တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂၉.၉-၃.၁၀.၂၀၂၅)
မတ်ပဲ
မတ်ပဲက ယခုတစ်ပတ်ရဲ့ ပထမနှစ်ရက်မှာ တစ်တန်ကို ၂၉ သိန်းကျော်အထိစျေးပြန်အတက်ပြပြီး ကျန်တဲ့ရက်တွေမှာတော့ ၂၈ သိန်းအောက်ကိုပြန်ပြုတ်ကျသွားပါတယ်။ အိန္ဒိယက ဝယ်လိုအားနည်းပြီး နိုင်ငံခြားငွေစျေး၊ ရွှေစျေးပြန်ကျတာကြောင့်လည်း သက်ဆိုင်တယ်လို့သိရပါတယ်။
FOB စျေးကတော့ အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀ မှာဆက်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က ၂၉၀၆၀၀၀ ၊ အင်္ဂါနေ့က ၂၉၁၁၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ တော့ ၂၈၉၄၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၈၅၈၀၀၀၊ သောကြာနေ့ မှာ ၂၈၂၀၀၀၀ ကျပ်သာရှိပါတယ်။
အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာနေ့မှ သောကြာနေ့အတွင်း ၂၈၅၈၀၀၀ မှ ၂၉၁၂၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်အတွင်း စျေးထပ်ကျလာတာဖြစ်ပါတယ်။
ပဲစင်းငုံ
ဆက်တိုက်စျေးကျခဲ့တဲ့ ပဲစင်းငုံက ဒီတစ်ပတ်မှာ စျေးပြန်တက်လာတာတွေ့ရပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၀၀၀၀၀ လောက် စျေးပြန်တက်လာတာဖြစ်ပါတယ်။ FOB စျေးကတော့အတက်အကျမရှိဘဲ အရင်အပတ်ကအတိုင်း အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၀ ရှိပေမယ့် ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေအဝယ် ပြန်လိုက်လာတာကြောင့် စျေးပြန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၃၅၀၀၀၊ အင်္ဂါနေ့က ၂၅၁၅၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၅၁၀၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၅၅၀၀၀၀ ၊ သောကြာနေ့မှာတော့ ၂၅၃၅၀၀၀ စျေးရှိပါတယ်။
အရင်အပတ်ကတော့ တနင်္လာနေ့ကနေ သောကြာနေ့မှာ ပဲစင်းငုံနီတစ်တန်ကို ၂၃၆၀၀၀၀ မှ ၂၄၃၀၀၀၀ကျပ်ရှိခဲ့ပါတယ်။
ပဲပုပ်
ပဲပုပ်ကတော့ စျေးတန်း အတက်အကျမရှိဘဲ စျေးငြိမ်နေပါတယ်။ ပဲပုပ် (ရှမ်း၊ ဗမာ) နှစ်ခုလုံး စျေးငြိမ်နေတာဖြစ်ပါတယ်။ လက်ရှိစျေးကွက်ထဲကို ပဲပုပ်(ရှမ်း၊ ဗမာ) နှစ်ခုလုံး မိုးပဲအသစ်ဝင်ရောက်မှုမရှိသေးဘဲ လက်ကျန်ပဲသာအရောင်းအဝယ်ရှိနေတာဖြစ်ပါတယ်။
ပဲပုပ်(ဗမာ)က လက်ကျန်ပဲများပြီး လုပ်ငန်းသမားသာပုံမှန်ဝယ်ယူမှု ရှိနေပါတယ်။ ပဲပုပ်(ရှမ်း)က တော့ ဆီစက်သမားသာအဝယ်များပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုပ်ဗမာက ၃၇၀၀၀၀ ကျပ်ရှိပြီး ပဲပုပ်(ရှမ်း)က ၂၆၀၀၀၀ကျပ်ရှိပါတယ်။

ကုလားပဲ
ကုလားပဲက ယခုတစ်ပတ်မှာတော့ စျေးတက်ရိပ်ကပြပါတယ်။ V2 ကုလားပဲနဲ့ ကုလားပဲထိုင်ဝမ်က အတက်ပြပြီး ကုလားပဲ 929 ကအကျပြပါတယ်။ V7ကစျေးငြိမ်နေပါတယ်။
ကုလားပဲက ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တဲ့အတွက် စားသုံးမှုနည်းပြီး ပဲခွဲစက်တွေ ဝယ်ယူမှုအေးပါက စျေးကျဆင်းတက်သလို စားသုံးအားများပါကလည်းစျေးတက် တယ် လို့သိ ရပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို ၂၄၃၀၀၀ မှ ၂၄၅၀၀ ကျပ်ရှိပြီး ၄၅၀၀ ကျပ်တက်လာပါတယ်။ ကုလားပဲ (V7) က ၂၂၈၀၀၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။ ကုလားပဲ (929) က ၂၃၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ထပ်ကျပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကကတော့ ၂၂၇၀၀၀ မှ ၂၃၀၀၀၀ ကျပ်ရှိပြီး၂၀၀၀ကျပ်တက်လာပါတယ်။
ပြောင်း
ပြောင်းဆံကတော့ ယခုတစ်ပတ်မှာ စျေးကျသွားတာတွေ့ရပါတယ်။ တစ်ပိဿာကို ၅၀ ကျပ် ကျသွားတာဖြစ်ပါတယ်။ ပြောင်းဆံကို လက်ရှိ ပြည်တွင်းကုန်သည်တွေ၊ ပို့ကုန်သမားတွေ၊ အစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေပေမယ်အလည်း ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြောင်းစျေးကွက် ကျလာတာဖြစ်ပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း)နဲ့ ပြောင်း ( CP) က တစ်အိတ်ကို ၇၄၀၀၀ မှ ၇၅၀၀၀ ကျပ်သာရှိပြီး ၁၀၀၀ကျပ်ကျပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာက ပြောင်းတစ်ပိဿာကို ၁၅၀၀ ကျပ်မှ ၁၅၂၀ ကျပ်စျေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
Ye Naing
လွန်ခဲ့သော ၁၁ လ ကပဲပုပ်(ရှမ်း နဲ့ ဗမာ) ဘယ်လိုခွဲလဲဗျ။
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026