၂၀၂၁ ခုနှစ်သည် ကော်ဖီဈေးကွက် ထူးထူးခြားခြားကောင်းမွန်သည့် နှစ်တစ်နှစ်ဖြစ်
၂၀၂၁ ခုနှစ်သည် ကော်ဖီဈေးကွက် ထူးထူးခြားခြားကောင်းမွန်သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ကော်ဖီဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
ကိုဗစ် ပထမ၊ ဒုတိယ၊ တတိယလှိုင်းကာလတွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအတွင်းမှာ ကော်ဖီသီးနှံကတော့ တစ်စေ့မှတောင်မကျန်အောင် ရောင်းရပါတယ်။ Export အကုန် ကုန်သွားပြီ။ ဒီနှစ်ဈေးကွက်ကတော့ ကော်ဖီစိုက်ပျိုးမှုသက်တမ်းတစ်လျှောက်မှာ အမြင့်ဆုံးအခြေအနေလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ ထူးထူးခြားခြား မတည်ငြိမ်မှုတွေကြားမှာ တခြားသီးနှံတွေ ဈေးကွက်တော်တော်များများ ထိခိုက်မှုကြုံတွေ့နေရပေမယ့် ကော်ဖီရှိရင် တောင်သူက ပုန်းနေရတဲ့အထိ ကော်ဖီဈေးကွက်ကောင်းမွန်တဲ့ နှစ်ဖြစ်ပါတယ်။
ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ကော်ဖီဈေးကွက်ကျွမ်းကျင်သူ ဦးစောရန်နိုင်စိုးက ပြောသည်။
ယခုနှစ်အတွင်း ကော်ဖီဈေးကွက် ထူးခြားကောင်းမွန်ရသည်မှာ အဓိကအကြောင်းအရင်း အမျိုးမျိုးရှိနိုင်သော်လည်း၊ အိမ်နီးချင်းနိုင်ငံများရှိ ကော်ဖီစိုက်ပျိုးရေးအခြေအနေနှင့်လည်း များစွာဆက်စပ်သက်ဆိုင်နေကြောင်း သိရသည်။
အဓိကကတော့ ကိုဗစ်ကာလမှာ လူတွေက Home Stay နေကြတာများတယ်၊ ထို့နည်းတူ ကော်ဖီဆိုင်တွေနဲ့ တချို့စားသောက်ဆိုင်တွေလည်း ပိတ်ထားကြတယ်။ ကော်ဖီသောက်သုံးနေသူတွေကတော့ သောက်သုံးနေကြဖြစ်တဲ့အတွက် အိမ်မှာဝယ်ယူပြီးတော့ သောက်သုံးလာကြတယ်။ နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ဒီနှစ် ထိုင်းနိုင်ငံကကော်ဖီခင်းတွေ အပျက်အစီးများတယ်။ နောက် မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တရုတ်၊ ယူနန်ဒေသတစ်ဝိုက်မှာ ကော်ဖီခင်းတွေရှိတယ်။ သူတို့က တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးမှုများတယ်၊ ဒီနှစ် မိုးများတဲ့အတွက် သူတို့ကော်ဖီခင်းတွေ တောင်ကျရေနဲ့ မျောပါပျက်စီးတာ ကြုံရတယ်။ ဒါ့ကြောင့် ဒီနှစ် တရုတ်နိုင်ငံရဲ့ကော်ဖီအထွက်နှုန်း ကျဆင်းခဲ့တယ်။
ဟု ဦးစောရန်နိုင်စိုးက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ကော်ဖီသီးနှံကို ရှမ်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသအနီးတဝိုက်တို့တွင် အများအပြားစိုက်ပျိုးနေပြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် စသည့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတချို့တွင်လည်း စိုက်ပျိုးနေကြောင်း သိရသည်။
အောင်ထွန်းနိုင်
လွန်ခဲ့သော ၂ လ ကကောဖီစိုက်ပျိုးရေးသင်တန်းရှိလားဗျ
Tun Myint
လွန်ခဲ့သော ၂ လ ကhello
အိမွန်
လွန်ခဲ့သော ၃ လ ကကော်ဖီအများဆုံးစိုက်ပျိုးသည့်နိုင်ငံ
pann
လွန်ခဲ့သော ၃ နှစ် ကယခုကော်ဖီစျေးဘလောက်လဲသိချင်ပါတယ်ရှင့်
Ko Htun Linn
လွန်ခဲ့သော ၄ နှစ် ကယခုစျေးဘယ်စျေးရှိလဲ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022