တိရစ္ဆာန်အစာစက်ရုံတည်ထောင်နိုင်ပါက ပီလောပီနံဈေးကွက် ရေရှည်ခိုင်မာမည်ဟု တောင်သူများမျှော်လင့်
ပြည်တွင်း၌ တိရစ္ဆာန်အစာစက်ရုံများ တည်ထောင်နိုင်ပါက ပီလောပီနံဈေးကွက်ရေရှည်ခိုင်မာလာမည်ဟု စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ မျှော်လင့်ထားကြောင်း သိရသည်။
မနှစ်က ပီလောပီနှံခြောက်ကို မွေးမြူရေးအစာအတွက် ထိုင်းနိုင်ငံက ဝယ်ယူခဲ့ပါတယ်။ မြဝတီကတဆင့် ရသလောက် ဝယ်ယူခဲ့တာဖြစ်ပြီး တစ်ပိဿာကို ၅၄၀ ကျပ်အထိ စျေးနှုန်းရရှိခဲ့ပါတယ်။ ဈေးကွက်ဆိုတာကတော့ ခန့်မှန်းရခက်တာမို့ ဒီနှစ်ဈေးကွက်ကိုတော့ ကြိုတွက်လို့ မရဘူးပေါ့။ အကောင်းဆုံးကတော့ တိရစ္ဆာန်အစာစက်ရုံတွေ ပြည်တွင်းမှာ တည်ထောင်နိုင်မယ်ဆိုရင် ပီလောပီနံဈေးကွက်လည်း ရေရှည်အတွက် ခိုင်မာလာမှာပါ။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံကျေးရွာရှိ Padonmar Myanmar Farm မှ စီမံအုပ်ချုပ်သူ ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပီလောပီနံစိုက်ပျိုးထုတ်လုပ်မှုကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထုတ်လုပ်နေသော်လည်း အစာစပ်စက်ရုံများ တည်ထောင်နိုင်ရန် လိုအပ်သည့် အထွက်နှုန်းပမာဏအထိ လုံလောက်မှုမရှိသေးကြောင်း သိရသည်။
အစာစပ်ရုံတစ်ခု ထောင်ဖို့ဆိုရင်လည်း စက်ရုံတစ်ခုလုံးလည်ပတ်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ လိုအပ်တဲ့ ပီလောပီနံပမာဏကို ရနိုင်မှလည်းဖြစ်မှာ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တိရစ္ဆာန်အစာစက်ရုံတစ်ခုစာ လည်ပတ်ဖို့အတွက် ပီလောပီနံအထွက်နှုန်း လုံလုံလောက်လောက် မရှိသေးပါဘူး။ ကျွန်တော့်ခြံဆိုရင် ဧက ၄၀၀ ကျော်ကျယ်ဝန်းပြီး စိုက်ခင်းဖော်စိုက်ပျိုးဖို့ ပြင်ဆင်နေပါတယ်။ ပီလောပီနံစိုက်ပျိုးတာဟာ တကယ်အကျိုးရှိစေတယ်လို့ လေ့လာသုံးသပ်မိတဲ့အတွက် နိုင်သလောက် တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ လူအင်အားထက် စက်ယန္တရားအင်အားကို အဓိကထားသုံးနိုင်ဖို့လည်း ကြိုးစားနေပါတယ်။
ဟု ဦးအောင်မျိုးမင်းက ဆက်လက်ပြောသည်။
ပီလောပီနံပင်သည် စိုက်ပျိုးရန်အလွန်လွယ်ကူသော အပင်အမျိုးအစားတစ်ခုဖြစ်ပြီး၊ မြေနေရာမရွေး စိုက်ပျိုးနိုင်သည်။
ပီလောပီနှံပင်မှ ထွက်ရှိသည့် ပီလောပီနံဥကို ဥ,အတိုင်းဖြစ်စေ၊ ပီလောခြောက်၊ ပီလောပီနံအမှုန့် အဖြစ်ဖြစ်စေ ထုတ်လုပ်ရောင်းချကြပြီး၊ အစားအစာအမျိုးမျိုးလုပ်ရာတွင်လည်းကောင်း၊ အခြား မွေးမြူရေးလုပ်ငန်းများတွင်လည်းကောင်း အသုံးပြုကြသည်။
ဖြူဖြူဝင်း
လွန်ခဲ့သော ၃ နှစ် ကကလောမူန့်ဈေးသိချင့်တယ်
Mayu Yushein
လွန်ခဲ့သော ၅ နှစ် ကပီလောပီနံစက်ရုံ အများဆုံး ကဘယ်နေရာမှာရှိပါသလည်း
မြင့်သူ
လွန်ခဲ့သော ၅ နှစ် ကကော်မှုံ့နဲ့ ပီလောပီနံ အမှုံ့ ကအတူတူလားမသိ
ပြည့်စုံ
လွန်ခဲ့သော ၅ နှစ် ကလုပ်မည့်နည်းလမ်းလေး်ျားရှိရင်တင်ပြစေ လိုပါတယ်
ပြည့်စုံ
လွန်ခဲ့သော ၅ နှစ် ကဘာအတွက်အစာလုပ်လို့ရတာလဲဗျ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022