်တန်လျှင် ကျပ် ၆,၄၆၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၇,၀၇၀,၀၀၀ ကျော်မှ ၇,၂၃၀,၀၀၀ ကျော်၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ် ၆,၆၆၀,၀၀၀ ကျော်မှ ကျပ် ၇,၀၀၀,၀၀၀ ကျော်၊ နှမ်းနက် (စမုန်) တစ်တန်လျှင် ကျပ် ၈,၃၀၀,၀၀၀ ကျော်မှ ၈,၄၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာရေအီးအမ်နဲ့ထရိုက်ကိုဒါးမားကိုပဲမကြဲခင်ရိုးဖြတ်ကိုဖြန်းခြင်းအားဖြင့်ရွေးချယ်မဲ့မြဖန်းပဲရလားခဗျ။ဖြန်းပြိးဘယ်နရက်လောက်စောင့်ရမလဲခဗျပဲကြဲဖို့။တဧကနုန်းထားလေးပါရှင်းပြပေးပါ။စာရှည်လို့တောင်းပန်ပါတယ်ခဗျကူညီဖြေကြးပေးပါ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ဘိုစားပဲ တချို့အပင်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းသင့်လဲဗျ
သူရစိုး • ဖြေကြားချက် 2 ခု
သဲဆန်တဲ့ လယ်မြေမှာ မတ်ပဲ စိုက်ရပါသလား အရင်တုန်းက စိုက်ဖူးတဲ့ လူတေက မရဘူး ပြောနေလို့ ဆယ်ရေ မရပါဘူး စမ်းဆုပ် မြန်လို့တဲ့ အပင်တေ သေကုန်တယ်တဲ့
နံပတ်2 • ဖြေကြားချက် 2 ခု
မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ
နံပတ်2 • ဖြေကြားချက် 1 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
Dar Gypt • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
More from AMIA
အားလုံး
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026