အစေ့ထုတ်ပြောင်းစိုက်ခင်းအချို့၌ ငမြှောင်တောင်ပိုးကျရောက်နေသဖြင့် မီးထောင်ချောက်ထွန်း ကာကွယ်နေရ
မြင်းခြံ၊ဒီဇင်ဘာ၂၆-မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့၌ စိုက်ပျိုးထား သော အစေ့ထုတ်ပြောင်းစိုက်ခင်း များ၌ ငမြှောင်တောင်ပိုးများကျ ရောက်နေသောကြောင့် ဒီဇင်ဘာ ၂၅ရက်၊ ညနေ ၃ နာရီက မြင်းခြံ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှခရိုင်ဦး စီးမှူးဝန်ထမ်းများနှင့် တောင်သူ များပူးပေါင်း၍ စုပေါင်းမီးထောင် ချောက်ထွန်းခြင်းဖြင့် ကာကွယ်နှိမ် နင်းမှုများ ကွင်းဆင်းဆောင်ရွက် နေကြောင်း သိရသည်။
မီးထောင်ချောက်ထွန်း၍င မြှောင်တောင်ပိုးကာကွယ်နှိမ်နင်း ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်းကငမြှောင် တောင်ပိုးကျရောက်မှု ကာကွယ် နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက် ကြရေး ရှင်းလင်းဆွေးနွေးပြော ကြားပြီး မြင်းခြံမြို့နယ် သဲဖြူဝကျေး ရွာအုပ်စု၊ ကျီးပင်ကျေးရွာအနောက် ဘက်ရှိ မြစ်ကျိုးအင်းတစ်လျှောက် ၌ မီးထောင်ချောက် ၁၆၁တိုင်၊ မီး ခွက် ၃၂၂ ခွက်တို့ကို စုပေါင်း ထွန်းညှိ၍ ကာကွယ်နှိမ်နင်းခြင်း များ ဆောင်ရွက်ပေးခဲ့သည်။
""မြင်းခြံခရိုင် စိုက်ပျိုးရေးဦး စီးဌာနရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ မြင်းခြံမြို့နယ်အတွင်း အစေ့ထုတ် ပြောင်း စိုက်ပျိုးထားရှိမှုဧက ၁၂၀ဝဝ ခန့်ရှိပြီး လက်ရှိငမြှောင် တောင်ပိုးကျရောက်မှုကတော့ ကျေးရွာလေးရွာမှာ စိုက်ဧက ၉၅ ဧကရှိပါတယ်။ တစ်မြို့နယ်လုံး အနေနဲ့ဆိုရင် ၁၁၁၈ ဧကပိုးကျနေ ပါတယ်။ လက်ရှိအအနေအထား မှာ ငမြှောင်တောင်ပိုးကျရောက်မှု စုပေါင်းကာကွယ်နှိမ်နင်းမှုလုပ် ငန်း ၈၀ရာခိုင်နှုန်းခန့်ကွင်းဆင်း ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါ တယ်""ဟု မြင်းခြံခရိုင် ဦးစီးဦးစီးဌာန မှူးဦးမြင့်လင်းက ပြောကြားသည်။
အစေ့ထုတ်ပြောင်းစိုက်ခင်း ၉၅ ဧက၌ငမြှောင်တောင်ပိုးကျ ရောက်မှု ဖြစ်ပွားနေသည့်နတ် ညွှန်းကျေးရွာ၊ ဒါးကျွန်း(တ)ကျေး ရွာ၊ ဒါးကျွန်း(မ)ကျေးရွာ၊ တန် ဆောင်းကျေးရွာနှင့်ညောင်ပင် ကုန်းကျေးရွာများမှ တောင်သူ၃၅ ဦးထံသို့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ဗိုက်တာနမ်ချပ်ကူ ပိုးသတ်ဆေး ဘူးများ၊ ဩဘာကုမ္ပဏီမှ ဆိုင် ကလုန်းပိုးသတ်ဆေးနှင့် အလန်းပိုး သတ်ဆေးဘူးများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တမာပိုး သတ်ဆေးဘူးများကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
YWN
#Democracytoday
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026