ဝါးပေါင်းခံရည်ကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲသူများရှိလာ
ဝါးပေါင်းခံရည်ကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲသူများရှိလာကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
ဝါးပေါင်းခံရည် ထုတ်လုပ်နည်းသင်တန်းကို အရင်တုန်းက သင်ပေးခဲ့ဖူးပါတယ်။ အခုဆိုရင် သင်တန်းသားတွေထဲကနေ ကိုယ်တိုင်ထုတ်လုပ်အသုံးပြုလာကြတာလည်း ရှိနေပါပြီ။ ဝါးပေါင်းခံရည်ဆိုတာ ဓာတုလွတ်တယ်။ သူက သဘာဝအတိုင်းကိုပဲ ဘာမှရောစရာ နှောစရာလည်း မပါဘူးလေ။
ဟု မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။
ဝါးမီးသွေးပေါင်းခံရည်ဆိုသည်မှာ ဝါးကိုမီးဖုတ်၍ ယင်းမီးသွေးဖိုမှထွက်လာသော မီးခိုးကို ပြန်လည် အအေးခံခြင်းဖြင့် ရရှိသည့်အရည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ယနေ့အထိ အသုံးပြုလျက်ရှိသည်။ ဝါးမီးသွေးပေါင်းခံရည်မှာ မြေသြဇာ၊ ပိုးသတ်ဆေးမဟုတ်သော်လည်း အပင်ကြီးထွားရန်နှင့် အပင်များကို ရောဂါပိုးမွှားများမကျရောက်စေရန် ကာကွယ်နိုင်သော အစွမ်းသတ္တိရှိသဖြင့် တောင်သူများ ထုတ်လုပ်အသုံးပြုလာကြခြင်းဖြစ်သည်။
ယခုအခါ ဝါးပေါင်းခံရည်ကို စိုက်ပျိုးရေးသုံး ရွက်ဖြန်းဆေးအပြင်၊ မျက်နှာသစ်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ခြင်နှင်ဆေး စသည့် လူသုံးကုန်ပစ္စည်းများအဖြစ် ပြည်တွင်းပြည်ပ၌ ထုတ်လုပ်နေပြီဖြစ်သည်။
ဝါးပင်ဆိုတာကလည်း ဓာတုမြေဩဇာကျွေးပြီးစိုက်တဲ့ဝါးပင် မရှိသလောက်ပဲလေ။ ဒါ့ကြောင့် ဝါးပေါင်းခံရယ်က သဘာဝထုတ်ကုန်ပါပဲ။ ဝါးလုံးတွေကို မီးရှို့လိုက်တာပေါ့။ မီးရှို့ပြီးထွက်လာတဲ့ မီးခိုးငွေ့တွေကို အခေါင်းထဲကိုဖြတ်ပြီး စီးကျလာစေတယ်။ အဲ့ဒီမီးခိုးတွေကနေ စီးကျလာတဲ့အရည်ကိုမှ ယူတယ်။ အဲ့ဒီလိုနည်းနဲ့ ဝါးပေါင်းခံရည်ရလာတာပါ။ ဝါးပေါင်းခံရည်က မျက်နှာပေါ်ကအစက်အပြောက် တင်းတိပ်ကင်းစင်စေတယ်။ ဆံပင်မကျွတ်အောင်လည်း သုံးစွဲကြပါတယ်။
ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။
ဝါးပေါင်းခံရည်ထုတ်လုပ်ရာတွင် သက်နုဝါးများကို မသုံးစွဲသင့်ဘဲ အပင်သက်တမ်း အနည်းဆုံး (၄) နှစ်နှင့်အထက် ဝါးပင်ဖြစ်ရန် လိုအပ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဝါးပေါင်းခံရည် လုပ်နည်း လေ့လာရန် အတွက် အောက်ပါ ခေါင်းစဉ်ကို နှိပ်ပါ။
ဟိန်ထွန်း
လွန်ခဲ့သော ၄ နှစ် ကကျနော်ထင်တာကဝါးကိုရေနဲ့ပြုတ်ပီးထွက်လာတဲ့အရည်ကိုမှဝါးပေါင်းခံရည်ထင်နေတာဟုတ်ဘူးလား
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကပါဝင်မည်
Thein Soe Min
လွန်ခဲ့သော ၅ နှစ် ကခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်ဗျ။ မီးသွေးပေါင်းခံရည် သို့မဟုတ် ဝါးပေါင်းခံရည်
စစ်တောင်းမင်းသား
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုလုပ်ရလဲ
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....