အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆိုက်ခေါင်ဒေသရှိ ပြောင်းပင်များ ငမြှောင်တောင်ပိုးကျဖျက်ဆီး

ဆိုက်ခေါင်ဒေသရှိ ပြောင်းပင်များ ငမြှောင်တောင်ပိုးကျဖျက်ဆီး

Green Way
Green Way • Greenovator • 05/06/2019

ခမ်းသားငေါဝ်း - ဇွန်လ ၄၊ ၂၀၁၉

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ရွာတွင် ပြောင်းပင်များ ငမြောင်တောင်ပိုးဖျက်ဆီးပြီး အပင်မသန်တော့ဘဲ နွားစာအဖြစ်ရောင်းနေရကြောင်း ဇွန်လ ၄ ရက်နေ့က သိရသည်။

စိုက်ပြီးသော ပြောင်းပင်များ တစ်ခင်းလုံး ငမြှောင်တောင်ပိုးဖျက်ဆီးခြင်းကြောင့် စိုက်ပျိုးစရိတ်များဆုံးရူံးခဲ့ရပြီး အသုံးစရိတ်ပြန်ရနိုင်ရန်အတွက် ပြောင်းပင်ရိပ်ပြီး ကျွဲ၊ နွားဈေးတွင် အစာအဖြစ် လာရောင်းရခြင်းဖြစ်ကြောင်း သိရသည်။

''ဒီလိုပိုးမျိုး တစ်ခါမှမကြုံဖူးဘူး။ ဘယ်ကနေဘယ်လိုလာလဲမသိဘူး။ အရင်းတွေလည်း တော်တော်ကုန်နေပြီ။ ငါးရာရရ တစ်ထောင်ရရ ဆေးဖျန်းဖိုးလေးရအောင် ရိပ်ပြီးလာရောင်းပေမဲ့ ရောင်းမကောင်းဘူး''ဟု ဆိုက်ခေါင်ဒေသအောင်သုခ ရပ်ကွက်နေ မွိုးဖြားပွဉ် ကပြောသည်။

ပြန်လည်စိုက်ပျိုးရန်အတွက် ပြောင်းမျိုးမဝယ်နိုင်သည့်အတွက် ရောင်းရန်တွက်ကျန်ရှိသော ပြောင်းကိုအမျိုးအဖြစ် ပြန်လည်စိုက်ပျိုးထားရကြောင်း ၎င်းကဆက်ပြောသည်။

ငမြှောင်တောင်ပိုးအန္တာရာယ်အား စိုးရိမ်သောကြောင့် ဆီဆိုင်မြို့နယ်ရှိ အချို့တောင်သူများသည် ယခင်နှစ်လောက် မစိုက်ပျိုးတော့ပဲ လျော့စိုက်သူများလည်းရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေရာအတော်များများက ၂၀၁၉ ခုနှစ် အတွင်း ငမြောင်တောင်ပိုးကျပြီး ပြောင်းခင်းများ ဖျက်ဆီးခံရကြောင်း သိရသည်။

(The People's Voice FB page မှ ကူးယူဖော်ပြပါသည်။)

ငမြှောင်တောင် ကာကွယ်နှိမ်နင်းရန်အတွက် အောက်ကစာသားလေးကိုနှိပ်ပြီး ဖတ်နိုင်ပါတယ်။

FAW ငမြှောင်တောင် ကာကွယ်နှိမ်နင်းနည်းလမ်းများ

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။