အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အထွက်နှုန်းနည်းကာ ဈေးကွက်ဝယ်လိုအားများပြားနေတဲ့ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ

အထွက်နှုန်းနည်းကာ ဈေးကွက်ဝယ်လိုအားများပြားနေတဲ့ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ

    ယခုနှစ် မိုးရာသီတွင် ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးသူအများစုမှာ ပုံမှန်ပမာဏထက် လျော့ချစိုက်ပျိုးထုတ်လုပ်ခဲ့ခြင်းကြောင့် အထွက်နှုန်းနည်းကာ ဈေးကွက်ဝယ်လိုအား များပြားနေကြောင်း သိရသည်။

ပစ်တိုင်းထောင် ရွှေဖရုံသီးတစ်လုံးကို သုံးရာကျပ်ကနေ လေးရာကျပ်အတွင်း ဈေးရနေတယ်။ လက်ရှိ ရန်ကုန်ကိုတင်ပို့နေတာပါ။ ဈေးနှုန်းကတော့ အရင်နဲ့ထူးမခြားနားဆိုပေမယ့်လည်း အခုက အရောင်းသွက်လာတာပေါ့။ အရင်နှစ်တွေက ကျွန်တော်တို့ ရောင်းလို့တောင် မယူတဲ့နေရာဒေသတွေက ကျွန်တော်တို့ဆီကနေ အခုမှ ရွှေဖရုံသီးမှာယူမှုတွေရှိလာတယ် ဆိုတော့လေ။ ကျွန်တော်တောင် မနှစ်တုန်းက ဈေးကွက်မကောင်းတာရော၊ ရောဂါကြောင့်ရော ရွှေဖရုံနဲ့ သခွားသီးတစ်ခင်း ဖျက်ပစ်ခဲ့ရသေးတယ်။ အခုနှစ်တော့ သခွားသီးလည်း မှာယူမှုရှိလာတယ်။ ထုတ်လုပ်မှုက နည်းနေတယ်။ စိုက်တဲ့သူ နည်းနေတယ်။ လမ်းတွေပိတ်တာနဲ့ ရောဂါတွေနဲ့ကို တောင်သူတွေက ထည့်တွက်ပြီးတော့ မစိုက်ကြတာပါ။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံစုံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ ကိုဟန်ဇော်သက်က ပြောသည်။ 

    ၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး အားနည်းနေခြင်း၊ ဈေးကွက်ပိုင်း မသေချာခြင်း တို့ကြောင့် တောင်သူအများစုမှာ ချင့်ချိန်စိုက်ပျိုးခဲ့ကြရခြင်း ဖြစ်သည်။

နိုင်ငံရေးနဲ့ ရောဂါဘေးနဲ့ဆိုတော့ တောင်သူတွေက နည်းနည်းစိုးရိမ်ပြီး မစိုက်ကြတော့တာ များလို့၊ ဈေးကွက်ထဲ ရွှေဖရုံသီးက အဝင်နည်းနေတယ်။ ဒါ့ကြောင့်မို့ အရောင်းသွက်လာတာပါ။ အရင်နှစ်တွေကလောက် မစိုက်ကြဘူး။ တကယ်တမ်းကျတော့ ဘယ်လိုလမ်းကြောင်းတွေပိတ်နေနေ၊ နိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံစေဖို့အတွက်ကို ပမာဏနည်းနည်းဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက်လေး ထုတ်လုပ်သွားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ လုံးဝ စိုက်ခင်းကြီးကို ရပ်ထားပစ်လိုက်တာမျိုးထက် စဥ်ဆက်မပြတ် ပုံမှန်လေးသွားတာမျိုးပေါ့လေ။ အခုကျတော့ စိုက်ထားတဲ့သူတွေကလည်း ရောင်းကောင်းနေတာပေါ့။ မစိုက်ထားခဲ့မိတဲ့သူတွေကလည်း နောင်တရကြတာပေါ့။ တကယ်ပဲ သီးနှံဈေးကွက်ကိုကလည်း ကြိုတင်ခန့်မှန်းရခက်တယ်ဆိုတော့ မစိုက်မိခဲ့တဲ့သူတွေရဲ့အပြစ်လည်း မဟုတ်ပါဘူး။

ဟု ကိုဟန်ဇော်သက်က ဆိုသည်။

    ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံများသာမက ကွမ်းရွက်နှင့် ဘုရားပန်းအမျိုးမျိုးတို့မှာလည်း ဈေးကွက်အဝင်နည်းပါးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေး ဈေးကွက်မှ သိရှိရသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။