အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သွင်းအားစုစရိတ်ကြီးမြင့်ခြင်းသည် သရက်တောင်သူများကြုံတွေ့နေရသည့် အခက်အခဲတစ်ခုဖြစ်

သွင်းအားစုစရိတ်ကြီးမြင့်ခြင်းသည် သရက်တောင်သူများကြုံတွေ့နေရသည့် အခက်အခဲတစ်ခုဖြစ်

    သွင်းအားစုစရိတ်ကြီးမြင့်ခြင်းသည်လည်း သရက်တောင်သူများကြုံတွေ့နေရသည့် အဓိကအခက်အခဲတစ်ခုဖြစ်ကြောင်း စီးပွားဖြစ် သရက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသူများက ဆိုသည်။

စိုက်ပျိုးချိန်မှာ အဓိကကြုံတွေ့ရတာကတော့ ပြောင်းလဲနေတဲ့ရာသီဥတုကိုလိုက်ပြီး ပိုးမွှားရောဂါတွေ ကျရောက်တတ်တာရယ်၊ ကျွမ်းကျင်လုပ်သား ရှားပါးလာတာရယ်၊ မြေဆီဖိုး ဆေးဖိုး စတဲ့သွင်းအားစုစရိတ်တွေက တခြားနိုင်ငံတွေကထက် ကြီးမြင့်နေတာရယ်၊ ရွေးချယ်ပိုင်ခွင့်နည်းပါးတာရယ်ကြောင့် တခြားနိုင်ငံတွေနဲ့ ဈေးနှုန်းယှဉ်ပြိုင်ကြတဲ့အခါမှာ အခက်အခဲတွေ ကြုံတွေ့ရပါတယ်။

ဟု မြန်မာ့သရက်၊ ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးမြင့်မော် က ပြောသည်။ 

    သရက်သီးကို ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့တို့အပြင် ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံ၊ စင်္ကာပူနိုင်ငံတို့ထံ တင်ပို့ရောင်းချနေပြီး၊ အရည်အသွေးပေါ်မူတည်၍ သရက်သီးတစ်ကီလို 1kg လျှင် ၁,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အတွင်း ဈေးနှုန်းရရှိကြောင်း သိရသည်။

တရုတ်ကိုတင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းတာ၊ နယ်မြေမအေးချမ်းတာ၊ နယ်စပ်အခက်အခဲဖြစ်နေတာ၊ အရည်အသွေးမတူညီမှုကြောင့် ဈေးနှိမ်ခံရတာတွေကြုံရပြီး၊ စင်္ကာပူကိုတင်ပို့တဲ့အခါမှာ မလိုအပ်ဘဲနဲ့ ရုံးလုပ်ငန်းပိုင်း ကြန့်ကြာမှုတွေရှိနေတာတွေက ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အဓိကအခက်အခဲတွေ ဖြစ်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    သရက်ပင် စီးပွားဖြစ်စိုက်ပျိုးပါက စတင်စိုက်ပျိုးချိန်တွင် တစ်ဧကစိုက်ပျိုးစရိတ် စုစုပေါင်း (၅၀၀,၀၀၀) ကျပ်မှ (၁,၀၀၀,၀၀၀) ကျပ် ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
မြင့်နိုင်

မြင့်နိုင်

လွန်ခဲ့သော ၅ နှစ် က

ပြန်လည်ဆွေနွေးပေးပါခင်ဖျာ

ဦးဟန်နီ

ဦးဟန်နီ

လွန်ခဲ့သော ၅ နှစ် က

သရက်ပင်တွေက အပင်ကကြီးပီး အသီးသိပ်မသီးလို့ပါခင်ဗျာ ဘာတွေ ကြိုတင်ပြင်ဆင်သင့်ပါသလဲဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။