အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Food Safety project နှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့်  ဟင်းသီးဟင်းရွက်နှင့်ကုန်စိမ်းများကိုသာ (၄၁) လမ်းဈေး၌ ရောင်းချခွင့်ပြုမည်

Food Safety project နှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်နှင့်ကုန်စိမ်းများကိုသာ (၄၁) လမ်းဈေး၌ ရောင်းချခွင့်ပြုမည်

    Food Safety project နှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့်  ဟင်းသီးဟင်းရွက်နှင့်ကုန်စိမ်းများကိုသာ (၄၁) လမ်း ကုန်စိမ်းတန်းညဈေး၌ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ သက်ဆိုင်ရာဒေသခံ စိုက်ပျိုး‌ရေးဦးစီးဌာနများ၏ တာဝန်ယူဆောင်ရွက်မှုတို့ဖြင့် အစားအစာဘေးကင်းလုံခြုံစိတ်ချရေးစီမံကိန်း (Food Safety project) များ ဆောင်ရွက်လျက်ရှိပြီး၊ သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့်  ဟင်းသီးဟင်းရွက် ကုန်စိမ်းများကိုသာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ (၄၁) လမ်းဈေး၌ ရောင်းချခွင့်ပြုမည် ဖြစ်သည်။

စားသုံးသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနဲ့အညီ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သန့်ရှင်းလတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ၄၁ လမ်းဈေးမှာ ရရှိနိုင်ပါပြီ။ Food Safety ဟင်းသီးဟင်းရွက်ဆိုင်တွေကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနတွေက တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းစစ်ဆေးနေပါတယ်။ လိုအပ်တဲ့အပိုင်းတွေကိုလည်း လမ်းညွှန်မှာကြားနေပါတယ်။ ဒီစီမံကိန်းလှုပ်ရှားမှုတွေကို မတ္တရာ၊ ပုသိမ်ကြီး၊ ကျောက်ဆည် စတဲ့ဒေသတွေမှာ စတင်နေတာကြာပါပြီ။ အမရပူရမြို့နယ်အတွက်ကိုတော့ ဒီနှစ်မှာ စတင်လိုက်တာဖြစ်ပါတယ်။ မန္တလေးမှာဆိုရင် ၄၁ လမ်းဈေးက ကုန်စိမ်းရောင်းချမှုအတွက် အကြီးဆုံးဈေးတစ်ခု ဖြစ်လို့ပါ။

ဟု မန္တလေးတိုင်း၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။

    အစားအစာ ဘေးကင်းစိတ်ချရေးစီမံကိန်း Food Safety Project နှင့်အညီ ရောင်းချမည့် ကုန်စိမ်း/ဟင်းသီးဟင်းရွက်များသည် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ပညာပေးဆောင်ရွက်ထားသော Model Farms များမှ ထွက်ရှိပြီး၊ ဓာတုဓာတ်ကြွင်း (ပိုး/မှို+ အခြား) ပါဝင်ခြင်းရှိမရှိကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်ထားသည့် ဟင်းသီးဟင်းရွက်များဖြစ်ကြောင်း သိရသည်။

ရိတ်သိမ်းချိန်လွန်နည်းပညာနဲ့အညီ တောင်သူများကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးထုတ်လုပ်ပြီး၊ ကိုယ်တိုင်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ရမယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးစွဲထားတဲ့ခြံမျိုးဆို ရောင်းချခွင့်မပြုပါဘူး။ စနစ်တကျဓာတ်ခွဲစစ်ဆေးပြီး ဘေးကင်းလုံခြုံတာသေချာတဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အနီပတ်လေးတွေပတ်ပေးပြီး ရောင်းချခွင့် ပြုတာပါ။

ဟု ဦးရဲနိုင်ဝင်းက ဆက်လက်ပြောသည်။

    Food Safety Project ဖြင့် ဆောင်ရွက်လျက်ရှိသော ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများအား သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်သုံးစွဲနည်းသင်တန်းများနှင့် အခြားစိုက်ပျိုးရေးနည်းပညာများ ပို့ချခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။